သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်-အာဆီယံထိပ်သီး ယူကရိန်းအရေးအဓိကပါဝင်


အမေရိကန်သမ္မတ အိမ်ဖြူတော် ပြောခွင့်ရ Jen Psaki 
အမေရိကန်သမ္မတ အိမ်ဖြူတော် ပြောခွင့်ရ Jen Psaki 

[[Zawgyi/Unicode]]

အမေရိကန် အာဆီယံ ထိပ်သီးအစည်းအဝေးဟာ အာဆီယံနိုင်ငံတွေနဲ့ လက်တွဲဘက်အဖြစ်ရပ်တည်တဲ့ ဆက်ဆံရေးခိုင်မာမှုကိုထင်ဟပ်တဲ့ အစည်းအဝေးဖြစ်သလို အာရှပစိဖိတ်အရေးကိစ္စတွေအပြင် ယူကရိန်းကို ရုရှားကကျုးကျော်တဲ့ စစ်ပွဲနဲ့ပတ်သက်လို့လည်း မဖြစ်မနေ ဆွေးနွေးကြမယ့်အကြောင်း အမေရိကန်သမ္မတအိမ်ဖြူတော်က ပြောပါတယ်။

အာဆီယံ ထိပ်သီးအစည်းအဝေးမှာ ယူကရိန်းကိစ္စက အဓိက ပါဝင်မယ့်အကြောင်းအရာဖြစ်ပါတယ်။ နောက်ဆုံး ကြေ ညာချက်ကတော့ ၂၄ နာရီအတွင်း အပြီးသတ်ထုတ်ပြန်နိုင်သေးမယ်လို့ မမျှော်လင့်သေးပါဘူးဆိုပြီး အိမ်ဖြူတော် ပြောခွင့်ရ Jen Psaki က မနေ့က သတင်းစာရှင်းလင်းပွဲမှာ VOA ရဲ့ အမေးကို ပြန်လည်ဖြေကြားသွားတာပါ။ အပြန်အလှန် ဆွေးနွေးပြောဆိုစရာတွေ ရှိနေဆဲဖြစ်ပြီး ယူကရိန်းအပေါ် ရုရှားရဲ့ကျုးကျော်မှုကို ဆန့်ကျင်တဲ့နေရာမှာ အာဆီယံခေါင်းဆောင်မှုတွေရဲ့ ပါဝင်မှုက အရေးကြီးပါတယ်လို့ အိမ်ဖြူတော်ပြောခွင့်ရ Jen Psaki က ပြောဆိုသွားပါတယ်။

အာဆီယံ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာသမိုင်းကြောင်းအရ ရုရှားနိုင်ငံနဲ့ ဆက်ဆံရေးနီးကပ်တဲ့ နိုင်ငံတွေရှိနေပြီး တနိုင်ငံနဲ့ တနိုင်ငံ ရပ်တည်ချက်မတူတာကို အမေရိကန် အစိုးရအရာရှိတွေ လက်ခံပြောဆိုထားပါတယ်။ ဒါပေမဲ့လည်း ရုရှားရဲ့ကျုးကျော်မှုကို တညီတညွတ်တည်း ရပ်တည်ဆန့်ကျင်နိုင်အောင် အာဆီယံခေါင်းဆောင်တွေကို တိုက်တွန်းသွားမယ့်အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ Derek Chollet က ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း VOA နဲ့ သီးသန့် တွေ့ဆုံမေးမြန်းခန်းမှာလည်း ပြောဆိုထားပါတယ်။

ယူကရိန်းအရေးအပြင် အာရှပစိဖိတ်ဒေသ ကုန်သွယ်ရေးနဲ့ လုံခြုံရးကိစ္စတွေနဲ့ အင်ဒိုပစိဖိတ်ဒေသ လွတ်လပ်တဲ့ ရေကြောင်းသွားလာရေးကိစတွေကို ထည့်သွင်းဆွေးနွေးကြမယ့်အကြောင်း အမေရိကန် အရာရှိတွေ ပြောဆိုထားပါတယ်။

#USASEANSummit #UkraineConflict #VOABurmese #အမေရိကန်အာဆီယံ #ယူကရိန်းရုရှား #ကုန်သွယ်ရေးနဲ့လုံခြုံရေး #ဗွီအိုအေ
===========

[[Unicode]]






===========

XS
SM
MD
LG