သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အေမရိကန္-အာဆီယံ ထိပ္သီး မတ္လ ၂၈-၂၉ စည္းေဝးမည္


အေမရိကန္-အာဆီယံ အြန္လိုင္းထိပ္သီးေဆြးေႏြးပြဲ။ (ေအာက္တိုဘာ ၂၆၊ ၂၀၂၁)

[[Zawgyi/Unicode]]

အေမရိကန္-အာဆီယံ ထိပ္သီးေဆြးေႏြးပြဲကို လာမယ့္မတ္လ ၂၈ ရက္နဲ႔ ၂၉ ရက္ေန႔ေတြမွာ ဝါရွင္တန္ဒီစီမွာ ျပဳလုပ္မယ္လို႔ အေမရိကန္သမၼတအိမ္ျဖဴေတာ္က ထုတ္ျပန္ပါတယ္။

ဒီအစည္းအေဝးဟာ အေမရိကန္-အာဆီယံဆက္ဆံေရး ၄၅ ႏွစ္ျပည့္ေျမာက္တဲ့အထိမ္းအမွတ္ျဖစ္သလို အေမရိကန္ျပည္ေထာင္စုအေနနဲ႔ အာဆီယံေဒသနဲ႔ဆက္ဆံေရးကိုအေလးထားၿပီး ေဒသတြင္းစိန္ေခၚအကဲစမ္းခ်က္ေတြကိုအေျဖထုတ္ႏိုင္ဖို႔ အာဆီယံရဲ႕အေရးပါမႈကို အသိအမွတ္ျပဳတာျဖစ္တယ္လို႔လည္း အိမ္ျဖဴေတာ္ေျပာခြင့္ရ Jan Psaki က ထုတ္ျပန္ပါတယ္။

အာဆီယံအဖြဲ႕ဝင္တႏိုင္ငံျဖစ္တဲ့ ျမန္မာႏိုင္ငံကို ပါဝင္ခြင့္ျပဳမျပဳကိစၥကိုေတာ့ ဒီထုတ္ျပန္ခ်က္ မွာ မေဖာ္ျပပါဘူး။ ဒါေပမယ့္လည္း အာဆီယံေဒသအဆင့္ျမင့္အစည္းအေဝးေတြမွာ ျမန္မာႏိုင္ငံပါဝင္မႈကိုကန႔္သတ္ၿပီး ႏိုင္ငံေရးအရမဟုတ္သူကိုပဲ ဖိတ္ဖို႔ အာဆီယံက ၂၀၂၁ ခုႏွစ္ေအာက္တိုဘာလ ဆုံးျဖတ္ခ်က္အေပၚမွာ အေမရိကန္ျပည္ေထာင္စုက ေထာက္ခံေၾကာင္း အရင္က ေျပာထားဖူးပါတယ္။ ျမန္မာႏိုင္ငံနဲ႔ပတ္သက္လို႔ အာဆီယံဘုံသေဘာတူညီခ်က္ ၅ခ်က္ကို ျမန္မာဘက္က လိုက္နာေဆာင္႐ြက္ဖို႔ ပ်က္ကြက္တာေၾကာင့္ အာဆီယံဘက္က အခုလို ဆုံးျဖတ္ထားတာပါ။

ၿပီးခဲ့တဲ့ အာဆီယံအဆင့္ျမင့္အစည္းအေဝးေတြမွာလည္း ျမန္မာႏိုင္ငံကိုယ္စားျပဳမႈကို ကန႔္သတ္ထားခဲ့ပါတယ္။ အေမရိကန္ျပည္ေထာင္စုအေနနဲ႔ ျမန္မာႏိုင္ငံမွာ မႏွစ္က စစ္အာဏာသိမ္းမႈကိုကန႔္ကြက္ထားသလို ဒီမိုကေရစီျပန္ေဖာ္ေဆာင္ဖို႔ကိုလည္း တိုက္တြန္းထားပါတယ္။

#USASEAN #MyanmarASEAN #VOABurmese
#အေမရိကန္ #အာဆီယံ #ထိပ္သီးစည္းေဝးပြဲ #စစ္အာဏာသိမ္းမႈ #ဗြီအိုေအ
===============

[[Unicode]]

အမေရိကန်-အာဆီယံ ထိပ်သီး မတ်လ ၂၈-၂၉ စည်းဝေးမည်

အမေရိကန်-အာဆီယံ ထိပ်သီးဆွေးနွေးပွဲကို လာမယ့်မတ်လ ၂၈ ရက်နဲ့ ၂၉ ရက်နေ့တွေမှာ ဝါရှင်တန်ဒီစီမှာ ပြုလုပ်မယ်လို့ အမေရိကန်သမ္မတအိမ်ဖြူတော်က ထုတ်ပြန်ပါတယ်။

ဒီအစည်းအဝေးဟာ အမေရိကန်-အာဆီယံဆက်ဆံရေး ၄၅ နှစ်ပြည့်မြောက်တဲ့အထိမ်းအမှတ်ဖြစ်သလို အမေရိကန်ပြည်ထောင်စုအနေနဲ့ အာဆီယံဒေသနဲ့ဆက်ဆံရေးကိုအလေးထားပြီး ဒေသတွင်းစိန်ခေါ်အကဲစမ်းချက်တွေကိုအဖြေထုတ်နိုင်ဖို့ အာဆီယံရဲ့အရေးပါမှုကို အသိအမှတ်ပြုတာဖြစ်တယ်လို့လည်း အိမ်ဖြူတော်ပြောခွင့်ရ Jan Psaki က ထုတ်ပြန်ပါတယ်။

အာဆီယံအဖွဲ့ဝင်တနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံကို ပါဝင်ခွင့်ပြုမပြုကိစ္စကိုတော့ ဒီထုတ်ပြန်ချက် မှာ မဖော်ပြပါဘူး။ ဒါပေမယ့်လည်း အာဆီယံဒေသအဆင့်မြင့်အစည်းအဝေးတွေမှာ မြန်မာနိုင်ငံပါဝင်မှုကိုကန့်သတ်ပြီး နိုင်ငံရေးအရမဟုတ်သူကိုပဲ ဖိတ်ဖို့ အာဆီယံက ၂၀၂၁ ခုနှစ်အောက်တိုဘာလ ဆုံးဖြတ်ချက်အပေါ်မှာ အမေရိကန်ပြည်ထောင်စုက ထောက်ခံကြောင်း အရင်က ပြောထားဖူးပါတယ်။ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အာဆီယံဘုံသဘောတူညီချက် ၅ချက်ကို မြန်မာဘက်က လိုက်နာဆောင်ရွက်ဖို့ ပျက်ကွက်တာကြောင့် အာဆီယံဘက်က အခုလို ဆုံးဖြတ်ထားတာပါ။

ပြီးခဲ့တဲ့ အာဆီယံအဆင့်မြင့်အစည်းအဝေးတွေမှာလည်း မြန်မာနိုင်ငံကိုယ်စားပြုမှုကို ကန့်သတ်ထားခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံမှာ မနှစ်က စစ်အာဏာသိမ်းမှုကိုကန့်ကွက်ထားသလို ဒီမိုကရေစီပြန်ဖော်ဆောင်ဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

#USASEAN #MyanmarASEAN #VOABurmese
#အမေရိကန် #အာဆီယံ #ထိပ်သီးစည်းဝေးပွဲ #စစ်အာဏာသိမ်းမှု #ဗွီအိုအေ
===============

XS
SM
MD
LG