သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

“ ျမန္မာ့အေရး အာဆီယံဗဟိုျပဳစဥ္းစားခ်က္ လက္ေတြ႔မက်ႏိုင္” NUG အာဆီယံသံအမတ္


ၾကားကာလအမ်ိဳးသားညီၫြတ္ေရးအစိုးရ NUG အာဆီယံသံအမတ္ႀကီး ဦးဘိုလွတင့္


[[Zawgyi/Unicode]]

ျမန္မာ့အေရးေျဖရွင္းရာမွာ အာဆီယံကိုဗဟိုျပဳစဥ္းစားေနတာ၊ အာဆီယံ ဘုံသေဘာတူညီခ်က္ေတြကို အေျချပဳစဥ္းစားေဆာင္႐ြက္တာဟာ လက္ေတြ႔ မက်ႏိုင္ေတာ့ဘူးလို႔ ၾကားကာလအမ်ိဳးသားညီၫြတ္ေရးအစိုးရ NUG အာဆီယံသံအမတ္ႀကီး ဦးဘိုလွတင့္က VOA ကို ေျပာပါတယ္။ မနက္ျဖန္က်င္းပမယ့္ အေမရိကန္-အာဆီယံ ထိပ္သီးေဆြးေႏြးပြဲနဲ႔ပတ္သက္လို႔ ဦးဘိုလွတင့္သေဘာထားေတြကို ကိုေဇာ္မိုးေဇာ္က ေတြ႔ဆံုေမးျမန္းထားပါတယ္။

ဦးဘိုလွတင့္။ ။ ...ကမၻာမွာ ဒီမိုကေရစီအင္အားစုေတြနဲ႔ အာဏာရွင္ေတြၾကားထဲမွာ အားၿပိဳင္မႈျဖစ္ေနတဲ့ အင္မတန္အေရးႀကီးတဲ့ကာလမွာ အေမရိကန္ျပည္ေထာင္စုရဲ႕ အာဆီယံရဲ႕ပူးေပါင္းေဆာင္ရြက္မႈရဖို႔ ႀကိဳးစားတဲ့အခါမွာ ဘယ္ေလာက္အေရးႀကီးလဲဆိုတာ က်ေနာ္တို႔နားလည္ပါတယ္။ ဒါေပမယ့္ တခ်ိန္တည္းမွာလည္းပဲ တုိင္းျပည္ကိစၥဟာလည္းပဲ အေရွ႕ေတာင္အာရွေဒသတင္မကဘူး၊ အာရွ-ပစိဖိတ္ေဒသတခုလံုးရဲ႕ တည္ၿငိမ္ေရးနဲ႔လံုၿခံဳေရးကို ၿခိမ္းေျခာက္ေနတဲ့ အေနအထားမွာရွိတဲ့အတြက္ ဒါေတြကိုေတာ့ က်ေနာ္တို႔က ေလးေလးနက္နက္ ဝိုင္းဝန္းစဥ္းစားၿပီးေတာ့ ဒီ အာဆီယံေတြက ေဆာင္ရြက္ခဲ့ၾကတဲ့ ဘံုသေဘာတူညီခ်က္ ၅ ရပ္ဟာ အခု တႏွစ္ေက်ာ္ကာလမွာ လုံးဝ အေကာင္အထည္ေဖာ္ ေဆာင္ရြက္ႏိုင္စြမ္း မရွိတဲ့ကာလမွာ ဒိထက္ပိုၿပီးလက္ေတြ႔က်တဲ့ ျဖစ္ေပၚေနတဲ့ အနည္းဆံုးေတာ့ လူသားခ်င္းစာနာေထာက္ထားမႈဆုိင္ရာ ဆိုးဝါးေနတဲ့အေျခအေနေတြကို အျမန္ဆံုး ကူညီေျဖရွင္းေပးႏုိင္မယ့္၊ လက္ေတြ႔က်တဲ့ နည္းနာေတြကို အေမရိကန္ျပည္ေထာင္စု အစိုးရဘက္ကေကာ၊ အာဆီယံေခါင္းေဆာင္ဘက္ကေကာေပါ့ေနာ္-ပြင့္ပြင့္လင္းလင္း လက္ေတြ႔က်က် ခ်ဥ္းကပ္ေဆြးေႏြးေပးၾကဖို႔ေတာ့ က်ေနာ္တို႔ကေတာ့ တုိက္တြန္းထားပါတယ္ခင္ဗ်။

ကိုေဇာ္မိုးေက်ာ္။ ။ အခု အာဆီယံမွာဆိုလို႔ရွိရင္ မေလးရွားကေနၿပီးေတာ့ NUG ကိုအလြတ္သေဘာဆက္ဆံဖို႔ မၾကာေသးမီက ေျပာဆိုတုိက္တြန္းတာ ေတြ႔ရပါတယ္။ အဲဒီေတာ့ အာဆီယံနဲ႔ NUG ဆက္ဆံေရးေရာ ဘယ္လိုရွိပါသလဲ။

ဦးဘိုလွတင့္။ ။ ဟုတ္ကဲ့ခင္ဗ်။ တကယ္တန္းေျပာရမယ္ဆိုရင္ေတာ့ အာဆီယံတဖြဲ႔လံုးအေနနဲ႔ဆက္ဆံေရးကေတာ့ အားရဖို႔မေကာင္းဘူးလို႔ က်ေနာ္တို႔ကေတာ့ ပြင့္ပြင့္လင္းလင္း ေျပာၾကရမွာျဖစ္ပါတယ္။ ဘာလို႔လဲဆိုေတာ့ က်ေနာ့္ကို မခန္႔ခင္ကတည္းကေရာ၊ ခန္႔ၿပီးတဲ့အခ်ိန္မွာေကာ အာဆီယံေခါင္းေဆာင္မႈနဲ႔ပတ္သက္ၿပီးေတာ့ က်ေနာ္တို႔ေတြက အၿမဲတမ္းပဲ အေၾကာင္းၾကားစာေတြ၊ က်ေနာ္တို႔ျပည္သူလူထုရဲ႕ စိုးရိမ္ခ်က္ေတြ၊ လိုလားခ်က္ေတြ၊ ေမွ်ာ္လင့္ခ်က္ေတြကို စဥ္ဆက္မျပတ္ က်ေနာ္တို႔ ေပးပို႔ခဲ့ပါတယ္။ သို႔ေသာ္လည္းပဲ ဒီေန႔အခ်ိန္အထိေတာ့ အာဆီယံေခါင္းေဆာင္မႈဆီက တစံုတရာ အျပဳသေဘာေဆာင္တဲ့ အသိအမွတ္ျပဳမႈတို႔၊ တုံ႔ျပန္မႈတို႔ က်ေနာ္တို႔ မရခဲ့ပါဘူး။ သုိ႔ေသာ္လည္းပဲ တခ်ိန္တည္းမွာ က်ေနာ္တို႔ biliteral relation ေပါ့ေလ၊ တႏုိ္င္ငံခ်င္းနဲ႔ဆက္ဆံေရးကိစၥမွာေတာ့ ခုနကေဖာ္ျပခဲ့တဲ့ မေလးရွား၊ အင္ဒိုနီးရွား၊ ဖိလစ္ပိုင္၊ စင္ကာပူ၊ ဘ႐ူႏုိင္း အစရွိတဲ့ ျမန္မာျပည္သူလူထုရဲ႕ ေႏြဦးေတာ္လွန္ေရးအသံေတြကုိ ေလးစား တန္ဖိုးထားတဲ့ႏိုင္ငံမ်ားနဲ႔ ဆက္ဆံေရးကေတာ့ တေန႔တျခား ပိုၿပီးေတာ့ နီးကပ္ေကာင္းမြန္လာတယ္လို႔ ေျပာရမွာ ျဖစ္ပါတယ္ခင္ဗ်။

ကိုေဇာ္မိုးေက်ာ္။ ။ အာဆီယံေနာက္ကြယ္ကေန ေနၿပီးေတာ့ အာဆီယံကိုပဲ ပံုခ်ေနတယ္ ဆိုတာမ်ဳိးေပါ့ေနာ္-လႊဲခ်ၿပီးေတာ့ လုပ္ေနတယ္လို႔ သံုးသပ္တာမ်ဳိးလည္းရွိတယ္။ ျပင္သစ္ကပဲျဖစ္ျဖစ္၊ ဘယ္ကပဲျဖစ္ျဖစ္ အာဆီယံက ေဒသတြင္းက လုပ္ရမယ္ဆိုတာမ်ဳိးပဲ ေျပာေနတယ္ေပါ့ေနာ္။ ဆိုေတာ့ တကယ္တန္း သူတို႔ ထိထိေရာက္ေရာက္ မလုပ္ေသးဘူးလို႔ ေျပာတာမ်ဳိး ရွိပါတယ္။ ဦးဘိုလွတင့္တို႔ ဘယ္လိုျမင္ပါလဲ။

ဦးဘိုလွတင့္။ ။ အမွန္တကယ္ေျပာရမယ္ဆိုရင္ေတာ့ လြန္ခဲ့တဲ့ ၂၀၂၁ ခုႏွစ္၊ ဧပရယ္လ ၂၄-၂၅ ကတည္းက ခ်မွတ္ခဲ့တဲ့ အာဆီယံ ဘံုသေဘာတူညီခ်က္ ၅ ရပ္ဟာ ဘယ္တခ်က္မွ ထိထိေရာက္ေရာက္ ေအာင္ေအာင္ျမင္ျမင္ အေကာင္အထည္ေဖာ္ႏုိင္စြမ္း မရွိဘူးဆိုတာ အားလံုးအသိပဲျဖစ္ပါတယ္။ ဒါေၾကာင့္မို႔လို႔ မူအားျဖင့္ေတာ့ က်ေနာ္တို႔က အာဆီယံကို ဗဟိုျပဳၿပီးေတာ့ေသာ္လည္းေကာင္း၊ အာဆီယံ ဘံုသေဘာတူညီခ်က္ ၅ ရပ္ကို ဗဟိုျပဳၿပီးေတာ့ေသာ္လည္းေကာင္း အေျဖရွာဖို႔ စဥ္းစားမႈဟာ အပ္စပ္မႈမရွိေတာ့ဘူးေပါ့ေနာ္။ ပကတိအေျခအေနနဲ႔ လက္ေတြ႔က် ကိုက္ညီမႈေတြ မရွိေတာ့ဘူး၊ ဒါေၾကာင့္မို႔လို႔ ပိုၿပီးေတာ့ လက္ေတြ႔က် ထိေရာက္တဲ့ ႏိုင္ငံတကာမိသားစုကေကာ တာဝန္ခံၿပီးေတာ့ေဆာင္ရြက္ႏုိင္မယ့္ စဥ္းစားမႈမ်ဳိးကို ေျပာင္းလဲစဥ္းစားေပးဖို႔ က်ေနာ္တို႔ကေတာ့ တုိက္တြန္းေနခဲ့ၿပီး ျဖစ္ပါတယ္ေပါ့။ အာဆီယံကို ဘံုသေဘာတူ၊ ဘံုသေဘာထားၿပီးေတာ့၊ ဗဟိုျပဳၿပီးေတာ့ စဥ္းစားခ်က္ဟာေတာ့ျဖင့္ ရပ္သင့္ၿပီ။ ျမန္မာျပည္သူေတြကို တကယ္ကူညီခ်င္တယ္ဆိုရင္ေတာ့ တာဝန္ခံမႈ၊ တာဝန္ယူမႈနဲ႔အတူ ဒိထက္ပိုၿပီး လက္ေတြ႔က်တဲ့စဥ္းစားမႈမ်ဳိးကို ႏိုင္ငံတကာ ဒီမိုကေရစီအင္အားစုေတြအားလံုးက ဝိုင္းဝန္းစဥ္းစား ဆံုးျဖတ္ေပးဖို႔အခ်ိန္ေတာ့က်ေနၿပီဆိုတာကို အေမရိကန္ျပည္ေထာင္စုအပါအဝင္၊ အီးယူအပါအဝင္ ႏုိင္ငံတကာမိသားစုကို က်ေနာ္တို႔မိဘျပည္သူေတြကိုယ္စားေတာ့ ေလးေလးနက္နက္ တုိက္တြန္းေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

==============
[[Unicode]]
“မြန်မာ့အရေး အာဆီယံဗဟိုပြုစဉ်းစားချက် လက်တွေ့မကျနိုင်” NUG အာဆီယံသံအမတ်

မြန်မာ့အရေးဖြေရှင်းရာမှာ အာဆီယံကိုဗဟိုပြုစဉ်းစားနေတာ၊ အာဆီယံ ဘုံသဘောတူညီချက်တွေကို အခြေပြုစဉ်းစားဆောင်ရွက်တာဟာ လက်တွေ့ မကျနိုင်တော့ဘူးလို့ ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရ NUG အာဆီယံသံအမတ်ကြီး ဦးဘိုလှတင့်က VOA ကို ပြောပါတယ်။ မနက်ဖြန်ကျင်းပမယ့် အမေရိကန်-အာဆီယံ ထိပ်သီးဆွေးနွေးပွဲနဲ့ပတ်သက်လို့ ဦးဘိုလှတင့်သဘောထားတွေကို ကိုဇော်မိုးဇော်က တွေ့ဆုံမေးမြန်းထားပါတယ်။

ဦးဘိုလှတင့်။ ။ ...ကမ္ဘာမှာ ဒီမိုကရေစီအင်အားစုတွေနဲ့ အာဏာရှင်တွေကြားထဲမှာ အားပြိုင်မှုဖြစ်နေတဲ့ အင်မတန်အရေးကြီးတဲ့ကာလမှာ အမေရိကန်ပြည်ထောင်စုရဲ့ အာဆီယံရဲ့ပူးပေါင်းဆောင်ရွက်မှုရဖို့ ကြိုးစားတဲ့အခါမှာ ဘယ်လောက်အရေးကြီးလဲဆိုတာ ကျနော်တို့နားလည်ပါတယ်။ ဒါပေမယ့် တချိန်တည်းမှာလည်းပဲ တိုင်းပြည်ကိစ္စဟာလည်းပဲ အရှေ့တောင်အာရှဒေသတင်မကဘူး၊ အာရှ-ပစိဖိတ်ဒေသတခုလုံးရဲ့ တည်ငြိမ်ရေးနဲ့လုံခြုံရေးကို ခြိမ်းခြောက်နေတဲ့ အနေအထားမှာရှိတဲ့အတွက် ဒါတွေကိုတော့ ကျနော်တို့က လေးလေးနက်နက် ဝိုင်းဝန်းစဉ်းစားပြီးတော့ ဒီ အာဆီယံတွေက ဆောင်ရွက်ခဲ့ကြတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ဟာ အခု တနှစ်ကျော်ကာလမှာ လုံးဝ အကောင်အထည်ဖော် ဆောင်ရွက်နိုင်စွမ်း မရှိတဲ့ကာလမှာ ဒိထက်ပိုပြီးလက်တွေ့ကျတဲ့ ဖြစ်ပေါ်နေတဲ့ အနည်းဆုံးတော့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဆိုးဝါးနေတဲ့အခြေအနေတွေကို အမြန်ဆုံး ကူညီဖြေရှင်းပေးနိုင်မယ့်၊ လက်တွေ့ကျတဲ့ နည်းနာတွေကို အမေရိကန်ပြည်ထောင်စု အစိုးရဘက်ကကော၊ အာဆီယံခေါင်းဆောင်ဘက်ကကောပေါ့နော်-ပွင့်ပွင့်လင်းလင်း လက်တွေ့ကျကျ ချဉ်းကပ်ဆွေးနွေးပေးကြဖို့တော့ ကျနော်တို့ကတော့ တိုက်တွန်းထားပါတယ်ခင်ဗျ။

ကိုဇော်မိုးကျော်။ ။ အခု အာဆီယံမှာဆိုလို့ရှိရင် မလေးရှားကနေပြီးတော့ NUG ကိုအလွတ်သဘောဆက်ဆံဖို့ မကြာသေးမီက ပြောဆိုတိုက်တွန်းတာ တွေ့ရပါတယ်။ အဲဒီတော့ အာဆီယံနဲ့ NUG ဆက်ဆံရေးရော ဘယ်လိုရှိပါသလဲ။

ဦးဘိုလှတင့်။ ။ ဟုတ်ကဲ့ခင်ဗျ။ တကယ်တန်းပြောရမယ်ဆိုရင်တော့ အာဆီယံတဖွဲ့လုံးအနေနဲ့ဆက်ဆံရေးကတော့ အားရဖို့မကောင်းဘူးလို့ ကျနော်တို့ကတော့ ပွင့်ပွင့်လင်းလင်း ပြောကြရမှာဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ကျနော့်ကို မခန့်ခင်ကတည်းကရော၊ ခန့်ပြီးတဲ့အချိန်မှာကော အာဆီယံခေါင်းဆောင်မှုနဲ့ပတ်သက်ပြီးတော့ ကျနော်တို့တွေက အမြဲတမ်းပဲ အကြောင်းကြားစာတွေ၊ ကျနော်တို့ပြည်သူလူထုရဲ့ စိုးရိမ်ချက်တွေ၊ လိုလားချက်တွေ၊ မျှော်လင့်ချက်တွေကို စဉ်ဆက်မပြတ် ကျနော်တို့ ပေးပို့ခဲ့ပါတယ်။ သို့သော်လည်းပဲ ဒီနေ့အချိန်အထိတော့ အာဆီယံခေါင်းဆောင်မှုဆီက တစုံတရာ အပြုသဘောဆောင်တဲ့ အသိအမှတ်ပြုမှုတို့၊ တုံ့ပြန်မှုတို့ ကျနော်တို့ မရခဲ့ပါဘူး။ သို့သော်လည်းပဲ တချိန်တည်းမှာ ကျနော်တို့ biliteral relation ပေါ့လေ၊ တနိုင်ငံချင်းနဲ့ဆက်ဆံရေးကိစ္စမှာတော့ ခုနကဖော်ပြခဲ့တဲ့ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ဘရူနိုင်း အစရှိတဲ့ မြန်မာပြည်သူလူထုရဲ့ နွေဦးတော်လှန်ရေးအသံတွေကို လေးစား တန်ဖိုးထားတဲ့နိုင်ငံများနဲ့ ဆက်ဆံရေးကတော့ တနေ့တခြား ပိုပြီးတော့ နီးကပ်ကောင်းမွန်လာတယ်လို့ ပြောရမှာ ဖြစ်ပါတယ်ခင်ဗျ။

ကိုဇော်မိုးကျော်။ ။ အာဆီယံနောက်ကွယ်ကနေ နေပြီးတော့ အာဆီယံကိုပဲ ပုံချနေတယ် ဆိုတာမျိုးပေါ့နော်-လွှဲချပြီးတော့ လုပ်နေတယ်လို့ သုံးသပ်တာမျိုးလည်းရှိတယ်။ ပြင်သစ်ကပဲဖြစ်ဖြစ်၊ ဘယ်ကပဲဖြစ်ဖြစ် အာဆီယံက ဒေသတွင်းက လုပ်ရမယ်ဆိုတာမျိုးပဲ ပြောနေတယ်ပေါ့နော်။ ဆိုတော့ တကယ်တန်း သူတို့ ထိထိရောက်ရောက် မလုပ်သေးဘူးလို့ ပြောတာမျိုး ရှိပါတယ်။ ဦးဘိုလှတင့်တို့ ဘယ်လိုမြင်ပါလဲ။

ဦးဘိုလှတင့်။ ။ အမှန်တကယ်ပြောရမယ်ဆိုရင်တော့ လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဧပရယ်လ ၂၄-၂၅ ကတည်းက ချမှတ်ခဲ့တဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ဟာ ဘယ်တချက်မှ ထိထိရောက်ရောက် အောင်အောင်မြင်မြင် အကောင်အထည်ဖော်နိုင်စွမ်း မရှိဘူးဆိုတာ အားလုံးအသိပဲဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ မူအားဖြင့်တော့ ကျနော်တို့က အာဆီယံကို ဗဟိုပြုပြီးတော့သော်လည်းကောင်း၊ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို ဗဟိုပြုပြီးတော့သော်လည်းကောင်း အဖြေရှာဖို့ စဉ်းစားမှုဟာ အပ်စပ်မှုမရှိတော့ဘူးပေါ့နော်။ ပကတိအခြေအနေနဲ့ လက်တွေ့ကျ ကိုက်ညီမှုတွေ မရှိတော့ဘူး၊ ဒါကြောင့်မို့လို့ ပိုပြီးတော့ လက်တွေ့ကျ ထိရောက်တဲ့ နိုင်ငံတကာမိသားစုကကော တာဝန်ခံပြီးတော့ဆောင်ရွက်နိုင်မယ့် စဉ်းစားမှုမျိုးကို ပြောင်းလဲစဉ်းစားပေးဖို့ ကျနော်တို့ကတော့ တိုက်တွန်းနေခဲ့ပြီး ဖြစ်ပါတယ်ပေါ့။ အာဆီယံကို ဘုံသဘောတူ၊ ဘုံသဘောထားပြီးတော့၊ ဗဟိုပြုပြီးတော့ စဉ်းစားချက်ဟာတော့ဖြင့် ရပ်သင့်ပြီ။ မြန်မာပြည်သူတွေကို တကယ်ကူညီချင်တယ်ဆိုရင်တော့ တာဝန်ခံမှု၊ တာဝန်ယူမှုနဲ့အတူ ဒိထက်ပိုပြီး လက်တွေ့ကျတဲ့စဉ်းစားမှုမျိုးကို နိုင်ငံတကာ ဒီမိုကရေစီအင်အားစုတွေအားလုံးက ဝိုင်းဝန်းစဉ်းစား ဆုံးဖြတ်ပေးဖို့အချိန်တော့ကျနေပြီဆိုတာကို အမေရိကန်ပြည်ထောင်စုအပါအဝင်၊ အီးယူအပါအဝင် နိုင်ငံတကာမိသားစုကို ကျနော်တို့မိဘပြည်သူတွေကိုယ်စားတော့ လေးလေးနက်နက် တိုက်တွန်းနေပါတယ်။

==============

XS
SM
MD
LG