[[Zawgyi/Unicode]]
တ႐ုတ္နဲ႔ အေမရိကန္ၾကားတင္းမာေနခ်ိန္မွာ အေမရိကန္ ေအာက္လႊတ္ေတာ္ ဥကၠ႒ Nancy Pelosi က ထိုင္ဝမ္ကို သြားေရာက္ခဲ့ရင္ အေမရိကန္က ေပးဆပ္ရလိမ့္မယ္လို႔ တ႐ုတ္က အဂၤါေန႔က သတိေပးလိုက္ပါတယ္။ နန္စီ ပလိုစီ ဟာ ၂၅ ႏွစ္အတြင္းမွာ ထိုင္ဝမ္ကို သြားေရာက္တဲ့ အဆင့္ျမင့္ဆုံး အေမရိကန္ တာဝန္ရွိသူ ျဖစ္ပါတယ္။ ထိုင္ဝမ္ခရီးကို နန္စီ ပလိုစီက အတည္ျပဳခ်က္ မေပးေပမယ့္ အေမရိကန္နဲ႔ ထိုင္ဝမ္ မီဒီယာေတြကေတာ့ ဒီခရီး ျဖစ္လာလိမ့္မယ္လို႔ ေျပာၾကပါတယ္။
တ႐ုတ္ရဲ႕ အခ်ဳပ္အျခာအာဏာနဲ႔ လုံၿခဳံေရးဆိုင္ရာ အက်ိဳးစီးပြါးကို ေႏွာင့္ယွက္ တဲ့အတြက္ အေမရိကန္ဘက္ကတာဝန္ရွိၿပီး ေပးဆပ္ရပါလိမ့္မယ္လို႔ ႏိုင္ငံျခားေရး ဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ Hua Chunying က ေဘက်င္းမွာ လုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။
တ႐ုတ္က ထိုင္ဝမ္ကို သူ႔ရဲ႕နယ္ေျမအျဖစ္ သေဘာထားတာပါ။ တေန႔ေန႔မွာ လိုအပ္ရင္ အင္အားနဲ႔သိမ္းပိုက္မယ္လို႔ ဆိုပါတယ္။ ၿပီးခဲ့တဲ့အပတ္အတြင္း အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္နဲ႔ စကားေျပာတဲ့အခါ တ႐ုတ္သမၼတက အေမရိကန္ကို မီးနဲ႔မကစားဖို႔ သတိေပးခဲ့ပါတယ္။ အေမရိကန္သမၼတက နန္စီ ပလိုစီ ထိုင္ဝမ္ ဝင္မွာကို ဆန႔္က်င္ေပမယ့္ အေမရိကန္ေအာက္လႊတ္တာ္ဥကၠ႒မွာ ဆုံးျဖတ္ပိုင္ ခြင့္ရွိတယ္လို႔ အမ်ိဳးသား လုံၿခဳံေရး ေကာင္စီ ေျပာေရးဆိုခြင့္ရွိသူ John Kirby က ေျပာပါတယ္။
“အေမရိကန္ရဲ႕ ေရရွည္ရွိခဲ့ၿပီးျဖစ္တဲ့ ထိုင္ဝမ္မူဝါဒကို အက်ပ္အတည္း ျဖစ္ေအာင္ တ႐ုတ္က ေျပာင္းပစ္ဖို႔ က်ိဳးေၾကာင္းယုတၱိ မရွိပါဘူး” လို႔ John Kirby က ဆိုပါတယ္။
နန္စီ ပလိုစီ ရဲ႕ ထိုင္ဝမ္ခရီးဟာ ရန္စတာျဖစ္တယ္လို႔ ႐ုရွားအစိုးရ ေျပာေရးဆိုခြင့္ရွိသူ Dmitry Peskov က အဂၤါေန႔ကေျပာလိုက္ၿပီး တ႐ုတ္နဲ႔တစိတ္တဝမ္းတည္း ျဖစ္ေၾကာင္း ျပသလိုက္ပါတယ္။
==========
[[Unicode]]
ကန်လွှတ်တော်ဥက္ကဋ္ဌ ထိုင်ဝမ်သွားမယ့်ခရီး တရုတ်သတိပေး
တရုတ်နဲ့ အမေရိကန်ကြားတင်းမာနေချိန်မှာ အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ Nancy Pelosi က ထိုင်ဝမ်ကို သွားရောက်ခဲ့ရင် အမေရိကန်က ပေးဆပ်ရလိမ့်မယ်လို့ တရုတ်က အင်္ဂါနေ့က သတိပေးလိုက်ပါတယ်။ နန်စီ ပလိုစီ ဟာ ၂၅ နှစ်အတွင်းမှာ ထိုင်ဝမ်ကို သွားရောက်တဲ့ အဆင့်မြင့်ဆုံး အမေရိကန် တာဝန်ရှိသူ ဖြစ်ပါတယ်။ ထိုင်ဝမ်ခရီးကို နန်စီ ပလိုစီက အတည်ပြုချက် မပေးပေမယ့် အမေရိကန်နဲ့ ထိုင်ဝမ် မီဒီယာတွေကတော့ ဒီခရီး ဖြစ်လာလိမ့်မယ်လို့ ပြောကြပါတယ်။
တရုတ်ရဲ့ အချုပ်အခြာအာဏာနဲ့ လုံခြုံရေးဆိုင်ရာ အကျိုးစီးပွါးကို နှောင့်ယှက် တဲ့အတွက် အမေရိကန်ဘက်ကတာဝန်ရှိပြီး ပေးဆပ်ရပါလိမ့်မယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Hua Chunying က ဘေကျင်းမှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
တရုတ်က ထိုင်ဝမ်ကို သူ့ရဲ့နယ်မြေအဖြစ် သဘောထားတာပါ။ တနေ့နေ့မှာ လိုအပ်ရင် အင်အားနဲ့သိမ်းပိုက်မယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့အပတ်အတွင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒန်နဲ့ စကားပြောတဲ့အခါ တရုတ်သမ္မတက အမေရိကန်ကို မီးနဲ့မကစားဖို့ သတိပေးခဲ့ပါတယ်။ အမေရိကန်သမ္မတက နန်စီ ပလိုစီ ထိုင်ဝမ် ဝင်မှာကို ဆန့်ကျင်ပေမယ့် အမေရိကန်အောက်လွှတ်တာ်ဥက္ကဋ္ဌမှာ ဆုံးဖြတ်ပိုင် ခွင့်ရှိတယ်လို့ အမျိုးသား လုံခြုံရေး ကောင်စီ ပြောရေးဆိုခွင့်ရှိသူ John Kirby က ပြောပါတယ်။
“အမေရိကန်ရဲ့ ရေရှည်ရှိခဲ့ပြီးဖြစ်တဲ့ ထိုင်ဝမ်မူဝါဒကို အကျပ်အတည်း ဖြစ်အောင် တရုတ်က ပြောင်းပစ်ဖို့ ကျိုးကြောင်းယုတ္တိ မရှိပါဘူး” လို့ John Kirby က ဆိုပါတယ်။
နန်စီ ပလိုစီ ရဲ့ ထိုင်ဝမ်ခရီးဟာ ရန်စတာဖြစ်တယ်လို့ ရုရှားအစိုးရ ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က အင်္ဂါနေ့ကပြောလိုက်ပြီး တရုတ်နဲ့တစိတ်တဝမ်းတည်း ဖြစ်ကြောင်း ပြသလိုက်ပါတယ်။