သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံမှာ ဘာသာရေးလွတ်လပ်ခွင့်အခြေအနေ ဆိုးရွားနေဆဲ (ကန် အစီရင်ခံစာ)


USCIRF က မြန်မာနိုင်ငံဘာသာရေးလွတ်လပ်ခွင့်အကြောင်း အစီရင်ခံစာသစ်။ (Crd: USCIRF/ Dec 14, 2022)
USCIRF က မြန်မာနိုင်ငံဘာသာရေးလွတ်လပ်ခွင့်အကြောင်း အစီရင်ခံစာသစ်။ (Crd: USCIRF/ Dec 14, 2022)

[[Zawgyi/Unicode]]

မြန်မာနိုင်ငံမှာ နေရာအနှံ့ ဘာသာရေးလွတ်လပ်ခွင့် အခြေအနေဆိုးဝါးနေတဲ့အတွက် အထူးစိုးရိမ်ရတဲ့ နိုင်ငံစာရင်းမှာ ဆက်လက်ထည့်သွင်းဖို့ အမေရိကန်ပြည်ထောင်စု ဘာသာရေး လွတ်လပ်မှုကော်မရှင် USCIRF က အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကို တိုက်တွန်းတဲ့အကြောင်း မနေ့က ထုတ်ပြန်တဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ မူဝါဒ နောက်ဆုံးထုတ်ပြန်ချက် အစီရင်ခံစာမှာ ဖေါ်ပြပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းပြည်အနှံ့ ပိုမိုဆိုးဝါးလာတဲ့ ဘာသာရေး အခွင့်အရေးချိုးဖောက်မှုတွေ၊ ဘာသာရေးလူနည်းစုတွေအပေါ် ဖိနှိပ်မှုတွေအပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ အခြေအနေတွေကို အစီရင်ခံစာမှာ ဖေါ်ပြပါတယ်။
မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပေါ်နေတဲ့ အကြပ်အတည်းကြား ဘာသာရေးလွတ်လပ်ခွင့်အခြေအနေ ဆုတ်ယုတ်မှုတွေအပေါ် ကိုင်တွယ်ဖြေရှင်းဖို့ ရှေ့ဆက်ဘာလုပ်သင့်တယ်ဆိုတာတွေကိုလည်း ကော်မရှင်က အမေရိကန်အစိုးရကို အကြံပြုချက်တွေ အစီရင်ခံစာမှာ ထည့်သွင်းထားပါတယ်

ကော်မရှင်အနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazar မှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို သွားရောက်တွေ့ဆုံတာ၊ ဘင်္ဂလားဒေ့ရှ် အစိုးရအရာရှိတွေ အကူအညီပေးရေးအဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးတာ၊သူတို့ကို ရိုဟင်ဂျာအဖြစ် အသိအမှတ်မပြုတဲ့ မြန်မာနိုင်ငံဘက် နေရပ်ပြန်နိုင်ခြေ အနေအထားတွေ မှတ်တမ်းတင်ခဲ့တာတွေကို အစီရင်ခံစာမှာ ရေးသားထားပါတယ်။ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု အဆုံးသတ်ရေးနဲ့ ပြစ်မှုကျူးလွန်တဲ့ မြန်မာစစ်တပ်အပေါ်အရေးယူနိုင်ရေး ကြားနာပွဲ နှစ်ကြိမ် ကျင်းပခဲ့တဲ့အကြောင်းလည်း အစီရင်ခံစာမှာ ပါရှိပါတယ်။

ဘာသာရေး လွတ်လပ်ခွင့် အထူးစိုးရိမ်ရတဲ့ နိုင်ငံစာရင်းမှာ မြန်မာနိုင်ငံအပါအဝင် နိုင်ငံ ၁၅ နိုင်ငံကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာက အရင်ကတည်းက သတ်မှတ်ပြီးသား ဖြစ်ပါတယ်။ USCIRF ရဲ့ ပြီးခဲ့တဲ့ ဧပြီလကထုတ်ပြန်တဲ့ အစီရင်ခံစာမှာလည်း ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ကချင်၊ ရှမ်းနဲ့ ကယားပြည်နယ်တွေက ခရစ်ယန်ဘာသာရေးကျောင်းတွေ မီးရှို့ ဖျက်ဆီးခံရတာ၊ တရားဟောဆရာတွေ ပစ်ခတ်သတ်ဖြတ်ခံရတာတွေအပါအဝင် ဘာသာရေးဖိနှိပ်မှုအကြောင်းတွေကို ဖေါ်ပြခဲ့ပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ သူရဲ့ အုပ်ချုပ်မှု တရားဝင်တယ်ဆိုတာကို အသိအမှတ်ပြုခံဖို့ အတွက် ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒီတွေနဲ့ အနီးကပ် ပူးပေါင်း လုပ်ဆောင်နေတယ်လို့လည်း USCIRF ဘာသာရေးလွတ်လပ်ခွင့်ကော်မရှင်က ထောက်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

=================

[[Unicode]]







XS
SM
MD
LG