သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ကန္ ဒုႏိုင္ငံျခားေရးဝန္ႀကီးနဲ႔ NUG ႏိုင္ငံျခားေရးဝန္ႀကီးေတြ႕ဆုံမည္


အေမရိကန္ ဒုတိယႏိုင္ငံျခားေရးဝန္ႀကီး Wendy Sherman နဲ႔ NUG - ၾကားကာလ အမ်ိဳးသားညီၫြတ္ေရးအစိုးရရဲ႕ ႏိုင္ငံျခားေရးဝန္ႀကီး ေဒၚဇင္မာေအာင္


[[Zawgyi/Unicode]]

NUG - ၾကားကာလ အမ်ိဳးသားညီၫြတ္ေရးအစိုးရရဲ႕ ႏိုင္ငံျခားေရးဝန္ႀကီး ေဒၚဇင္မာေအာင္ဟာ အေမရိကန္ ဒုတိယႏိုင္ငံျခားေရးဝန္ႀကီး Wendy Sherman နဲ႔ ဒီကေန႔ ဝါရွင္တန္ ဒီစီၿမိဳ႕မွာ ေတြ႔ဆုံဖို႔ရွိပါတယ္။

အေမရိကန္ႏိုင္ငံ၊ ဝါရွင္တန္ ဒီစီၿမိဳ႕မွာ ေမလ ၁၂ ရက္ေန ၁၃ ရက္ေန႔အထိ ၂ ရက္ၾကာ က်င္းပမယ့္ အေမရိကန္-အာဆီယံ ထိပ္သီးစည္းေဝးပြဲက်င္းပေနခ်ိန္မွာ ေဒၚဇင္မာေအာင္လည္း ဝါရွင္တန္ ဒီစီၿမိဳ႕မွာ ေရာက္ရွိေနတာျဖစ္ၿပီး အေမရိကန္ အစိုးရ အရာရွိေတြအပါအဝင္ ထိပ္သီးစည္းေဝးပြဲတက္ဖို႔ ေရာက္ေနၾကတဲ့ အာဆီယံႏိုင္ငံျခားေရးဝန္ႀကီးတခ်ိဳ႕နဲ႔ သီးျခားစီ ေတြ႔ဆုံဖို႔ရွိတယ္လို႔ သိရပါတယ္။

မေလးရွားႏိုင္ငံျခားေရးဝန္ႀကီးကေတာ့ ေဒၚဇင္မာေအာင္နဲ႔ အြန္လိုင္းကေန ေတြ႔ဆုံခဲ့ဖူးသလို အခုတႀကိမ္မွာ မ်က္ႏွာခ်င္းဆိုင္ ေတြ႔ဆုံဖို႔ရွိတယ္လို႔ ေျပာထားပါတယ္။ ဒီထိပ္သီးစည္းေဝးပြဲကိုတက္ဖို႔ေရာက္ေနၾကတဲ့ တျခား အာဆီယံ ၉ ႏိုင္ငံက ႏိုင္ငံျခားေရးဝန္ႀကီး ဘယ္ႏွစ္ဦးနဲ႔ ေဒၚဇင္မာေအာင္ ေတြ႔ဆုံမယ္ဆိုတာေတာ့ အတိအက် မသိရေသးပါဘူး။

ျမန္မာ စစ္ေကာင္စီအေနနဲ႔ ျမန္မာ့အေရးအာဆီယံဘုံသေဘာတူညီခ်က္ (၅) ရပ္ကို လိုက္နာေဆာင္႐ြက္ျခင္းမရွိသ၍ အေရးပါတဲ့ အာဆီယံစည္းေဝးပြဲေတြကို စစ္ေကာင္စီကိုယ္စားျပဳကိုယ္စားလွယ္ကို မဖိတ္ဖို႔ အာဆီယံက ဆုံးျဖတ္ထားတာပါ။ ဒါေၾကာင့္ အခု အစည္းအေဝးကိုလည္း စစ္ေကာင္စီအႀကီးအကဲေတြ တက္ေရာက္ခြင့္မရပါဘူး။

ျမန္မာ့အေရးနဲ႔ပတ္သက္လို႔ အာဆီယံဘုံသေဘာတူညီခ်က္(၅) ခ်က္မွတ္ၿပီး ဦးေဆာင္လုပ္ကိုင္ေနတာကို ေထာက္ခံေၾကာင္း အေမရိကန္ျပည္ေထာင္စုက ေျပာၾကားထားၿပီး ျဖစ္ပါတယ္။

