(Zawgyi / Unicode)
အေမရိကန္ျပည္ေထာင္စု အေရွ႕ေတာင္ဘက္ပိုင္းမွာ ျပင္းထန္တဲ့ ေဆာင္းရာသီမုန္တိုင္းေၾကာင့္ လွ်ပ္စစ္ဓာတ္အားေတြ ျပတ္ေတာက္ၿပီး သစ္ပင္ေတြ၊ ၿခံစည္း႐ုံးေတြ က်ိဳးက်ခဲ့သလို လမ္းေတြေပၚမွာလည္း ေရခဲျပင္လိုမ်ဳိး ေအးခဲဖံုးလႊမ္းေနၿပီး လူေတြကို ဒုကၡေရာက္ေစခဲ့ပါတယ္။
ေဂ်ာ္ဂ်ီယာ၊ ေျမာက္ကယ္႐ုိလိုင္းနား၊ ေတာင္ကယ္႐ိုလိုင္းနားနဲ႔ ဖေလာ္ရီဒါျပည္နယ္ေတြမွာ လူေပါင္း ေသာင္းနဲ႔ခ်ီ လွ်ပ္စစ္မီးသံုးမရ ပါဝါေတြ ျပတ္ေတာက္ခဲ့တာပါ။
အေမရိကန္ မိုးေလဝသဌာန မုန္တိုင္းခန္႔မွန္းေရးစင္တာ အဆိုအရ ကယ္႐ုိလိုင္းနား၊ ေဂ်ာ္ဂ်ီယာ၊ တန္နက္ဆီနဲ႔ ဗာဂ်ီးနီးယားျပည္နယ္ေတြက တခ်ဳိ႕ေနရာေတြမွာ တနာရီကို ႏွင္းတလက္မေက်ာ္ႏႈန္း က်ဆင္းခဲ့ပါတယ္။ မုန္တိုင္းေၾကာင့္ ေတာင္ပိုင္းေဒသတခ်ဳိ႕မွာ ေလေၾကာင္းခရီးသြားလာဖို႔ အလြန္ခက္ခဲေစခဲ့ပါတယ္။
တနဂၤေႏြေႏွာင္းပိုင္းမွာ ရာသီဥတုအေျခအေန ဆက္လက္ဆိုးရြားလာဖြယ္ရွိၿပီး ဝါရွင္တန္ဒီစီဧရိယာတဝုိက္ ေလဆိပ္ေတြမွာ ေလယာဥ္ေတြ ရပ္နားထားဖို႔ရွိေၾကာင္း ဖက္ဒရယ္ေလေၾကာင္းထိန္းသိမ္းမႈ အုပ္ခ်ဳပ္ေရးဌာနက ေျပာၾကားခဲ့ပါတယ္။
အေမရိကန္ျပည္ေထာင္စုမွာ ႏွင္းမုန္တိုင္း အဆိုးရြားဆံုးခံရတဲ့ Charlotte Douglas ႏိုင္ငံတကာေလဆိပ္ကေတာ့ တနဂၤေႏြမနက္ အေစာပိုင္းအခ်ိန္ထိ ဖြင့္ထားဆဲျဖစ္ေပမယ့္ ေလယာဥ္ခရီးစဥ္ေပါင္း ၁,၀၀၀ ေက်ာ္ ဖ်က္သိမ္းခဲ့ရတယ္လို႔ ေလဆိပ္သတင္းစာရွင္းလင္းပဲြမွာ တာဝန္ရွိသူေတြက ေျပာပါတယ္။
ျပင္းထန္ဖို႔ရွိေနတဲ့ ႏွင္းေရခဲမုန္တိုင္းဟာ Charlotte ၿမိဳ႕ဧရိယာ အပါအဝင္ ကယ္႐ိုလိုင္းနားအလယ္ပိုင္းရဲ႕ အစိတ္အပိုင္းေတြကို ျဖတ္ၿပီး တိုက္ခတ္ဖို႔ရွိေၾကာင္း အေမရိကန္ မိုးေလဝသဌာနက သိပၸံပညာရွင္ ဖရန႔္ပီရီရာက ခန္႔မွန္းထားပါတယ္။
---------------------
(Unicode)
ကန် အရှေ့တောင်ပိုင်း ဆောင်းတွင်းမုန်တိုင်း ကြမ်း
အမေရိကန်ပြည်ထောင်စု အရှေ့တောင်ဘက်ပိုင်းမှာ ပြင်းထန်တဲ့ ဆောင်းရာသီမုန်တိုင်းကြောင့် လျှပ်စစ်ဓာတ်အားတွေ ပြတ်တောက်ပြီး သစ်ပင်တွေ၊ ခြံစည်းရုံးတွေ ကျိုးကျခဲ့သလို လမ်းတွေပေါ်မှာလည်း ရေခဲပြင်လိုမျိုး အေးခဲဖုံးလွှမ်းနေပြီး လူတွေကို ဒုက္ခရောက်စေခဲ့ပါတယ်။
ဂျော်ဂျီယာ၊ မြောက်ကယ်ရိုလိုင်းနား၊ တောင်ကယ်ရိုလိုင်းနားနဲ့ ဖလော်ရီဒါပြည်နယ်တွေမှာ လူပေါင်း သောင်းနဲ့ချီ လျှပ်စစ်မီးသုံးမရ ပါဝါတွေ ပြတ်တောက်ခဲ့တာပါ။
အမေရိကန် မိုးလေဝသဌာန မုန်တိုင်းခန့်မှန်းရေးစင်တာ အဆိုအရ ကယ်ရိုလိုင်းနား၊ ဂျော်ဂျီယာ၊ တန်နက်ဆီနဲ့ ဗာဂျီးနီးယားပြည်နယ်တွေက တချို့နေရာတွေမှာ တနာရီကို နှင်းတလက်မကျော်နှုန်း ကျဆင်းခဲ့ပါတယ်။ မုန်တိုင်းကြောင့် တောင်ပိုင်းဒေသတချို့မှာ လေကြောင်းခရီးသွားလာဖို့ အလွန်ခက်ခဲစေခဲ့ပါတယ်။
တနင်္ဂနွေနှောင်းပိုင်းမှာ ရာသီဥတုအခြေအနေ ဆက်လက်ဆိုးရွားလာဖွယ်ရှိပြီး ဝါရှင်တန်ဒီစီဧရိယာတဝိုက် လေဆိပ်တွေမှာ လေယာဉ်တွေ ရပ်နားထားဖို့ရှိကြောင်း ဖက်ဒရယ်လေကြောင်းထိန်းသိမ်းမှု အုပ်ချုပ်ရေးဌာနက ပြောကြားခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ နှင်းမုန်တိုင်း အဆိုးရွားဆုံးခံရတဲ့ Charlotte Douglas နိုင်ငံတကာလေဆိပ်ကတော့ တနင်္ဂနွေမနက် အစောပိုင်းအချိန်ထိ ဖွင့်ထားဆဲဖြစ်ပေမယ့် လေယာဉ်ခရီးစဉ်ပေါင်း ၁,၀၀၀ ကျော် ဖျက်သိမ်းခဲ့ရတယ်လို့ လေဆိပ်သတင်းစာရှင်းလင်းပွဲမှာ တာဝန်ရှိသူတွေက ပြောပါတယ်။
ပြင်းထန်ဖို့ရှိနေတဲ့ နှင်းရေခဲမုန်တိုင်းဟာ Charlotte မြို့ဧရိယာ အပါအဝင် ကယ်ရိုလိုင်းနားအလယ်ပိုင်းရဲ့ အစိတ်အပိုင်းတွေကို ဖြတ်ပြီး တိုက်ခတ်ဖို့ရှိကြောင်း အမေရိကန် မိုးလေဝသဌာနက သိပ္ပံပညာရှင် ဖရန့်ပီရီရာက ခန့်မှန်းထားပါတယ်။