သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဖေလာ္ရီဒါ အထပ္ျမင့္တိုက္ၿပိဳက်မႈအတြင္း ေသဆုံးသူ ၂ ဦးထပ္မံေတြ႕ရွိ


Search and rescue personnel remove remains on a stretcher as they work atop the rubble at the Champlain Towers South condo building, in Surfside, California, July 2, 2021.

{{Zawgyi/Unicode}}

အေမရိကန္ ျပည္ေထာင္စု ဖေလာ္ရီဒါျပည္နယ္ Surfside ၿမိဳ႕မွာ အထပ္ျမင့္လူေနတိုက္ခန္းတဲြ တစိတ္တပိုင္းၿပိဳက်ခဲ့တဲ့ အပ်က္အစီးပုံေတြထဲကေန ရွာေဖြကယ္ဆယ္ေရးေတြက ေနာက္ထပ္ အေလာင္း ၂ေလာင္းကို ဒီကေန႔ရွာေတြ႕ခဲ့ၾကၿပီး ဒါနဲ႔ဆိုရင္ ရွာေဖြေတြ႕ရွိတဲ့ အေလာင္းေပါင္းက ၂ဝ ရွိၿပီျဖစ္ပါတယ္။

ဒီကေန႔ရွာေတြတဲ့အထဲမွာ ၇ႏွစ္အရြယ္ မိန္းကေလးတဦးရဲ႕အေလာင္းပါဝင္ၿပီး အနီးအနားမွာရွိတဲ့ မိုင္ယာမီၿမိဳ႕ က မီးသတ္သမားတဦးရဲ႕ သမီးျဖစ္တယ္လို႔လည္း တာ၀န္ရွိသူေတြက ေျပာပါတယ္။

အေရးေပၚ ရွာေဖြ ကယ္ဆယ္ေရး လုပ္ငန္းေတြ လုပ္ေနခ်ိန္မွာပဲ မၾကာခင္ရက္ပိုင္းအတြင္း ဖေလာ္ရီဒါကမ္းေျခကို တိုက္ခတ္ႏိုင္ေခ်ရွိတဲ့ ဟာရီကိန္း Elsa မုန္တိုင္း အႏၲရာယ္နဲ႔လည္း ရင္ဆိုင္ေနရပါတယ္။

အထပ္ျမင့္ အဆာက္အအုံ ၿပိဳက်မႈအတြင္း လူေပါင္း ၁၂၈ ေပ်ာက္ဆုံးေနဆဲ ျဖစ္ပါတယ္။

အေမရိကန္ သမၼတဂ်ဳးိဘိုင္ဒန္ နဲ႔ ဇနီး Jill ဘိုင္ဒန္တို႔လည္း ၾကာသပေတးေန႔က ဖေလာ္ရီဒါျပည္နယ္ မိုင္ယာမီကမ္းေျခေဟာ္တယ္မွာ အဲဒီတိုက္ခန္းၿပိဳက်တဲ့အထဲမွာ ပါဝင္ၾကတဲ့သူေတြရဲ႕ မိသားစုဝင္ ၂ဝဝ နဲ႔ေတြ႕ဆုံအားေပးစကားေျပာၾကားခဲ့ပါတယ္။

အဲဒီမတိုင္ခင္ကလည္း ၿပိဳက်ခဲ့တဲ့ အေဆာက္အအုံကို သြားၾကည့္ၿပီး အိုးမဲ့အိမ္မဲ့ျဖစ္သြားသူေတြအတြက္ ယာယီေနထိုင္ဖို႔အိမ္ယာေတြစီစဥ္ေပးမွာျဖစ္ၿပီး တျခားလိုအပ္တာေတြကိုလည္း ေထာက္ပန္႔သြားမယ္လို႔ေျပာပါတယ္။

........................................................

တိုက္႐ိုက္ လင့္ခ္

{{Uncode}}

အမေရိကန် ပြည်ထောင်စု ဖလော်ရီဒါပြည်နယ် Surfside မြို့မှာ အထပ်မြင့်လူနေတိုက်ခန်းတွဲ တစိတ်တပိုင်းပြိုကျခဲ့တဲ့ အပျက်အစီးပုံတွေထဲကနေ ရှာဖွေကယ်ဆယ်ရေးတွေက နောက်ထပ် အလောင်း ၂လောင်းကို ဒီကနေ့ရှာတွေ့ခဲ့ကြပြီး ဒါနဲ့ဆိုရင် ရှာဖွေတွေ့ရှိတဲ့ အလောင်းပေါင်းက ၂ဝ ရှိပြီဖြစ်ပါတယ်။

ဒီကနေ့ရှာတွေတဲ့အထဲမှာ ၇နှစ်အရွယ် မိန်းကလေးတဦးရဲ့အလောင်းပါဝင်ပြီး အနီးအနားမှာရှိတဲ့ မိုင်ယာမီမြို့ က မီးသတ်သမားတဦးရဲ့ သမီးဖြစ်တယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။

အရေးပေါ် ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်နေချိန်မှာပဲ မကြာခင်ရက်ပိုင်းအတွင်း ဖလော်ရီဒါကမ်းခြေကို တိုက်ခတ်နိုင်ချေရှိတဲ့ ဟာရီကိန်း Elsa မုန်တိုင်း အန္တရာယ်နဲ့လည်း ရင်ဆိုင်နေရပါတယ်။

အထပ်မြင့် အဆာက်အအုံ ပြိုကျမှုအတွင်း လူပေါင်း ၁၂၈ ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။

အမေရိကန် သမ္မတဂျုးိဘိုင်ဒန် နဲ့ ဇနီး Jill ဘိုင်ဒန်တို့လည်း ကြာသပတေးနေ့က ဖလော်ရီဒါပြည်နယ် မိုင်ယာမီကမ်းခြေဟော်တယ်မှာ အဲဒီတိုက်ခန်းပြိုကျတဲ့အထဲမှာ ပါဝင်ကြတဲ့သူတွေရဲ့ မိသားစုဝင် ၂ဝဝ နဲ့တွေ့ဆုံအားပေးစကားပြောကြားခဲ့ပါတယ်။

အဲဒီမတိုင်ခင်ကလည်း ပြိုကျခဲ့တဲ့ အဆောက်အအုံကို သွားကြည့်ပြီး အိုးမဲ့အိမ်မဲ့ဖြစ်သွားသူတွေအတွက် ယာယီနေထိုင်ဖို့အိမ်ယာတွေစီစဉ်ပေးမှာဖြစ်ပြီး တခြားလိုအပ်တာတွေကိုလည်း ထောက်ပန့်သွားမယ်လို့ပြောပါတယ်။

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG