[[Zawgyi/Unicode]]
အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာ့အရေးအာဆီယံဘုံသဘောတူညီချက်ကို ထောက်ခံပြီး သက်ဆိုင်ရာ အစုအဖွဲ့အားလုံးနဲ့ ဆက်သွယ်ဆောင်ရွက်နေသလို မြန်မာ့အရေးဖြေရှင်းဖို့ အကြံပြုချက်အားလုံးကိုလည်း ကြိုဆိုတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန ဒုတိယလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Jung Pak က VOA နဲ့ သီးသန့်မေးမြန်းစဉ်မှာပြောဆိုပါတယ်။
မြန်မာ့အရေးဖြေရှင်းရာမှာ ကြားကလ အမျိုးသားညီညွတ်ရေး အစိုးရ NUG နဲ့လည်း ထိစပ်ဆက်ဆံသင့်တယ်ဆိုပြီး မလေးရှားနိုင်ငံဘက်က အဆိုပြုချက်ထွက်လာတာနဲ့ ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုရဲ့ ရပ်တည်ချက်ကို VOA က မေးမြန်းခဲ့တာပါ။ ဒီကနေ့ စတင်ကျင်းပမယ့် အမေရိကန် အာဆီယံ ထိပ်သီးအစည်းအဝေးကနေ မြန်မာနိုင်ငံ ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်ရောက်ရေးအတွက် ဖိအားပေးနိုင်ဖို့ နည်းလမ်းပေါင်းစုံကို ရှာသွားမယ်လို့လည်း ပြောဆိုပါတယ်။
အခု အစည်းအဝေးမှာ မြန်မာနိုင်ငံဘက်က နိုင်ငံရေးအရ ကိုယ်စားမပြုတဲ့သူကိုပဲ တက်ရောက်ခွင့်ပေးတဲ့အတွက် စစ်ကောင်စီကိုယ်စားပြု နိုင်ငံခြားရေးဝန်ကြီး ဒါမှမဟုတ် အကြီးအကဲတွေကို ဖိတ်ကြားခြင်း မရှိပါဘူး။ ထိပ်သီးဆွေးနွေးပွဲကျင်းပနေချိန်မှာ အမေရိကန်နိုင်ငံခြားရေးဌာနအကြီးတန်းအရာရှိတွေအပါအဝင် အာဆီယံတာဝန်ရှိသူတချို့နဲ့ ဆွေးနွေးဖို့ NUG နိုင်ငံခြားရေးဝန်ကြီးဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ ဝါရှင်တန်ဒီစီမှာရောက်ရှိနေပါတယ်။
=============
[[Unicode]]
=============