သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ႏိုင္ငံတြင္း ကေလးႏို႔မႈန္ရွားပါးမႈအက်ပ္အတည္း ေျဖရွင္းဖို႔ ကန္သမၼတ အမိန႔္ထုတ္ျပန္


Abbott Laboratories

[[Zawgyi/Unicode]]

အေမရိကန္ျပည္ေထာင္စုမွာ ကေလးႏို႔မႈန္႔ထုတ္လုပ္တာ အရွိန္ျမႇင့္ႏိုင္ေအာင္နဲ႔ ႏိုင္ငံျခားကႏို႔မႈန္႔ေတြ တင္သြင္းႏိုင္ေအာင္ သမၼတ Joe Biden က Defense Production Act ကာကြယ္ေရးဆိုင္ရာ ထုတ္လုပ္မႈဥပေဒကို ဗုဒၶဟူးေန႔က ထုတ္ျပန္လိုက္ပါတယ္။ ႏိ္ုင္ငံထဲက အႀကီးဆံုး ကေလးႏႈိ႔မႈန္႔စက္ရံုကို ေဘးကင္းလံုျခံဳမႈနဲ႔ဆိုင္တဲ့ကိစၥေၾကာင့္ ပိတ္ခဲ့ၿပီးေနာက္ ႏိုင္ငံထဲမွာ ကေလးႏု႔ိမႈန္ရွားပါးတဲ့ ျပႆနာႀကီးမားေနၿပီး ႏိုုင္ငံေရးအရ ဖိအားေတြရွိေနခ်ိန္မွာ သမၼတက ခုလို ဥပေဒထုတ္ျပန္လိုက္တာပါ။

ဒီဥပေဒထုတ္ျပန္လိုက္တဲ့အတြက္ ႏို႔မႈန္႔ထုတ္လုပ္တဲ့ ကုမၸဏီေတြလိုအပ္တဲ့ ပစၥည္းေတြကို သက္ဆိုင္ရာကုမၸဏီေတြဆီကေန ဦးစားေပး ျဖည့္စည္းေပးရမွာျဖစ္ပါတယ္။ အေမရိကန္ရဲ႕ ေဘးကင္းလံုျခံဳမႈပိုင္း စံခ်ိန္တူတဲ့ ႏိုင္ငံျခားက ႏို႔မႈန္႔ေတြကို ခရီးသည္နဲ႔ ကုန္တင္ေလယာဥ္ေတြသံုး တင္သြင္းဖို႔လည္း ကာကြယ္ေရးဌာနကို သမၼတက ခြင့္ျပဳခဲ့ပါတယ္။ Abbott Nutrition ကေလးႏို႔မႈန္႔ စက္ရံုကထုတ္လုပ္တဲ့ ႏို႔မႈန္႔ေတြအႏၲရာယ္မကင္းဘူးလို႔ဆိုၿပီး February လထဲက ဆိုင္ေတြကေန ႏို႔မႈန္႔ေတြ ျပန္သိမ္းၿပီး စက္ရံုကိုလည္း ပိတ္ထားခဲ့ပါတယ္။

ခုလိုႏို႔မႈန္႔ထုတ္လုပ္မႈထိခိုက္ခဲ့သလို ႏိုင္ငံထဲက တျခားႏို႔မႈန္႔ထုတ္လုပ္တဲ့ ကုမၸဏီေတြရဲ႕ ျဖန္႔ျဖဴးေရးပိုင္းမွာလည္း ထိခိုက္ၾကန္႔ၾကာမႈေတြရွိေနတာေၾကာင့္ ႏိုင္ငံတဝန္း ႏို႔မႈန္႔ျပတ္လပ္တဲ့ ျပႆနာႀကီးမားေနတာျဖစ္ပါတယ္။ Michigan ျပည္နယ္မွာရွိတဲ့ Abbott ကေလးႏို႔မႈန္႔စက္ရံုကို ျပန္လည္ လည္ပတ္ဖို႔ က်န္းမာေရးဆိုင္ရာ တာဝန္ရွိသူေတြနဲ႔ သေဘာတူညီမႈရထားၿပီလို႔ ကုမၸဏီက တနလၤာေန႔က ေျပာပါတယ္။

ဗုဒၶဟူးေန႔မွာ သမၼတထုတ္ျပန္တဲ့ ဥပေဒဟာ အေမရိကန္မွာ ကာကြယ္ေရးဆိုင္ရာ အေရးေပၚအေျခေနျဖစ္လာရင္ လုပ္ငန္းေတြအေနနဲ႔ လိုအပ္တဲ့ ပစၥည္းေတြ ဝန္ေဆာင္မႈေတြကို ဦးစားေပး ထုတ္လုပ္ေပးဖို႔ ျပဌာန္းတဲ့ ဥပေဒျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

=============

[[Unicode]]


နိုင်ငံတွင်း ကလေးနို့မှုန်ရှားပါးမှုအကျပ်အတည်း ဖြေရှင်းဖို့ ကန်သမ္မတ အမိန့်ထုတ်ပြန်

အမေရိကန်ပြည်ထောင်စုမှာ ကလေးနို့မှုန့်ထုတ်လုပ်တာ အရှိန်မြှင့်နိုင်အောင်နဲ့ နိုင်ငံခြားကနို့မှုန့်တွေ တင်သွင်းနိုင်အောင် သမ္မတ Joe Biden က Defense Production Act ကာကွယ်ရေးဆိုင်ရာ ထုတ်လုပ်မှုဥပဒေကို ဗုဒ္ဓဟူးနေ့က ထုတ်ပြန်လိုက်ပါတယ်။ နိုင်ငံထဲက အကြီးဆုံး ကလေးနှို့မှုန့်စက်ရုံကို ဘေးကင်းလုံခြုံမှုနဲ့ဆိုင်တဲ့ကိစ္စကြောင့် ပိတ်ခဲ့ပြီးနောက် နိုင်ငံထဲမှာ ကလေးနု့ိမှုန်ရှားပါးတဲ့ ပြဿနာကြီးမားနေပြီး နိုင်ငံရေးအရ ဖိအားတွေရှိနေချိန်မှာ သမ္မတက ခုလို ဥပဒေထုတ်ပြန်လိုက်တာပါ။

ဒီဥပဒေထုတ်ပြန်လိုက်တဲ့အတွက် နို့မှုန့်ထုတ်လုပ်တဲ့ ကုမ္ပဏီတွေလိုအပ်တဲ့ ပစ္စည်းတွေကို သက်ဆိုင်ရာကုမ္ပဏီတွေဆီကနေ ဦးစားပေး ဖြည့်စည်းပေးရမှာဖြစ်ပါတယ်။ အမေရိကန်ရဲ့ ဘေးကင်းလုံခြုံမှုပိုင်း စံချိန်တူတဲ့ နိုင်ငံခြားက နို့မှုန့်တွေကို ခရီးသည်နဲ့ ကုန်တင်လေယာဉ်တွေသုံး တင်သွင်းဖို့လည်း ကာကွယ်ရေးဌာနကို သမ္မတက ခွင့်ပြုခဲ့ပါတယ်။ Abbott Nutrition ကလေးနို့မှုန့် စက်ရုံကထုတ်လုပ်တဲ့ နို့မှုန့်တွေအန္တရာယ်မကင်းဘူးလို့ဆိုပြီး February လထဲက ဆိုင်တွေကနေ နို့မှုန့်တွေ ပြန်သိမ်းပြီး စက်ရုံကိုလည်း ပိတ်ထားခဲ့ပါတယ်။

ခုလိုနို့မှုန့်ထုတ်လုပ်မှုထိခိုက်ခဲ့သလို နိုင်ငံထဲက တခြားနို့မှုန့်ထုတ်လုပ်တဲ့ ကုမ္ပဏီတွေရဲ့ ဖြန့်ဖြူးရေးပိုင်းမှာလည်း ထိခိုက်ကြန့်ကြာမှုတွေရှိနေတာကြောင့် နိုင်ငံတဝန်း နို့မှုန့်ပြတ်လပ်တဲ့ ပြဿနာကြီးမားနေတာဖြစ်ပါတယ်။ Michigan ပြည်နယ်မှာရှိတဲ့ Abbott ကလေးနို့မှုန့်စက်ရုံကို ပြန်လည် လည်ပတ်ဖို့ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေနဲ့ သဘောတူညီမှုရထားပြီလို့ ကုမ္ပဏီက တနင်္လာနေ့က ပြောပါတယ်။

ဗုဒ္ဓဟူးနေ့မှာ သမ္မတထုတ်ပြန်တဲ့ ဥပဒေဟာ အမေရိကန်မှာ ကာကွယ်ရေးဆိုင်ရာ အရေးပေါ်အခြေနေဖြစ်လာရင် လုပ်ငန်းတွေအနေနဲ့ လိုအပ်တဲ့ ပစ္စည်းတွေ ဝန်ဆောင်မှုတွေကို ဦးစားပေး ထုတ်လုပ်ပေးဖို့ ပြဌာန်းတဲ့ ဥပဒေဖြစ်ပါတယ်။

=============

XS
SM
MD
LG