သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်အစိုးရသစ် ကာကွယ်ရေးဝန်ကြီးအဆိုပြုခံရသူကို လွှတ်တော်ကြားနာ


ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့် ရဲ့ အဆိုပြု ကာကွယ်ရေး ဝန်ကြီး မစ္စတာ ပိ ဟဂ်ဆက် ကိုလွှတ်တော်ကြားနာပွဲမှာတွေ့ရစဉ် (ဇန်နဝါရီ ၁၄၊ ၂၀၂၅)
ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့် ရဲ့ အဆိုပြု ကာကွယ်ရေး ဝန်ကြီး မစ္စတာ ပိ ဟဂ်ဆက် ကိုလွှတ်တော်ကြားနာပွဲမှာတွေ့ရစဉ် (ဇန်နဝါရီ ၁၄၊ ၂၀၂၅)

အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနမှာ စစ်သည်တော် ယဥ်ကျေးမှု ထွန်းကားစေရမယ်လို့ ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့် ရဲ့ အဆိုပြု ကာကွယ်ရေး ဝန်ကြီး က အင်္ဂါနေ့မှာ ပြောလိုက်ပါတယ်။ အစိုးရ အဖွဲ့ဝင်အဖြစ် ခန့်ထားတဲ့အခါ အထက် လွှတ်တော် သဘောတူညီချက် လိုအပ်တဲ့အတွက် လက်နက်ကိုင် တပ်ဖွဲ့များ ဆိုင်ရာ ကော်မတီဝင် အမတ်တွေက မေးမြန်းသမျှကို မစ္စတာ ပိ ဟဂ်ဆက် က သွားရောက် ဖြေကြားရာမှာ အခုလို ပြောလိုက်တာပါ။

လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ရှိတယ်၊ အရက် အလွန်အကျွံ သောက်တယ် အမျိုးသမီးတွေနဲ့ လူနည်းစုတွေအပေါ် လှောင်ပြောင်လိုတဲ့ သဘောထားရှိတယ် ဆိုတဲ့ စွပ်စွဲချက်တွေရှိပေမဲ့ အဲဒီအကြောင်းတွေကို မဖြေရှင်းဘဲ ပြည်စောင့်တပ် အတွေ့အကြုံတွေကိုပဲ သူက အဓိက ထားပြောသွားခဲ့ပါတယ်။ ဖိနပ်ပေါ်မှာ မြေမှုန် တင်နေဆဲ သူတယောက်ကို တာဝန်ပေးဖို့ အချိန်ဖြစ်ပါတယ် ဆိုတဲ့စကားနဲ့ ကြားနာပွဲမှာ သူက စတင်ပြောပါတယ်။ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ဒါတွေက သူ့အပေါ် သိက္ခာချ မဟုတ်တမ်း စကားတွေ ဖြစ်တယ်လို့ တုံ့ပြန်သွားပါတယ်။

မစ္စတာ ဟဂ်ဆက် ကို ရွေးချယ်တာ ဟာ အစဥ်အလာ မဟုတ်တဲ့ ရွေးချယ်မှု အဖြစ် ကော်မီတီ ဥက္ကဋ္ဌ ရီပါဘလီကန် အမတ်က ဆိုသလို၊ မစ္စတာ ဟဂ်ဆက်အပေါ် စွပ်စွဲထားချက်တွေ ဟာ ထိတ်လန့်စရာ စွပ်စွဲချက်တွေ ဖြစ်တယ်လို့ ထိပ်တန်း ဒီမိုကရက်အမတ်ကတော့ ပြောပါတယ်။ အသက် ၄၄ နှစ်အရွယ် မစ္စတာ ဟဂ်ဆက် ဟာ အီရတ်နဲ့ အာဖဂန်နစ္စတန် စစ်ပြန်တဦး ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG