သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်တောင်ပိုင်း ဆီးနှင်းကြောင့် အနည်းဆုံး ၇ ဦးသေ


အမေရိကန်ပြည်ထောင်စုအဝှမ်း ရာသီဥတုအခြေအနေပြမြေပုံ။
အမေရိကန်ပြည်ထောင်စုအဝှမ်း ရာသီဥတုအခြေအနေပြမြေပုံ။
အမေရိကန်နိုင်ငံ တောင်ဖက်ပိုင်းတခြမ်းမှာ အအေးလိုင်းဝင်ပြီး တခါမှ မကျဘူးတဲ့ ဆီးနှင်းနဲ့ ရေခဲမုန်တိုင်းတွေပါ ကျခဲ့တဲ့အတွက် ကျောင်းသား ကလေးငယ်တွေ ကျောင်းဆင်းပေမယ့် အိမ်မပြန်နိုင်ပဲ ကျောင်းတွေမှာ ညအိပ် ပိတ်မိနေသလို ထောင်နဲ့ချီတဲ့ ကာသမားတွေလည်း နာရီပေါင်းများစွာ အဝေးပြေးလမ်းတွေမှာ ဗုဒ္ဓဟူးနေ့က ပိတ်မိနေခဲ့ပါတယ်။

တောင်ပိုင်းပြည်နယ်တွေဖြစ်ကြတဲ့ Texas ကနေ Georgia နဲ့ Carolina ပြည်နယ်တွေအထိ တခါမှ မကြုံဘူးတဲ့ ရေခဲနဲ့ ဆီးနှင်းတွေ အင်္ဂါနေ့က ကျခဲ့တဲ့အတွက် လူပေါင်း သန်း ၆၀ လောက် အခက်တွေ့ခဲ့ကြတာ ဖြစ်ပါတယ်။

ဂျော်ဂျီယာပြည်နယ် Atlanta မြို့ဝန်းကျင်က ရေခဲပြင်လို ဖြစ်နေတဲ့ အဝေးပြေး လမ်းမတွေပေါ်မှာ ထောင်နဲ့ချီတဲ့ကားသမားတွေဟာ ၁၈ နာရီလောက်အထိ လမ်းပေါ်မှာ ပိတ်မိနေခဲ့ကြတာပါ။ Atlanta မြို့ တမြို့ထဲမှာတင် ယာဉ်တိုက်မှုပေါင်း ၈၀၀ လောက်ဖြစ်ခဲ့ပေမယ့် အသက်အန္တရာယ် စိုးရိမ်ရတဲ့ အနေအထားတော့ တခုမှ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

ကိုယ်ဆောင်အမျိုးသမီးတဦးလဲ အဲဒီ Atlanta မြို့အနီးက အဝေးပြေးလမ်းမပေါ်မှာပဲ တာဝန်ကျ ရဲအရာရှိက အချိန်မှီရောက်လာတဲ့အတွက် သူ့အကူအညီနဲ့ ကလေးမွေးလိုက်ရပါတယ်။

ဆိုးရွားတဲ့ ရာသီဥတုကြောင့် ဂျော်ဂျီယာပြည်နယ်မှာ ၂ ဦးနဲ့ Alabama ပြည်နယ်မှာ အနည်းဆုံး ၅ ယောက်လောက် သေဆုံးခဲ့ရပါတယ်။
XS
SM
MD
LG