မေန႔ ဗုဒၶဟူးေန႔တုန္းကေတာ့ ဒုတိယႏိုင္ငံျခားေရးဝန္ႀကီး Wendy Sherman ဟာ ကမာၻဒီးယားႏိုင္ငံျခားေရးဝန္ႀကီးလည္းျဖစ္၊ ျမန္မာႏိုင္ငံဆိုင္ရာ အာဆီယံအထူးကိုယ္စားလွယ္လည္းျဖစ္တဲ့ Prak Sakhonn နဲ႔ ေတြ႕ဆုံခဲ့တာမွာ အာဆီယံ အေျခခံမူေဘာင္ (၅) ခ်က္ကို ခ်က္ျခင္းအေကာင္အထည္ေဖာ္ေဆာင္ေရး၊ အၾကမ္းဖက္မႈေတြရပ္တန႔္ေရးနဲ႔ သက္ဆိုင္သူအားလုံးနဲ႔ ေတြ႕ဆုံ ေဆြးေႏြးေရးကိစၥေတြကို သူ႔ဘက္က တင္ျပ ေဆြးေႏြးခဲ့တယ္လို႔ ဒုဝန္ႀကီး Sherman က Twitter လူမႈကြန္ယက္မွာ ေရးသားထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

=============
[[Unicode]]

ကန် ဒုနိုင်ငံခြားရေးဝန်ကြီးနဲ့ NUG နိုင်ငံခြားရေးဝန်ကြီးတွေ့ဆုံမည်

NUG - ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ဟာ အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Wendy Sherman နဲ့ ဒီကနေ့ ဝါရှင်တန် ဒီစီမြို့မှာ တွေ့ဆုံဖို့ရှိပါတယ်။

အမေရိကန်နိုင်ငံ၊ ဝါရှင်တန် ဒီစီမြို့မှာ မေလ ၁၂ ရက်နေ ၁၃ ရက်နေ့အထိ ၂ ရက်ကြာ ကျင်းပမယ့် အမေရိကန်-အာဆီယံ ထိပ်သီးစည်းဝေးပွဲကျင်းပနေချိန်မှာ ဒေါ်ဇင်မာအောင်လည်း ဝါရှင်တန် ဒီစီမြို့မှာ ရောက်ရှိနေတာဖြစ်ပြီး အမေရိကန် အစိုးရ အရာရှိတွေအပါအဝင် ထိပ်သီးစည်းဝေးပွဲတက်ဖို့ ရောက်နေကြတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတချို့နဲ့ သီးခြားစီ တွေ့ဆုံဖို့ရှိတယ်လို့ သိရပါတယ်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီးကတော့ ဒေါ်ဇင်မာအောင်နဲ့ အွန်လိုင်းကနေ တွေ့ဆုံခဲ့ဖူးသလို အခုတကြိမ်မှာ မျက်နှာချင်းဆိုင် တွေ့ဆုံဖို့ရှိတယ်လို့ ပြောထားပါတယ်။ ဒီထိပ်သီးစည်းဝေးပွဲကိုတက်ဖို့ရောက်နေကြတဲ့ တခြား အာဆီယံ ၉ နိုင်ငံက နိုင်ငံခြားရေးဝန်ကြီး ဘယ်နှစ်ဦးနဲ့ ဒေါ်ဇင်မာအောင် တွေ့ဆုံမယ်ဆိုတာတော့ အတိအကျ မသိရသေးပါဘူး။

မြန်မာ စစ်ကောင်စီအနေနဲ့ မြန်မာ့အရေးအာဆီယံဘုံသဘောတူညီချက် (၅) ရပ်ကို လိုက်နာဆောင်ရွက်ခြင်းမရှိသ၍ အရေးပါတဲ့ အာဆီယံစည်းဝေးပွဲတွေကို စစ်ကောင်စီကိုယ်စားပြုကိုယ်စားလှယ်ကို မဖိတ်ဖို့ အာဆီယံက ဆုံးဖြတ်ထားတာပါ။ ဒါကြောင့် အခု အစည်းအဝေးကိုလည်း စစ်ကောင်စီအကြီးအကဲတွေ တက်ရောက်ခွင့်မရပါဘူး။

မြန်မာ့အရေးနဲ့ပတ်သက်လို့ အာဆီယံဘုံသဘောတူညီချက်(၅) ချက်မှတ်ပြီး ဦးဆောင်လုပ်ကိုင်နေတာကို ထောက်ခံကြောင်း အမေရိကန်ပြည်ထောင်စုက ပြောကြားထားပြီး ဖြစ်ပါတယ်။

မနေ့ ဗုဒ္ဓဟူးနေ့တုန်းကတော့ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Wendy Sherman ဟာ ကမ္ဘာဒီးယားနိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်၊ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်လည်းဖြစ်တဲ့ Prak Sakhonn နဲ့ တွေ့ဆုံခဲ့တာမှာ အာဆီယံ အခြေခံမူဘောင် (၅) ချက်ကို ချက်ခြင်းအကောင်အထည်ဖော်ဆောင်ရေး၊ အကြမ်းဖက်မှုတွေရပ်တန့်ရေးနဲ့ သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံ ဆွေးနွေးရေးကိစ္စတွေကို သူ့ဘက်က တင်ပြ ဆွေးနွေးခဲ့တယ်လို့ ဒုဝန်ကြီး Sherman က Twitter လူမှုကွန်ယက်မှာ ရေးသားထားပါတယ်။

=============

XS
SM
MD
LG