သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် အစိုးရဝန်ထမ်းတွေကို လစာကြိုယူပြီး အလုပ်ထွက်ဖို့ ကမ်းလှမ်း


အစိုးရဝန်ထမ်းတွေ စက်တင်ဘာလကုန်နောက်ဆုံးထားပြီး အထူးခံစားခွင့်နဲ့အလုပ်ကထွက်ချင်ထွက်ဖို့ ကမ်းလှမ်းချက် ထုတ်ပြန်လိုက်တဲ့ အစိုးရသစ်ရဲ့သမ္မတ ဒေါ်နယ်ထရမ့်
အစိုးရဝန်ထမ်းတွေ စက်တင်ဘာလကုန်နောက်ဆုံးထားပြီး အထူးခံစားခွင့်နဲ့အလုပ်ကထွက်ချင်ထွက်ဖို့ ကမ်းလှမ်းချက် ထုတ်ပြန်လိုက်တဲ့ အစိုးရသစ်ရဲ့သမ္မတ ဒေါ်နယ်ထရမ့်

အမေရိကန်အစိုးရဝန်ထမ်းတွေ စက်တင်ဘာလနောက်ဆုံးထားပြီး အထူးခံစားခွင့်နဲ့ အလုပ်ကနေ ထွက်ချင်ရင်ထွက်ကြဖို့ကမ်းလှမ်းတဲ့ ညွှန်ကြားချက်တရပ် သမ္မတ Donald Trump အစိုးရက ထုတ်ပြန်လိုက်ပါတယ်။

ပြည်ထောင်စုအစိုးရရဲ့ အသုံးစရိတ်ချွေတာမယ့် အစီအစဉ်တစိတ်တပိုင်းအဖြစ် (၈) လစာ လစာပေးပြီး အစိုးရဝန်ထမ်းအရေအတွက်လျှော့ချဖို့ ရည်ရွယ်ချက်နဲ့ ညွှန်ကြားခဲ့တာပါ။ အစိုးရဝန်ထမ်း ၂ သန်း လောက်အတွက်ပေးပို့တဲ့အီးမေးထဲမှာတော့ အလုပ်ထွက်ချင်တဲ့ဝန်ထမ်းတွေအနေနဲ့ အစိုးရဘဏ္ဍာနှစ် သက်တမ်းကုန်ဆုံးမယ့် စက်တင်ဘာလ ၃၀ ရက်နေ့အထိ လစာရရှိမှာဖြစ်ပြီး ဒီကြားထဲမှာ အလုပ်တွေကို လျှော့တာ၊ ဒါမှမဟုတ် လုံးဝရပ်လိုက်လို့ရတယ်လို့လည်း ဖော်ပြထားပါတယ်။

အလုပ်ထွက်မယ့် ဝန်ထမ်းတွေအနေနဲ့ အချိန်ပြည့်ရုံးပြန်တက်ဖို့ သမ္မတ Trump အမိန့်နဲ့ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ထုတ်ပြန်ထားတာကို လိုက်နာစရာမလိုပါဘူး။

အလုပ်ထွက်မယ်၊ မထွက်ဘူးဆိုတာကို ဖေဖော်ဝါရီလ ၆ ရက်နေ့ နောက်ဆုံးထား အကြောင်းပြန်ကြဖို့ ညွန်ကြားထားပြီး ထွက်ဖို့ဆုံးဖြတ်ရင် အစိုးရကပို့ပေးတဲ့အီးမေးမှာ “နုတ်ထွက်ကြောင်း” ဆိုတဲ့ စာတလုံးပဲ ရေးပေးစရာလိုမယ်လို့ ညွှန်ကြားထားပါတယ်။

ဂါဇာအပစ်ရပ် ငြိမ်းချမ်းရေးကို ဦးတည်မလား
please wait

No media source currently available

0:00 0:11:00 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG