သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

Texas လူကုန္ကူးမႈအျဖစ္ဆိုး မကၠဆီကိုႏိုင္ငံသားႏွစ္ဦး ဖမ္းဆီးအေရးယူ


တကၠဆက္ျပည္နယ္အတြင္း အလံုပိတ္ကားထဲမွာ လူကုန္ကူးခံရသူေပါင္း ၅၁ ေယာက္ေသဆံုးခဲ့ရတဲ့ အလံုပိတ္ကားကိုေတြ႔ခဲ့တဲ့ေနရာမွာ ဝမ္းနည္းမႈကိုေဖာ္ျပၾကသူမ်ား။ (ဇြန္ ၂၉ ၊ ၂၀၂၂)

[[Zawgyi/Unicode]]

အေမရိကန္ျပည္ေထာင္စု Texas ျပည္နယ္မွာ လူကုန္ကူးသူေတြ စြန္႔ပစ္ထားခဲ့ပံုရတဲ့ ကုန္တင္ကားႀကီးတခုထဲ ဒါဇင္နဲ႔ခ်ီတဲ့လူေသအေလာင္းေတြ ေတြ႔ခဲ့ရတာနဲ႔ဆက္စပ္ၿပီး Mexico ႏိုင္ငံသား ၂ ေယာက္ကို ဖမ္းဆီးအမႈဖြင့္ထားပါတယ္။

အေမရိကန္ထဲ တရားမဝင္ ဝင္ေရာက္ေနထိုင္ေနစဥ္ လက္နက္ပိုင္ဆိုင္မႈနဲ႔ သူတို႔ ၂ ေယာက္ကို အမႈဖြင့္ထားေၾကာင္း တရားရံုးမွတ္တမ္းေတြအရ သိရပါတယ္။

၁၀၃ ဒီဂရီဖာရင္ဟိုက္ေလာက္ အပူခ်ိန္ရွိေနစဥ္ အလံုပိတ္ ကုန္တင္ကားႀကီးထဲမွာ အေလာင္းေတြကို တနလၤာေန႔က ေတြ႕ရွိခဲ့တာျဖစ္ပါတယ္။ ကားထဲမွာ ေသာက္ေရ ရွိပံုမေတြ႕ရသလို ေလေအးစက္လည္း အလုပ္လုပ္ပံုမရဘူးလို႔ San Antonio ၿမိဳ႕မီးသတ္ဌာန တာဝန္ရွိသူေတြက ေျပာပါတယ္။ ကုန္တင္ကားထဲမွာ အေလာင္း ၄၆ ေလာင္းေတြ႕ရွိခဲ့ၿပီး ေဆးရံုတင္ထားတဲ့ ၁၆ ေယာက္ထဲက ၅ ေယာက္ေသဆံုးသြားတဲ့အတြက္ စုစုေပါင္း ေသဆံုးသူ ၅၁ ေယာက္ျဖစ္ပါတယ္။

ေသဆံုးသူေတြဟာ Mexico၊ Guatemala နဲ႔ Honduras ႏိုင္ငံေတြက ျဖစ္တယ္ လို႔ Texas လာတဲ့သတင္းေတြမွာ ေဖာ္ျပပါတယ္။ ေသဆံုးသြားသူေတြအတြက္ ဆုေတာင္းပြဲကို Houston ၿမိဳ႕မွာ အဂၤါေန႔က ျပဳလုပ္ခဲ့ၾကပါတယ္။ Mexico သမၼတ Andrés Manuel López Obrador ကလည္း က်န္ရစ္သူေတြအတြက္ ဝမ္းနည္းစကားေျပာၾကားခဲ့ပါတယ္။ ဇူလိုင္လက်ရင္ အေမရိကန္သမၼတ Joe Biden နဲ႔သူ ေတြ႕ဆံုဖို႔ရွိၿပီး တရားမဝင္ ေရႊ႕ေျပာင္းေနထိုင္ဖို႔ႀကိဳးစားသူေတြရဲ႕ ျပႆနာကို အဓိကေဆြးေႏြးမယ္လို႔ Mexico သမၼတက ေျပာပါတယ္။

ကုန္တင္ကားႀကီးေပၚမွာ အေလာင္းေတြ ေတြ႕ရွိမႈကေန အေမရိကန္ျပည္ေထာင္စုမွာ အေျခခ်ေနထိုင္ႏိုင္ဖို႔ လက္တင္အေမရိကႏိုင္ငံေတြက တရားမဝင္လာေရာက္ေနသူေတြရဲ႕ ျပႆနာႀကီးမားေနတယ္ဆိုတာ ထပ္ၿပီး မီးေမာင္းထိုးျပေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

=============

[[Unicode]]

Texas လူကုန်ကူးမှုအဖြစ်ဆိုး မက္ကဆီကိုနိုင်ငံသားနှစ်ဦး ဖမ်းဆီးအရေးယူ

အမေရိကန်ပြည်ထောင်စု Texas ပြည်နယ်မှာ လူကုန်ကူးသူတွေ စွန့်ပစ်ထားခဲ့ပုံရတဲ့ ကုန်တင်ကားကြီးတခုထဲ ဒါဇင်နဲ့ချီတဲ့လူသေအလောင်းတွေ တွေ့ခဲ့ရတာနဲ့ဆက်စပ်ပြီး Mexico နိုင်ငံသား ၂ ယောက်ကို ဖမ်းဆီးအမှုဖွင့်ထားပါတယ်။

အမေရိကန်ထဲ တရားမဝင် ဝင်ရောက်နေထိုင်နေစဉ် လက်နက်ပိုင်ဆိုင်မှုနဲ့ သူတို့ ၂ ယောက်ကို အမှုဖွင့်ထားကြောင်း တရားရုံးမှတ်တမ်းတွေအရ သိရပါတယ်။

၁၀၃ ဒီဂရီဖာရင်ဟိုက်လောက် အပူချိန်ရှိနေစဉ် အလုံပိတ် ကုန်တင်ကားကြီးထဲမှာ အလောင်းတွေကို တနင်္လာနေ့က တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ကားထဲမှာ သောက်ရေ ရှိပုံမတွေ့ရသလို လေအေးစက်လည်း အလုပ်လုပ်ပုံမရဘူးလို့ San Antonio မြို့မီးသတ်ဌာန တာဝန်ရှိသူတွေက ပြောပါတယ်။ ကုန်တင်ကားထဲမှာ အလောင်း ၄၆ လောင်းတွေ့ရှိခဲ့ပြီး ဆေးရုံတင်ထားတဲ့ ၁၆ ယောက်ထဲက ၅ ယောက်သေဆုံးသွားတဲ့အတွက် စုစုပေါင်း သေဆုံးသူ ၅၁ ယောက်ဖြစ်ပါတယ်။

သေဆုံးသူတွေဟာ Mexico၊ Guatemala နဲ့ Honduras နိုင်ငံတွေက ဖြစ်တယ် လို့ Texas လာတဲ့သတင်းတွေမှာ ဖော်ပြပါတယ်။ သေဆုံးသွားသူတွေအတွက် ဆုတောင်းပွဲကို Houston မြို့မှာ အင်္ဂါနေ့က ပြုလုပ်ခဲ့ကြပါတယ်။ Mexico သမ္မတ Andrés Manuel López Obrador ကလည်း ကျန်ရစ်သူတွေအတွက် ဝမ်းနည်းစကားပြောကြားခဲ့ပါတယ်။ ဇူလိုင်လကျရင် အမေရိကန်သမ္မတ Joe Biden နဲ့သူ တွေ့ဆုံဖို့ရှိပြီး တရားမဝင် ရွှေ့ပြောင်းနေထိုင်ဖို့ကြိုးစားသူတွေရဲ့ ပြဿနာကို အဓိကဆွေးနွေးမယ်လို့ Mexico သမ္မတက ပြောပါတယ်။

ကုန်တင်ကားကြီးပေါ်မှာ အလောင်းတွေ တွေ့ရှိမှုကနေ အမေရိကန်ပြည်ထောင်စုမှာ အခြေချနေထိုင်နိုင်ဖို့ လက်တင်အမေရိကနိုင်ငံတွေက တရားမဝင်လာရောက်နေသူတွေရဲ့ ပြဿနာကြီးမားနေတယ်ဆိုတာ ထပ်ပြီး မီးမောင်းထိုးပြနေပါတယ်။

XS
SM
MD
LG