သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

“ ျမန္မာ့အေရး သက္ဆိုင္သူအားလုံးနဲ႔ ထိစပ္ေဆာင္႐ြက္ေန” ကန္အႀကီးတန္းအရာရွိ Jung Pak


အေမရိကန္ႏိုင္ငံျခားေရးဌာန ဒုတိယလက္ေထာက္ႏိုင္ငံျခားေရးဝန္ႀကီး Jung Pak


[[Zawgyi/Unicode]]

အေမရိကန္ျပည္ေထာင္စုအေနနဲ႔ ျမန္မာ့အေရးအာဆီယံဘုံသေဘာတူညီခ်က္ကို ေထာက္ခံၿပီး သက္ဆိုင္ရာ အစုအဖြဲ႔အားလုံးနဲ႔ ဆက္သြယ္ေဆာင္႐ြက္ေနသလို ျမန္မာ့အေရးေျဖရွင္းဖို႔ အႀကံျပဳခ်က္အားလုံးကိုလည္း ႀကိဳဆိုတယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဌာန ဒုတိယလက္ေထာက္ႏိုင္ငံျခားေရးဝန္ႀကီး Jung Pak က VOA နဲ႔ သီးသန႔္ေမးျမန္းစဥ္မွာေျပာဆိုပါတယ္။

ျမန္မာ့အေရးေျဖရွင္းရာမွာ ၾကားကလ အမ်ိဳးသားညီၫြတ္ေရး အစိုးရ NUG နဲ႔လည္း ထိစပ္ဆက္ဆံသင့္တယ္ဆိုၿပီး မေလးရွားႏိုင္ငံဘက္က အဆိုျပဳခ်က္ထြက္လာတာနဲ႔ ပတ္သက္လို႔ အေမရိကန္ျပည္ေထာင္စုရဲ႕ ရပ္တည္ခ်က္ကို VOA က ေမးျမန္းခဲ့တာပါ။ ဒီကေန႔ စတင္က်င္းပမယ့္ အေမရိကန္ အာဆီယံ ထိပ္သီးအစည္းအေဝးကေန ျမန္မာႏိုင္ငံ ဒီမိုကေရစီ လမ္းေၾကာင္းေပၚ ျပန္ေရာက္ေရးအတြက္ ဖိအားေပးႏိုင္ဖို႔ နည္းလမ္းေပါင္းစုံကို ရွာသြားမယ္လို႔လည္း ေျပာဆိုပါတယ္။

အခု အစည္းအေဝးမွာ ျမန္မာႏိုင္ငံဘက္က ႏိုင္ငံေရးအရ ကိုယ္စားမျပဳတဲ့သူကိုပဲ တက္ေရာက္ခြင့္ေပးတဲ့အတြက္ စစ္ေကာင္စီကိုယ္စားျပဳ ႏိုင္ငံျခားေရးဝန္ႀကီး ဒါမွမဟုတ္ အႀကီးအကဲေတြကို ဖိတ္ၾကားျခင္း မရွိပါဘူး။ ထိပ္သီးေဆြးေႏြးပြဲက်င္းပေနခ်ိန္မွာ အေမရိကန္ႏိုင္ငံျခားေရးဌာနအႀကီးတန္းအရာရွိေတြအပါအဝင္ အာဆီယံတာဝန္ရွိသူတခ်ိဳ႕နဲ႔ ေဆြးေႏြးဖို႔ NUG ႏိုင္ငံျခားေရးဝန္ႀကီးဦးေဆာင္တဲ့ ကိုယ္စားလွယ္အဖြဲ႔ ဝါရွင္တန္ဒီစီမွာေရာက္ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

=============
[[Unicode]]

“မြန်မာ့အရေး သက်ဆိုင်သူအားလုံးနဲ့ ထိစပ်ဆောင်ရွက်နေ” ကန်အကြီးတန်းအရာရှိ Jung Pak


အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာ့အရေးအာဆီယံဘုံသဘောတူညီချက်ကို ထောက်ခံပြီး သက်ဆိုင်ရာ အစုအဖွဲ့အားလုံးနဲ့ ဆက်သွယ်ဆောင်ရွက်နေသလို မြန်မာ့အရေးဖြေရှင်းဖို့ အကြံပြုချက်အားလုံးကိုလည်း ကြိုဆိုတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန ဒုတိယလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Jung Pak က VOA နဲ့ သီးသန့်မေးမြန်းစဉ်မှာပြောဆိုပါတယ်။

မြန်မာ့အရေးဖြေရှင်းရာမှာ ကြားကလ အမျိုးသားညီညွတ်ရေး အစိုးရ NUG နဲ့လည်း ထိစပ်ဆက်ဆံသင့်တယ်ဆိုပြီး မလေးရှားနိုင်ငံဘက်က အဆိုပြုချက်ထွက်လာတာနဲ့ ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုရဲ့ ရပ်တည်ချက်ကို VOA က မေးမြန်းခဲ့တာပါ။ ဒီကနေ့ စတင်ကျင်းပမယ့် အမေရိကန် အာဆီယံ ထိပ်သီးအစည်းအဝေးကနေ မြန်မာနိုင်ငံ ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်ရောက်ရေးအတွက် ဖိအားပေးနိုင်ဖို့ နည်းလမ်းပေါင်းစုံကို ရှာသွားမယ်လို့လည်း ပြောဆိုပါတယ်။

အခု အစည်းအဝေးမှာ မြန်မာနိုင်ငံဘက်က နိုင်ငံရေးအရ ကိုယ်စားမပြုတဲ့သူကိုပဲ တက်ရောက်ခွင့်ပေးတဲ့အတွက် စစ်ကောင်စီကိုယ်စားပြု နိုင်ငံခြားရေးဝန်ကြီး ဒါမှမဟုတ် အကြီးအကဲတွေကို ဖိတ်ကြားခြင်း မရှိပါဘူး။ ထိပ်သီးဆွေးနွေးပွဲကျင်းပနေချိန်မှာ အမေရိကန်နိုင်ငံခြားရေးဌာနအကြီးတန်းအရာရှိတွေအပါအဝင် အာဆီယံတာဝန်ရှိသူတချို့နဲ့ ဆွေးနွေးဖို့ NUG နိုင်ငံခြားရေးဝန်ကြီးဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ ဝါရှင်တန်ဒီစီမှာရောက်ရှိနေပါတယ်။
=============

XS
SM
MD
LG