သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေမရိကန္၊ လူဝီစီယားနားျပည္နယ္ Ida မုန္တိုင္းဒဏ္ အျပင္းအထန္ခံရ


ဟာရီကိန္း Ida လူ၀ီစီယားနားျပည္နယ္ကို ၀င္ေရာက္စဥ္ (ဓာတ္ပံု - AFP)

(Zawgyi/Unicode)

အေမရိကန္အေရွ႔ေတာင္ဖက္က Louisiana ျပည္နယ္မွာ ဟာရီကိန္းမုန္တုိင္း Ida ၀င္တုိက္ခဲ့တာေၾကာင့္ လူေပါင္းသန္းခ်ိီ လ ွ်ပ္စစ္မီးနဲ႔ ေသာက္သုံးေရျပတ္လပ္ေနပါတယ္။ အလည္အပတ္လာသူေတြနဲ႔စည္ကားေနတတ္တဲ့ New Orelans ၿမိဳ ႔နဲ႔ Louisiana ျပည္နယ္ေတာင္ပိုင္းကို လ ွ်ပ္စစ္မီးအဓိကပို႔လႊတ္ေနတဲ့ လ ွ်ပ္စစ္ဓာတ္အားလုိင္း ၈ ခုစလုံး မုန္တုိင္း၀င္ေရာက္ခဲ့တဲ့တနဂၤေႏြေန႔ မွာ ပ်က္စီးသြားတာပါ။

Louisiana ကမ္းရိုးတန္းကို Ida မုန္တုိင္းက ျပင္းအားအဆင့္၄၊ တနာရီ ၁၅၀ မုိင္ႏႈန္းနဲ႔၀င္တုိက္ခဲ့တာျဖစ္ပါတယ္။ ဓာတ္အား အျပည့္အ၀ ျပန္လႊတ္ေပးႏုိင္ဖို႔ ရက္ေပါင္း ၃၀ ထိၾကာႏုိင္တယ္လို႔ ျပည္နယ္တာ၀န္ရွိသူေတြနဲ႔ စြြမ္းအင္းကုမၸဏီ Entergy ေျပာပါတယ္။ ေန႔အပူခ်ိန္ ၃၂ ဒီဂရီကေန ၃၇ ဒီဂရီ ဆဲလ္ဆီးယပ္စ္ထိ အပူခ်ိန္ျမင့္တက္မယ္ဆိုၿပီး ၾကိဳတင္ခန္႔မွန္းမႈေတြရွိေနခ်ိန္ ခုလိုေႏြရာသီကာလႀကီးမွာ ေလေအးေပးစက္ေတြ မရွိတဲ့အတြက္ လူေတြေနထုိင္မေကာင္းျဖစ္လာမွာကိုလည္း စိုးရိမ္မႈေတြရွိေနပါတယ္။

ဒီအေျခအေနေတြေၾကာင့္ စာသင္ေက်ာင္းေတြလည္း ရက္အကန္႔အသတ္မရွိပိတ္ထားသလို ကိုဗစ္လူနာေတြနဲ႔ ျပည့္ၾကပ္ေနတဲ့ ေဆး႐ုံေတြမွာလည္း အေရးေပၚ မီးစက္ေတြနဲ႔ လည္ပတ္ေနရပါတယ္။ New Orleans ၿမိဳ႔တာ၀န္ရွိသူေတြက အေရးေပၚစင္တာေတြမွာ ေလေအးေပးစက္ေတြ၊ ဖုန္းအားသြင္းႏုိင္တဲ့ေနရာေတြအျပင္ စားေသာက္စရာေတြနဲ႔ ၿမိဳ ႔ခံေတြလာၿပီး နားေနလို႔ရေအာင္ ျပင္ဆင္ေပးထားပါတယ္။

လက္ရွိမွာ အိမ္္ေျခ ၈ ေသာင္းခြဲကို လ ွ်ပ္စစ္မီးျပန္ရေနၿပီျဖစ္ၿပီး New Orleans ၿမိဳ ႔ကတခ်ိဳ႔ရပ္ကြက္ေတြကို ဒီကေန႔ညေနမွာ မီးျပန္ေပးႏုိင္ေျခရွိတယ္လို႔ Entergy ကုမၸဏီက ေျပာပါတယ္။ ေရႀကီးလို႔ အိမ္ေတြထဲမွာ ပိတ္မိေနတဲ့ ၿမိဳ႔အေတာ္မ်ားမ်ားက လူေတြကိုလည္း တာ၀န္ရွိသူေတြနဲ႔ ေစတနာ့၀န္ထမ္းေတြလုိက္ၿပီး ရွာေဖြကယ္ထုတ္ေပးေနၾကပါတယ္။ Ida မုန္တုိင္းေၾကာင့္ ေသဆုံးသူ ၄ ဦးထက္မနည္းရွိပါတယ္။

....................................................................................

တိုက္႐ိုက္ လင့္ခ္


အမေရိကန်၊ လူဝီစီယားနားပြည်နယ် Ida မုန်တိုင်းဒဏ် အပြင်းအထန်ခံရ

(Unicode)

အမေရိကန်အရှေ့တောင်ဖက်က Louisiana ပြည်နယ်မှာ ဟာရီကိန်းမုန်တိုင်း Ida ဝင်တိုက်ခဲ့တာကြောင့် လူပေါင်းသန်းချီ လ ျှပ်စစ်မီးနဲ့ သောက်သုံးရေပြတ်လပ်နေပါတယ်။ အလည်အပတ်လာသူတွေနဲ့စည်ကားနေတတ်တဲ့ New Orelans မြို့နဲ့ Louisiana ပြည်နယ်တောင်ပိုင်းကို လ ျှပ်စစ်မီးအဓိကပို့လွှတ်နေတဲ့ လ ျှပ်စစ်ဓာတ်အားလိုင်း ၈ ခုစလုံး မုန်တိုင်းဝင်ရောက်ခဲ့တဲ့တနင်္ဂနွေနေ့ မှာ ပျက်စီးသွားတာပါ။

Louisiana ကမ်းရိုးတန်းကို Ida မုန်တိုင်းက ပြင်းအားအဆင့်၄၊ တနာရီ ၁၅၀ မိုင်နှုန်းနဲ့ဝင်တိုက်ခဲ့တာဖြစ်ပါတယ်။ ဓာတ်အား အပြည့်အ၀ ပြန်လွှတ်ပေးနိုင်ဖို့ ရက်ပေါင်း ၃၀ ထိကြာနိုင်တယ်လို့ ပြည်နယ်တာဝန်ရှိသူတွေနဲ့ စွမ်းအင်းကုမ္ပဏီ Entergy ပြောပါတယ်။ နေ့အပူချိန် ၃၂ ဒီဂရီကနေ ၃၇ ဒီဂရီ ဆဲလ်ဆီးယပ်စ်ထိ အပူချိန်မြင့်တက်မယ်ဆိုပြီး ကြိုတင်ခန့်မှန်းမှုတွေရှိနေချိန် ခုလိုနွေရာသီကာလကြီးမှာ လေအေးပေးစက်တွေ မရှိတဲ့အတွက် လူတွေနေထိုင်မကောင်းဖြစ်လာမှာကိုလည်း စိုးရိမ်မှုတွေရှိနေပါတယ်။

ဒီအခြေအနေတွေကြောင့် စာသင်ကျောင်းတွေလည်း ရက်အကန့်အသတ်မရှိပိတ်ထားသလို ကိုဗစ်လူနာတွေနဲ့ ပြည့်ကြပ်နေတဲ့ ဆေးရုံတွေမှာလည်း အရေးပေါ် မီးစက်တွေနဲ့ လည်ပတ်နေရပါတယ်။ New Orleans မြို့တာဝန်ရှိသူတွေက အရေးပေါ်စင်တာတွေမှာ လေအေးပေးစက်တွေ၊ ဖုန်းအားသွင်းနိုင်တဲ့နေရာတွေအပြင် စားသောက်စရာတွေနဲ့ မြို့ခံတွေလာပြီး နားနေလို့ရအောင် ပြင်ဆင်ပေးထားပါတယ်။

လက်ရှိမှာ အိမ်ခြေ ၈ သောင်းခွဲကို လ ျှပ်စစ်မီးပြန်ရနေပြီဖြစ်ပြီး New Orleans မြို့ကတချို့ရပ်ကွက်တွေကို ဒီကနေ့ညနေမှာ မီးပြန်ပေးနိုင်ခြေရှိတယ်လို့ Entergy ကုမ္ပဏီက ပြောပါတယ်။ ရေကြီးလို့ အိမ်တွေထဲမှာ ပိတ်မိနေတဲ့ မြို့အတော်များများက လူတွေကိုလည်း တာဝန်ရှိသူတွေနဲ့ စေတနာ့ဝန်ထမ်းတွေလိုက်ပြီး ရှာဖွေကယ်ထုတ်ပေးနေကြပါတယ်။ Ida မုန်တိုင်းကြောင့် သေဆုံးသူ ၄ ဦးထက်မနည်းရှိပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG