သုံးရလွယ်ကူစေသည့် Link များ

site logo site logo
 
အစိုးရဝန်ထမ်းအင်အားလျှော့ချရေး ဝန်ကြီးဌာနတွေပူးပေါင်းဖို့ သမ္မတထရမ့် အမိန့်ထုတ် 
နောက်ဆုံးရသတင်း

အစိုးရဝန်ထမ်းအင်အားလျှော့ချရေး ဝန်ကြီးဌာနတွေပူးပေါင်းဖို့ သမ္မတထရမ့် အမိန့်ထုတ် 


သမ္မတအိမ်တော် ဘဲဥပုံရုံးခန်းမှာ ဘီလျံနာသူဋ္ဌေး Elon Musk က သမ္မတ Donald Trump စကားပြောနေတာကို နားထောင်နေစဥ်။ (ဖေဖော်ဝါရီ ၁၁၊ ၂၀၂၅)
သမ္မတအိမ်တော် ဘဲဥပုံရုံးခန်းမှာ ဘီလျံနာသူဋ္ဌေး Elon Musk က သမ္မတ Donald Trump စကားပြောနေတာကို နားထောင်နေစဥ်။ (ဖေဖော်ဝါရီ ၁၁၊ ၂၀၂၅)

အမေရိကန်အစိုးရဝန်ထမ်းအင်အားလျှော့ချဖို့ တာဝန်ပေးခံထားရတဲ့ ထိပ်တန်းအကြံပေး ဘီလျံနာ Elon Musk ဦးဆောင်တဲ့ အစိုးရလုပ်ငန်းတွေ မြန်ဆန်ထိရောက်ရေးဌာန DOGE နဲ့ ပူးပေါင်း လုပ်ဆောင်ဖို့ အမေရိကန်အစိုးရဝန်ကြီးဌာနတွေကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အင်္ဂါနေ့မှာ အမိန့်ပေးလိုက်ပါတယ်။​ သမ္မတအမိန့်လက်မှတ်မရေးထိုးခင် Musk နဲ့ထရမ့်အတူ အိမ်ဖြူတော်သမ္မတ ရုံးခန်းမှာ သတင်းစာရှင်းလင်းပွဲလုပ်ပြီး သတင်းထောက်တွေရဲ့ မေးခွန်းတွေကို ဖြေကြားရာမှာ Elon Musk က အစိုးရဝန်ကြီးဌာနအကြီးအကဲတွေနဲ့ အတူပူးတွဲလုပ်ဆောင်နေကြောင်း အခုလို ပြောခဲ့ပါတယ်။

“အားလုံးသိတဲ့အတိုင်း ကျနော်တို့ဝန်ကြီးဌာနအကြီးအကဲတွေနဲ့ အနီးကပ် အလုပ်လုပ်နေပါတယ်။ ဒါကြောင့် ထိန်းညှိတဲ့လုပ်ငန်းစဉ်မျိုးက ရှိပြီးသားပါ။ ကျနော်တို့ကဝင်သွားပြီး လုပ်ချင်တာလုပ်နေတာ မဟုတ်ပါဘူး။ ဝန်ကြီးဌာနအကြီးအကဲတွေနဲ့ ပူးပေါင်းလုပ်နေတာပါ” လို့ ကမ္ဘာ့အချမ်းသာဆုံး ဘီလျံနာ သူဌေးကြီး Elon Musk က သူ့ရဲ့ လုပ်ဆောင်မှုတွေ နဲ့ပတ်သက်လို့ ကာကွယ်ပြောဆိုသွားတာပါ။

Musk ဟာ အရွေးကောက်ခံထားရသူတယောက်မဟုတ်ဘဲ အမေရိကန်သမ္မတ ထရမ့်အမိန့်နဲ့ အစိုးရ ဌာနတွေကိုဖျက်သိမ်းဖို့ တာဝန်ယူထားရတာပါ။​ ဝန်ကြီးဌာနတွေအနေနဲ့ Musk ရဲ့ DOGE ဌာနက ဝန်ထမ်းတွေနဲ့ပူးပေါင်းပြီး ဘယ်ဝန်ထမ်းတွေကို လျှော့ချနိုင်သလဲ​ဆိုတာ သတ်မှတ်ဖို့နဲ့ မလိုတဲ့ ဌာနလုပ်ငန်းတွေကို လုံးဝဖျက်သိမ်းဖို့ သမ္မတထရမ့်ရဲ့အမိန့်ထဲမှာ ဖော်ပြထားတာပါ။ ဒါပေမဲ့လည်း Musk ဦးဆောင်တဲ့ အစိုးရလုပ်ငန်းများမြန်ဆန်ထိရောက်ရေးဌာန DOGE အနေနဲ့ ဘယ်သူတွေကို အလုပ်ခန့်ထားသလဲ၊ ဘယ်မှာ လုပ်ဆောင်နေသလဲဆိုတာနဲ့ ဝန်ကြီးဌာနတွေအတွင်း ဘာတွေ လုပ်ဆောင်နေသလဲဆိုတာ ကြေညာထားတာမရှိဘဲ DOGE က လုပ်ဆောင်ခဲ့တာကြောင့် ငွေကြေးဘယ်လောက်သက်သာသွားပြီဆိုတဲ့ ရလဒ် ပမာဏတချို့ကိုပဲ​ဖော်ပြပြီး အသေးစိတ်အကြောင်းအရာတွေကို မသိရပါဘူး။

သမ္မတ ထရမ့်ရဲ့အမိန့်ထဲမှာ လက်ရှိ ဝန်ထမ်းခန့်ထားရေးရပ်တန့်မှု ယာယီသတ်မှတ်ချိန် ကုန်ဆုံးသွား တဲ့အခါ အစိုးရဝန်ကြီးဌာနတွေအနေနဲ့ ဝန်ထမ်းတယောက်ထပ်ခန့်မယ်ဆိုရင် လေးယောက်ထွက်မှ ခန့်ခွင့်ရှိတဲ့အကြောင်း ဖော်ပြထားပါတယ်။ ဒါပေမဲ့ နိုင်ငံတော်လုံခြုံရေး၊ အများပြည်သူလုံခြုံရေးနဲ့ တရားဥပဒေထိန်းသိမ်းရေးနဲ့ လူဝင်မှုကြီးကြပ်ဝန်ထမ်းတွေ လျှော့ချမယ့်ကိစ္စကိုတော့ ခြွင်းချက်ပေး ထားပါတယ်။

သမ္မတ ထရမ့်အနေနဲ့ အမေရိကန်အစိုးရဝန်ထမ်းတွေ ဆန္ဒအလျှောက်နုတ်ထွက်ဖို့ လစာနဲ့ ၈ လတာ ဆိုင်းငံ့နုတ်ထွက်ခွင့်နဲ့ ကမ်းလှမ်းထားတဲ့တချိန်တည်းမှာပဲ အခုလို အစိုးရဝန်ထမ်းအများအပြား လျှော့ချဖို့ လုပ်ဆောင်လာတာပါ။ ဒီဆန္ဒအလျောက်နုတ်ထွက်ဖို့ သမ္မတရဲ့ ကမ်းလှမ်းချက်ကိုတော့ ဖယ်ဒရယ်တရားသူကြီးတဦးက တားမြစ်ထားပါတယ်ခင်ဗျာ။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG