သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကန္ ေအာက္လႊတ္ေတာ္ဥကၠ႒ ထိုင္ဝမ္ ေရာက္ရွိ


အေမရိကန္ေအာက္လႊတ္ေတာ္အမတ္ နန္စီေပၚလိုစီ တည္းခိုမယ့္ဟိုတယ္လ္ေရွ႕မွာ သူ႔ကိုေထာက္ခံတဲ့ ထုိင္ဝမ္ေဒသခံေတြက လာေရာက္ဆႏၵေဖာ္ထုတ္ၾကစဥ္။ (ၾသဂုတ္ ၂၊ ၂၀၂၂)

[[Zawgyi/Unicode]]

အေမရိကန္ေအာက္လႊတ္ေတာ္ဥကၠ႒ Nancy Pelosi ဦးေဆာင္တဲ့ လႊတ္ေတာ္ကိုယ္စားလွယ္အဖြဲ႔ဟာ ထိုင္ဝမ္ကၽြန္းကို ဒီကေန႔ည ေဒသစံေတာ္ခ်ိန္ ၁၁ နာရီ ထိုးခါနီးမွာ ေရာက္ရွိသြားပါၿပီ။ လႊတ္ေတာ္ဥကၠ႒အေနနဲ႔ ထိုင္ဝမ္ကၽြန္းကိုမသြားဖို႔ တ႐ုတ္အစိုးရက အႀကိမ္ႀကိမ္ တားျမစ္၊ သတိေပး၊ ၿခိမ္းေျခာက္မႈေတြ လုပ္ေနတဲ့ၾကားက အခုလို ေရာက္ရွိသြားတာပါ။

လႊတ္ေတာ္ဥကၠ႒ Nancy Pelosi အေနနဲ႔ မနက္ျဖန္ ဗုဒၶဟူးေန႔မွာ ထိုင္ဝမ္သမၼတ Tsai Ing-wen အပါအဝင္ တျခား အရာရွိေတြနဲ႔ ေတြ႕ဆုံဖို႔ စီစဥ္ထားပါတယ္။ သူမအေနနဲ႔ ထိုင္ဝမ္မွာ ဘယ္ႏွစ္ရက္ၾကာ ေနထိုင္မယ္ဆိုတာေတာ့ သတင္းထုတ္ျပန္ျခင္းမရွိပါဘူး။ အေစာပိုင္းတုန္းကေတာ့ တ႐ုတ္ကို အၿမဲတမ္း ေဝဖန္ေျပာဆိုေလ့ရွိတဲ့ Pelosi အေနနဲ႔ ဒီခရီးစဥ္ကို တကယ္ပဲ သြားျဖစ္ပါ့မလားဆိုတဲ့အေပၚ သီတင္းပတ္အတန္ၾကာ မေရမရာ ျဖစ္ေနခဲ့တာပါ။

ေအာက္လႊတ္ေတာ္ဥကၠ႒အေနနဲ႔ ဒီ အာရွခရီးစဥ္အတြင္း ထိုင္ဝမ္ကို မျဖစ္မေနသြားသင့္ေၾကာင္း၊ မသြားဖို႔ဆုံးျဖတ္ခဲ့ရင္ တ႐ုတ္ကြန္ျမဴနစ္ပါတီကို အေလွ်ာ့ေပးလိုက္ရာေရာက္ေစေၾကာင္း ၁၉၉၇ ခုႏွစ္က ေအာက္လႊတ္ေတာ္ဥကၠ႒အျဖစ္နဲ႔ ၁၉၉၇ ခုႏွစ္က ထိုင္ဝမ္ကို သြားခဲ့ဘူးတဲ့ Newt Gingrich က ဗြီအိုေအ တ႐ုတ္ဌာနကို ေျပာခဲ့ပါတယ္။

ကိုယ္ပိုင္အုပ္ခ်ဳပ္ေနတဲ့ ထိုင္ဝမ္ကိုသြားျခင္းဟာ တ႐ုတ္တို႔ရဲ႕ အခ်ဳပ္အျခာ အာဏာပိုင္ဆိုင္မႈကို ခ်ဳိးေဖာက္ရာေရာက္တယ္လို႔ ယူဆတဲ့အတြက္ ဒီခရီးစဥ္ဟာ လက္ခံႏိုင္စရာမရွိဘူးလို႔ တ႐ုတ္အစိုးရက ေျပာပါတယ္။ တ႐ုတ္တို႔ရဲ႕ အခ်ဳပ္အျခာနဲ႔ နယ္ေျမပိုင္ဆိုင္မႈကို ၿခိမ္းေျခာက္လာတဲ့ ခရီးစဥ္အေပၚ ဒီအတိုင္း ထိုင္ၾကည့္ေနမွာ မဟုတ္ဘဲ လက္တုံ႔ျပန္သြားမယ္လို႔ တ႐ုတ္ႏိုင္ငံျခားေရးဌာနေျပာခြင့္ရ Zhao Lijian က တနလၤာေန႔မွာ ေျပာထားပါတယ္။

ဒီကေန႔မွာေတာ့ ထိုင္ဝမ္ကၽြန္းနားကို တ႐ုတ္တိုက္ေလယာဥ္ေတြ ပ်ံသန္းခဲ့သလို တ႐ုတ္ စစ္သေဘၤာေတြလည္း ႏွစ္ဘက္ ၾကားခံေရပိုင္နက္ထဲကို ေရာက္လာခဲ့တယ္လို႔ အမည္မေဖာ္လိုသူတဦးရဲ႕ ေျပာျပခ်က္ကို ကိုးကားၿပီး ႐ိုက္တာသတင္းမွာ ေဖာ္ျပထားပါတယ္။

#USChina #VOABurmese #ထိုင္ဝမ္ #Nancy Pelosi
==========

[[Unicode]]

ကန် အောက်လွှတ်တော်ဥက္ကဋ္ဌ ထိုင်ဝမ် ရောက်ရှိ

အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Pelosi ဦးဆောင်တဲ့ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ဟာ ထိုင်ဝမ်ကျွန်းကို ဒီကနေ့ည ဒေသစံတော်ချိန် ၁၁ နာရီ ထိုးခါနီးမှာ ရောက်ရှိသွားပါပြီ။ လွှတ်တော်ဥက္ကဋ္ဌအနေနဲ့ ထိုင်ဝမ်ကျွန်းကိုမသွားဖို့ တရုတ်အစိုးရက အကြိမ်ကြိမ် တားမြစ်၊ သတိပေး၊ ခြိမ်းခြောက်မှုတွေ လုပ်နေတဲ့ကြားက အခုလို ရောက်ရှိသွားတာပါ။

လွှတ်တော်ဥက္ကဋ္ဌ Nancy Pelosi အနေနဲ့ မနက်ဖြန် ဗုဒ္ဓဟူးနေ့မှာ ထိုင်ဝမ်သမ္မတ Tsai Ing-wen အပါအဝင် တခြား အရာရှိတွေနဲ့ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။ သူမအနေနဲ့ ထိုင်ဝမ်မှာ ဘယ်နှစ်ရက်ကြာ နေထိုင်မယ်ဆိုတာတော့ သတင်းထုတ်ပြန်ခြင်းမရှိပါဘူး။ အစောပိုင်းတုန်းကတော့ တရုတ်ကို အမြဲတမ်း ဝေဖန်ပြောဆိုလေ့ရှိတဲ့ Pelosi အနေနဲ့ ဒီခရီးစဉ်ကို တကယ်ပဲ သွားဖြစ်ပါ့မလားဆိုတဲ့အပေါ် သီတင်းပတ်အတန်ကြာ မရေမရာ ဖြစ်နေခဲ့တာပါ။

အောက်လွှတ်တော်ဥက္ကဋ္ဌအနေနဲ့ ဒီ အာရှခရီးစဉ်အတွင်း ထိုင်ဝမ်ကို မဖြစ်မနေသွားသင့်ကြောင်း၊ မသွားဖို့ဆုံးဖြတ်ခဲ့ရင် တရုတ်ကွန်မြူနစ်ပါတီကို အလျှော့ပေးလိုက်ရာရောက်စေကြောင်း ၁၉၉၇ ခုနှစ်က အောက်လွှတ်တော်ဥက္ကဋ္ဌအဖြစ်နဲ့ ၁၉၉၇ ခုနှစ်က ထိုင်ဝမ်ကို သွားခဲ့ဘူးတဲ့ Newt Gingrich က ဗွီအိုအေ တရုတ်ဌာနကို ပြောခဲ့ပါတယ်။

ကိုယ်ပိုင်အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကိုသွားခြင်းဟာ တရုတ်တို့ရဲ့ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုကို ချိုးဖောက်ရာရောက်တယ်လို့ ယူဆတဲ့အတွက် ဒီခရီးစဉ်ဟာ လက်ခံနိုင်စရာမရှိဘူးလို့ တရုတ်အစိုးရက ပြောပါတယ်။ တရုတ်တို့ရဲ့ အချုပ်အခြာနဲ့ နယ်မြေပိုင်ဆိုင်မှုကို ခြိမ်းခြောက်လာတဲ့ ခရီးစဉ်အပေါ် ဒီအတိုင်း ထိုင်ကြည့်နေမှာ မဟုတ်ဘဲ လက်တုံ့ပြန်သွားမယ်လို့ တရုတ်နိုင်ငံခြားရေးဌာနပြောခွင့်ရ Zhao Lijian က တနင်္လာနေ့မှာ ပြောထားပါတယ်။

ဒီကနေ့မှာတော့ ထိုင်ဝမ်ကျွန်းနားကို တရုတ်တိုက်လေယာဉ်တွေ ပျံသန်းခဲ့သလို တရုတ် စစ်သင်္ဘောတွေလည်း နှစ်ဘက် ကြားခံရေပိုင်နက်ထဲကို ရောက်လာခဲ့တယ်လို့ အမည်မဖော်လိုသူတဦးရဲ့ ပြောပြချက်ကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

#USChina #VOABurmese #ထိုင်ဝမ် #Nancy Pelosi
==========

XS
SM
MD
LG