သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နေတိုးမဟာမိတ် ခေါင်းဆောင်တွေနဲ့ဆွေးနွေးဖို့ ကန်သမ္မတ ဘယ်လ်ဂျီယံနိုင်ငံ ထွက်ခွါ


Biden
Biden

[[Zawgyi/Unicode]]

အမေရိကန်သမ္မတ Joe Biden ဟာ ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်စ်မြို့ကို ဒီကနေ့ထွက်ခွာမှာဖြစ်ပြီး မြောက်အတ္တလန်တိတ် စာချုပ် NATO မဟာမိတ်အဖွဲ့ ခေါင်းဆောင်တွေ၊ ဥရောပမဟာမိတ်တွေနဲ့ တွေ့ဆုံဆွေးနွေးမှာဖြစ်သလို ယူကရိန်းကို ကျူးကျော် တိုက်ခိုက်တဲ့ ရုရှားအပေါ် နောက်ထပ် ဒဏ်ခတ်အရေးယူမှုတွေ ကြေညာမယ်လို့ ခန့်မှန်းထားပါတယ်။

နိုင်ငံတော်လုံခြုံရေးဆိုင်ရာ အိမ်ဖြူတော် အကြံပေးပုဂ္ဂိုလ် Jake Sullivan က ရုရှားအပေါ် နောက်ထပ် ဒဏ်ခတ်အရေးယူမှုတွေ ကို မဟာမိတ်တွေနဲ့ ပူးတွဲချမှတ်မှာဖြစ်သလို အရင်ချမှတ်ထားတဲ့ ဒဏ်ခတ်အရေးယူမှုတွေကို ရှောင်လွဲတာတွေ မလုပ်နိုင်အောင် ပိုတင်းကျပ်ပြီး အခိုင်အမာ အရေးယူလုပ်ဆောင်သွားမှာဖြစ်ပါတယ်လို့ ပြောပါတယ်။

ကြာသပတေးနေ့မှာကျင်းပမယ့် NATO မဟာမိတ်အဖွဲ့ ထိပ်သီးအစည်းအဝေးမှာ ယူကရိန်းသမ္မတ Volodymyr Zelenskyy က အွန်လိုင်းကနေ မိန့်ခွန်းပြောဖို့ရှိပါတယ်။ အနောက်နိုင်ငံတွေက ခေါင်းဆောင်တွေအနေနဲ့ ရုရှားအပေါ် ဒဏ်ခတ်အရေးယူမှုတွေ ပိုပြီးချမှတ်ဖို့နဲ့ ယူကရိန်းကို အကူအညီတွေပိုပေးဖို့ သူမျှော်လင့်ထားတယ်လို့ ထိပ်သီးအစည်းအဝေးမတိုင်ခင် သမ္မတ Zelenskyy ကပြောထားပါတယ်။

ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်နေတာ တလနီးပါး ကြာလာတဲ့အချိန်မှာ ယူကရိန်းတပ်ဖွဲ့တွေက ရုရှားတပ်တွေကို ပြန်ပြီးထိုးစစ်ဆင်နေတာ၊ တချို့ဖြစ်ရပ်တွေမှာဆို ရုရှားတပ်တွေသိမ်းယူခဲ့တဲ့နေရာတွေကို ပြန်သိမ်းတာတွေ ရှိလာနေပါတယ်။

ကိဗ်မြို့တော် ဆင်ခြေဖုံးအရပ်တခုဖြစ်တဲ့ Makariv မှာ အပြင်းအထန် တိုက်ခိုက်ပြီးတဲ့နောက် အဲဒီနေရာကို ပြန်သိမ်းခဲ့တယ်လို့ ယူကရိန်း ကာကွယ်ရေးဌာနက အင်္ဂါနေ့မှာပြောပါတယ်။

တိုက်ရိုက် လင့်ခ်

===============

[[Unicode]]







===============

XS
SM
MD
LG