သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကန္နဲ႔အစၥေရး လုံၿခဳံေရးဆိုင္ရာသေဘာတူညီခ်က္မ်ားခ်ဳပ္ဆို


အေမရိကန္သမၼတ Joe Biden (ဝဲ) အစၥေရးအိမ္ေစာင့္အစိုးရ ဝန္ႀကီးခ်ဳပ္ Yair Lapid တို႔ အစၥေရးႏုိင္ငံ၊ ေဂ်႐ုစလင္မွာ ေတြ႔ဆံုစဥ္။ (ဇူလိုင္ ၁၄၊ ၂၀၂၂)  

[[Zawgyi/Unicode]]

အစၥေရးႏိုင္ငံမွာ ဒုတိယေန႔အျဖစ္ေရာက္ေနတဲ့ အေမရိကန္သမၼတ Joe Biden နဲ႔ အစၥေရးအိမ္ေစာင့္အစိုးရဝန္ႀကီးခ်ဳပ္ Yair Lapid တို႔ Jerusalem ၿမိဳ႕မွာ ဒီေန႔ေတြ႕ဆံု ေဆြးေႏြးခဲ့ၾကပါတယ္။ ၂ ႏိုင္ငံၾကား ေကာင္းမြန္တဲ႔ဆက္ဆံေရးရဲ႕ အစျဖစ္တယ္လို႔ သမၼတ Biden ေျပာၾကားခဲ့ပါတယ္။

“ေရရွည္ဆက္ဆံေရးအတြက္ ေကာင္းမြန္တဲ့ အစျဖစ္ပါတယ္။ ၂ ႏိုင္ငံ ရင္ဆိုင္ေနရတဲ့ ျပႆနာေတြ၊ အခြင့္အလမ္းေတြအေၾကာင္း အစၥေရးယာယီဝန္ႀကီးခ်ဳပ္နဲ႔ ပြင့္ပြင့္လင္းလင္း ေဆြးေႏြး” ခဲ့ေၾကာင္းနဲ႔ အေရွ႕အလယ္ပိုင္းမွာ အစၥေရးႏိုင္ငံ လံုးဝ တသားထဲျဖစ္ေနသင့္တယ္” ဆိုတဲ့ အေမရိကန္ရဲ႕ အျမင္သေဘာထားေတြကို ေဆြးေႏြးခဲ့တယ္လို႔ သမၼတ Joe Biden ကေျပာၾကားခဲ့တာျဖစ္ပါတယ္။

အေမရိကန္နဲ႔ အစၥေရးႏိုင္ငံၾကား စစ္ေရးတိုးျမႇင့္ပူးေပါင္းေဆာင္ရြက္ေရး၊ အီရန္ႏိုင္ ငံ Nuclear လက္နက္မထုတ္လုပ္ႏိုင္ေအာင္ တားဆီးေရး သေဘာတူစာခ်ဳပ္ကိုလည္း ေခါင္းေဆာင္ ၂ ေယာက္ၾကား လက္မွတ္ေရးထိုးခဲ့ၾကပါတယ္။ အီရန္ရဲ႕ Nuclear အႏၲရာယ္ဟာ အစၥေရးအတြက္တင္ မဟုတ္ဘဲ ကမာၻႀကီးအတြက္ပါ ၿခိမ္းေျခာက္မႈျဖစ္တယ္လို႔ အစၥေရးဝန္ႀကီးခ်ဳပ္ Lapid ကေျပာၾကားခဲ့ၿပီး ဒီကိစၥကိုလည္း သမၼတ Biden နဲ႔ ေဆြးေႏြးခဲ့တယ္လို႔ ေျပာပါတယ္။

အေရွ႕အလယ္ပိုင္းေဒသမွာ အစၥေရးနဲ႔ ပါလက္စတိုင္း ၂ ႏိုင္ငံအတူယွဥ္တြဲ တည္ ရွိႏိုင္ေရးအတြက္ ၂ ဘက္လံုးကို အေမရိကန္ျပည္ေထာင္စုက ပံ့ပိုးကူညီသြားမယ္လို႔ သမၼတ Biden က အာမခံတဲ့အေၾကာင္း အေမရိကန္-အစၥေရးပူး တဲြထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

သမၼတ Joe Biden ဟာေသာၾကာေန႔က်ရင္ ပါလက္စတိုင္း ေခါင္းေဆာင္ Mahmoud Abbas နဲ႔ ေတြ႕ဆံုမွာျဖစ္ပါတယ္။

ဒီေန႔ ၾကာသပေတးေန႔အေစာပိုင္းကေတာ့ အေမရိကန္၊ အစၥေရး၊ အိႏၵိယနဲ႔ အာရပ္ေစာ္ဘြားမ်ားျပည္ေထာင္စုတို႔ပါဝင္တဲ့ I2U2 အြန္လိုင္း အစည္းအေဝးကိုလည္း သမၼတ Biden တက္ေရာက္ခဲ့ပါတယ္။ စားေရရိကၡာဖူလံုေရး၊ သန္႔ရွင္းေလာင္စာထုတ္လုပ္ေရးတို႔အတြက္ ေဆာင္ရြက္သြားၾကဖို႔ I2U2 ေခါင္းေဆာင္ေတြ သေဘာတူညီခဲ့ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]

ကန်နဲ့အစ္စရေး လုံခြုံရေးဆိုင်ရာသဘောတူညီချက်များချုပ်ဆို

အစ္စရေးနိုင်ငံမှာ ဒုတိယနေ့အဖြစ်ရောက်နေတဲ့ အမေရိကန်သမ္မတ Joe Biden နဲ့ အစ္စရေးအိမ်စောင့်အစိုးရဝန်ကြီးချုပ် Yair Lapid တို့ Jerusalem မြို့မှာ ဒီနေ့တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။ ၂ နိုင်ငံကြား ကောင်းမွန်တဲ့ဆက်ဆံရေးရဲ့ အစဖြစ်တယ်လို့ သမ္မတ Biden ပြောကြားခဲ့ပါတယ်။

“ရေရှည်ဆက်ဆံရေးအတွက် ကောင်းမွန်တဲ့ အစဖြစ်ပါတယ်။ ၂ နိုင်ငံ ရင်ဆိုင်နေရတဲ့ ပြဿနာတွေ၊ အခွင့်အလမ်းတွေအကြောင်း အစ္စရေးယာယီဝန်ကြီးချုပ်နဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေး” ခဲ့ကြောင်းနဲ့ အရှေ့အလယ်ပိုင်းမှာ အစ္စရေးနိုင်ငံ လုံးဝ တသားထဲဖြစ်နေသင့်တယ်” ဆိုတဲ့ အမေရိကန်ရဲ့ အမြင်သဘောထားတွေကို ဆွေးနွေးခဲ့တယ်လို့ သမ္မတ Joe Biden ကပြောကြားခဲ့တာဖြစ်ပါတယ်။

အမေရိကန်နဲ့ အစ္စရေးနိုင်ငံကြား စစ်ရေးတိုးမြှင့်ပူးပေါင်းဆောင်ရွက်ရေး၊ အီရန်နိုင် ငံ Nuclear လက်နက်မထုတ်လုပ်နိုင်အောင် တားဆီးရေး သဘောတူစာချုပ်ကိုလည်း ခေါင်းဆောင် ၂ ယောက်ကြား လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ အီရန်ရဲ့ Nuclear အန္တရာယ်ဟာ အစ္စရေးအတွက်တင် မဟုတ်ဘဲ ကမ္ဘာကြီးအတွက်ပါ ခြိမ်းခြောက်မှုဖြစ်တယ်လို့ အစ္စရေးဝန်ကြီးချုပ် Lapid ကပြောကြားခဲ့ပြီး ဒီကိစ္စကိုလည်း သမ္မတ Biden နဲ့ ဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။

အရှေ့အလယ်ပိုင်းဒေသမှာ အစ္စရေးနဲ့ ပါလက်စတိုင်း ၂ နိုင်ငံအတူယှဉ်တွဲ တည် ရှိနိုင်ရေးအတွက် ၂ ဘက်လုံးကို အမေရိကန်ပြည်ထောင်စုက ပံ့ပိုးကူညီသွားမယ်လို့ သမ္မတ Biden က အာမခံတဲ့အကြောင်း အမေရိကန်-အစ္စရေးပူး တွဲထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သမ္မတ Joe Biden ဟာသောကြာနေ့ကျရင် ပါလက်စတိုင်း ခေါင်းဆောင် Mahmoud Abbas နဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။

ဒီနေ့ ကြာသပတေးနေ့အစောပိုင်းကတော့ အမေရိကန်၊ အစ္စရေး၊ အိန္ဒိယနဲ့ အာရပ်စော်ဘွားများပြည်ထောင်စုတို့ပါဝင်တဲ့ I2U2 အွန်လိုင်း အစည်းအဝေးကိုလည်း သမ္မတ Biden တက်ရောက်ခဲ့ပါတယ်။ စားရေရိက္ခာဖူလုံရေး၊ သန့်ရှင်းလောင်စာထုတ်လုပ်ရေးတို့အတွက် ဆောင်ရွက်သွားကြဖို့ I2U2 ခေါင်းဆောင်တွေ သဘောတူညီခဲ့ကြပါတယ်။

XS
SM
MD
LG