[[Zawgyi/Unicode]]
ကေမာၻဒီးယားႏိုင္ငံ ဖႏြမ္းပင္ၿမိဳ႕မွာ ျပဳလုပ္ေနတဲ့ အာဆီယံ ႏိုင္ငံျခားေရးဝန္ႀကီးမ်ား အစည္းအေဝးကို တက္ေရာက္လာတဲ့ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Antonly Blinken ဟာ အာဆီယံ အလွည့္က်ဥကၠ႒ ကေမာၻဒီးယားႏိုင္ငံ ဝန္ႀကီးခ်ဳပ္ Hun Sen နဲ႔ သီးျခားစီေတြ႕ဆုံခဲ့သလို တက္ေရာက္လာတဲ့ ေဒသတြင္းႏိုင္ငံျခားေရးဝန္ႀကီးေတြနဲ႔လည္း အစည္းအေဝးအျပင္ပန္းမွာ တဦးခ်င္းေတြ႔ဆုံပါတယ္။
ဝန္ႀကီး Blinken ဟာ ဖႏြမ္းပင္ကိုေရာက္ေနတဲ့ EU ဥေရာပ သမဂၢ ႏိုင္ငံျခားေရး မူဝါဒဆိုင္ရာ အႀကီးအကဲ Josep Borrell နဲ႔လည္း ေတြ႕ဆုံၿပီး ထိုင္ဝမ္ေရလက္ၾကား တ႐ုတ္ရဲ႕ စစ္ေရးေလ့က်င့္မႈ၊ ယူကရိန္းအေပၚ ႐ုရွားက်ဴးေက်ာ္မႈနဲ႔ ျမန္မာႏိုင္ငံကိစၥေတြကိုထည့္သြင္းေဆြးေႏြးခဲ့ၾကပါတယ္။
"ၿပီးခဲ့တဲ့ ရက္ပိုင္းအတြင္း ျမန္မာႏိုင္ငံမွာ ဒီမိုကေရစီေရး လႈပ္ရွားသူေတြကို ထိတ္လန႔္ဖြယ္ရာ သတ္ျဖတ္ကြပ္မ်က္မႈနဲ႔အတူ ဆိုး႐ြားေနတဲ့ ျပည္တြင္းအေျခအေနေတြ အပါအဝင္ ဒီေဒသတြင္းမွာ ျပႆနာေတြ အမ်ားႀကီးပါ။ ဒါေပမယ့္လည္း အာဆီယံေဒသတြင္း ျပည္သူေတြ ရင္ဆိုင္ေနရတဲ့ စိန္ေခၚမႈေတြကို ကိုင္တြယ္ေျဖရွင္းႏိုင္ေရးအတြက္၊ အာဆီယံနဲ႔ေရာ အဖြဲ႕ဝင္ႏိုင္ငံခ်င္းအလိုက္ပါ အေရးတႀကီးခိုင္မာတဲ့ အစီအစဥ္ေတြမွာ အတူပူးေပါင္းေဆာင္႐ြက္ေရး အေမရိကန္နဲ႔ ဥေရာပသမဂၢက သံဓိဌာန္အခိုင္အမာခ်ထားပါတယ္။"
အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး အာဆီယံႏိုင္ငံျခားေရးဝန္ႀကီးေတြနဲ႔ တစုတစည္းတည္း အစည္းအေဝးတရပ္ကိုလည္း ျပဳလုပ္ခဲ့ပါတယ္။
ကေမာၻဒီးယားကိုေရာက္ရွိေနတဲ့ ၾသစေၾတးလ်ႏိုင္ငံျခားေရးဝန္ႀကီး Penny Wong ကလည္း အာဆီယံႏိုင္ငံျခားေရးဝန္ႀကီးေတြနဲ႔ ဒီကေန႔ေတြ႕ဆုံပြဲမွာ အဖြင့္မိန႔္ခြန္းေျပာၾကားခ်ိန္မွာ ျမန္မာစစ္ေကာင္စီက ဒီမိုကေရစီေရးလႈပ္ရွားသူေတြကို ကြပ္မ်က္ခဲ့တဲ့အေပၚမွာ အလြန္ပဲ စိတ္ပ်က္၊ စိတ္အေႏွာင့္အယွက္ျဖစ္ရတယ္လို႔ ေျပာဆိုသြားပါတယ္။ ဒါ့အျပင္ အာဆီယံ ဘုံသေဘာတူညီခ်က္ ငါးခ်က္ကို အေကာင္အထည္ေဖၚေဆာင္႐ြက္ႏိုင္ျခင္းမရွိတဲ့အေပၚမွာလည္း အာဆီယံအဖြဲ႔ဝင္ႏိုင္ငံေတြလိုပဲ စိတ္ ပ်က္မိေၾကာင္း သူက ေျပာသြားပါတယ္။
ျမန္မာႏိုင္ငံအတြင္း ႏိုင္ငံေရး အၾကပ္အတည္းနဲ႔ လူ႔အခြင့္အေရး အေျခအေန တိုးတက္မႈ မရွိတဲ့အတြက္ဆိုၿပီး ႏိုင္ငံေရးအရ ကိုယ္စားမျပဳတဲ့သူကိုပဲ ဖိတ္ၾကားဖို႔ အာဆီယံက ဆုံးျဖတ္ထားပါတယ္။ ျမန္မာႏိုင္ငံဘက္ကေတာ့ ဒါဟာ အဖြဲ႔ဝင္ႏိုင္ ငံေတြၾကား ခြဲျခားဆက္ဆံမႈျဖစ္တယ္ဆိုၿပီး ကန႔္ကြက္ထားသလို အစည္းအေဝးမွာ ပါဝင္တက္ေရာက္ျခင္း မရွိပါဘူး။ ကိုဗစ္ကပ္ေရာဂါနဲ႔ တိုင္းျပည္မွာ မတည္ၿငိမ္မႈေတြေၾကာင့္ ျမန္မာ့အေရး အာဆီယံရဲ႕ ဘုံသေဘာတူညီခ်က္ေတြကို အေကာင္ အထည္ေဖာ္ဖို႔ အခက္အခဲ ရွိေနေၾကာင္း စစ္ေကာင္စီက ေျပာဆိုထားပါတယ္။ ျမန္မာႏိုင္ငံ့အေရး တိုးတက္ေအာင္ ေျဖရွင္းဖို႔ အာဆီယံရဲ႕ ႀကိဳးပမ္းမႈေတြ ေရွ႕ မတိုးႏိုင္တဲ့ အေနအထားအေပၚမွာေတာ့ အဖြဲ႕ဝင္ႏိုင္ငံေတြအၾကား စိတ္ပ်က္ေျပာဆိုတာေတြရွိေနပါတယ္။
==============
[[Unicode]]
ကန်နိုင်ငံခြားရေးဝန်ကြီး အာဆီယံနဲ့စည်းဝေး
ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာ ပြုလုပ်နေတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို တက်ရောက်လာတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antonly Blinken ဟာ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် Hun Sen နဲ့ သီးခြားစီတွေ့ဆုံခဲ့သလို တက်ရောက်လာတဲ့ ဒေသတွင်းနိုင်ငံခြားရေးဝန်ကြီးတွေနဲ့လည်း အစည်းအဝေးအပြင်ပန်းမှာ တဦးချင်းတွေ့ဆုံပါတယ်။
ဝန်ကြီး Blinken ဟာ ဖနွမ်းပင်ကိုရောက်နေတဲ့ EU ဥရောပ သမဂ္ဂ နိုင်ငံခြားရေး မူဝါဒဆိုင်ရာ အကြီးအကဲ Josep Borrell နဲ့လည်း တွေ့ဆုံပြီး ထိုင်ဝမ်ရေလက်ကြား တရုတ်ရဲ့ စစ်ရေးလေ့ကျင့်မှု၊ ယူကရိန်းအပေါ် ရုရှားကျူးကျော်မှုနဲ့ မြန်မာနိုင်ငံကိစ္စတွေကိုထည့်သွင်းဆွေးနွေးခဲ့ကြပါတယ်။
"ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး လှုပ်ရှားသူတွေကို ထိတ်လန့်ဖွယ်ရာ သတ်ဖြတ်ကွပ်မျက်မှုနဲ့အတူ ဆိုးရွားနေတဲ့ ပြည်တွင်းအခြေအနေတွေ အပါအဝင် ဒီဒေသတွင်းမှာ ပြဿနာတွေ အများကြီးပါ။ ဒါပေမယ့်လည်း အာဆီယံဒေသတွင်း ပြည်သူတွေ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ရေးအတွက်၊ အာဆီယံနဲ့ရော အဖွဲ့ဝင်နိုင်ငံချင်းအလိုက်ပါ အရေးတကြီးခိုင်မာတဲ့ အစီအစဉ်တွေမှာ အတူပူးပေါင်းဆောင်ရွက်ရေး အမေရိကန်နဲ့ ဥရောပသမဂ္ဂက သံဓိဌာန်အခိုင်အမာချထားပါတယ်။"
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တစုတစည်းတည်း အစည်းအဝေးတရပ်ကိုလည်း ပြုလုပ်ခဲ့ပါတယ်။
ကမ္ဘောဒီးယားကိုရောက်ရှိနေတဲ့ သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး Penny Wong ကလည်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ဒီကနေ့တွေ့ဆုံပွဲမှာ အဖွင့်မိန့်ခွန်းပြောကြားချိန်မှာ မြန်မာစစ်ကောင်စီက ဒီမိုကရေစီရေးလှုပ်ရှားသူတွေကို ကွပ်မျက်ခဲ့တဲ့အပေါ်မှာ အလွန်ပဲ စိတ်ပျက်၊ စိတ်အနှောင့်အယှက်ဖြစ်ရတယ်လို့ ပြောဆိုသွားပါတယ်။ ဒါ့အပြင် အာဆီယံ ဘုံသဘောတူညီချက် ငါးချက်ကို အကောင်အထည်ဖေါ်ဆောင်ရွက်နိုင်ခြင်းမရှိတဲ့အပေါ်မှာလည်း အာဆီယံအဖွဲ့ဝင်နိုင်ငံတွေလိုပဲ စိတ် ပျက်မိကြောင်း သူက ပြောသွားပါတယ်။
မြန်မာနိုင်ငံအတွင်း နိုင်ငံရေး အကြပ်အတည်းနဲ့ လူ့အခွင့်အရေး အခြေအနေ တိုးတက်မှု မရှိတဲ့အတွက်ဆိုပြီး နိုင်ငံရေးအရ ကိုယ်စားမပြုတဲ့သူကိုပဲ ဖိတ်ကြားဖို့ အာဆီယံက ဆုံးဖြတ်ထားပါတယ်။ မြန်မာနိုင်ငံဘက်ကတော့ ဒါဟာ အဖွဲ့ဝင်နိုင် ငံတွေကြား ခွဲခြားဆက်ဆံမှုဖြစ်တယ်ဆိုပြီး ကန့်ကွက်ထားသလို အစည်းအဝေးမှာ ပါဝင်တက်ရောက်ခြင်း မရှိပါဘူး။ ကိုဗစ်ကပ်ရောဂါနဲ့ တိုင်းပြည်မှာ မတည်ငြိမ်မှုတွေကြောင့် မြန်မာ့အရေး အာဆီယံရဲ့ ဘုံသဘောတူညီချက်တွေကို အကောင် အထည်ဖော်ဖို့ အခက်အခဲ ရှိနေကြောင်း စစ်ကောင်စီက ပြောဆိုထားပါတယ်။ မြန်မာနိုင်ငံ့အရေး တိုးတက်အောင် ဖြေရှင်းဖို့ အာဆီယံရဲ့ ကြိုးပမ်းမှုတွေ ရှေ့ မတိုးနိုင်တဲ့ အနေအထားအပေါ်မှာတော့ အဖွဲ့ဝင်နိုင်ငံတွေအကြား စိတ်ပျက်ပြောဆိုတာတွေရှိနေပါတယ်။