သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဖင္လန္နဲ႔ဆြီဒင္ေခါင္းေဆာင္ေတြ ကန္သမၼတလက္ခံေတြ႕ဆုံ


Biden Finland Sweden

[[Zawgyi/Unicode]]

NATO အဖဲြ႔ထဲဝင္ေရာက္ဖို႔ေလွ်ာက္ထားတဲ့ Finland နဲ႔ Sweden ေခါင္းေဆာင္ေတြကို အေမရိကန္သမၼတ Joe Biden က အိမ္ျဖဴေတာ္မွာ ဒီေန႔ ေတြ႔ဆံုမွာျဖစ္ပါတယ္။

အာရွကိုခရီးထြက္ဖို႔ရွိတ့ဲ သမၼတ Biden က Finland သမၼတ Sauli Niinistö နဲ႔ ဆြီဒင္ဝန္ႀကီးခ်ဳပ္ Magdalena Andersson တို႔ကို ေတြ႔ဆံုၿပီး NATO အဖဲြ႔ထဲဝင္ေရး ေလွ်ာက္ထားတဲ့ကိစၥ၊ ယူကရိန္းနဲ႔ ဥေရာပလံုျခံဳေရးကိစၥေတြကို ေဆြးေႏြးၾကမွာျဖစ္ပါတယ္။ ႏွစ္ေပါင္းမ်ားစြာ ၾကားေနဝါဒစြဲကိုင္ခဲ့ၾကတဲ့ Finland နဲ႔ Sweden တို႔က ယူကရိန္းကို ႐ုရွားက က်ဴးေက်ာ္စစ္ဝင္တိုက္ၿပီးေနာက္ NATO အဖဲြ႔ထဲဝင္ဖို႔ တရားဝင္ေလွ်ာက္ထားခဲ့ၾကတာပါ။ ဒီသမိုင္းဝင္ ဆံုးျဖတ္ခ်က္ကို အခိုင္အမာ ေထာက္ခံႀကိဳဆိုေၾကာင္းနဲ႔ အေမရိကန္လႊတ္ေတာ္နဲ႔ NATO အဖြဲ႔ဝင္မဟာမိတ္ေတြနဲ႔ ဒီ ၂ ႏိုုင္ငံ အျမန္ဆံုးအဖြဲ႔ဝင္ျဖစ္ေရး ေဆာင္ရြက္သြားဖို႔ စိတ္အားထက္သန္ေၾကာင္း သမၼတ Biden ကဗုဒၶဟူးေန႔က ေျပာၾကားခဲ့ပါတယ္။

ဆြီဒင္ ကာကြယ္ေရးဝန္ႀကီးနဲ႔ ပင္တဂြန္စစ္ဌာနခ်ဳပ္မွာ ဗုဒၶဟူးေန႔က ေတြ႔ဆံုခဲ့တဲ့ အေမရိကန္ ကာကြယ္ေရးဝန္ႀကီး Lloyd Austin ကလည္း NATO မဟာမိတ္အဖဲြ႔အတြက္ Sweden ရဲ႕ စစ္ေရးပံ့ပိုး ကူညီမႈေတြအတြက္ ေမွ်ာ္လင့္ေနတဲ့အေၾကာင္း ေျပာဆိုခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

=============

[[Zawgyi/Unicode]]

ဖင်လန်နဲ့ဆွီဒင်ခေါင်းဆောင်တွေ ကန်သမ္မတလက်ခံတွေ့ဆုံ

NATO အဖွဲ့ထဲဝင်ရောက်ဖို့လျှောက်ထားတဲ့ Finland နဲ့ Sweden ခေါင်းဆောင်တွေကို အမေရိကန်သမ္မတ Joe Biden က အိမ်ဖြူတော်မှာ ဒီနေ့ တွေ့ဆုံမှာဖြစ်ပါတယ်။

အာရှကိုခရီးထွက်ဖို့ရှိတဲ့ သမ္မတ Biden က Finland သမ္မတ Sauli Niinistö နဲ့ ဆွီဒင်ဝန်ကြီးချုပ် Magdalena Andersson တို့ကို တွေ့ဆုံပြီး NATO အဖွဲ့ထဲဝင်ရေး လျှောက်ထားတဲ့ကိစ္စ၊ ယူကရိန်းနဲ့ ဥရောပလုံခြုံရေးကိစ္စတွေကို ဆွေးနွေးကြမှာဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ ကြားနေဝါဒစွဲကိုင်ခဲ့ကြတဲ့ Finland နဲ့ Sweden တို့က ယူကရိန်းကို ရုရှားက ကျူးကျော်စစ်ဝင်တိုက်ပြီးနောက် NATO အဖွဲ့ထဲဝင်ဖို့ တရားဝင်လျှောက်ထားခဲ့ကြတာပါ။ ဒီသမိုင်းဝင် ဆုံးဖြတ်ချက်ကို အခိုင်အမာ ထောက်ခံကြိုဆိုကြောင်းနဲ့ အမေရိကန်လွှတ်တော်နဲ့ NATO အဖွဲ့ဝင်မဟာမိတ်တွေနဲ့ ဒီ ၂ နိုင်ငံ အမြန်ဆုံးအဖွဲ့ဝင်ဖြစ်ရေး ဆောင်ရွက်သွားဖို့ စိတ်အားထက်သန်ကြောင်း သမ္မတ Biden ကဗုဒ္ဓဟူးနေ့က ပြောကြားခဲ့ပါတယ်။

ဆွီဒင် ကာကွယ်ရေးဝန်ကြီးနဲ့ ပင်တဂွန်စစ်ဌာနချုပ်မှာ ဗုဒ္ဓဟူးနေ့က တွေ့ဆုံခဲ့တဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin ကလည်း NATO မဟာမိတ်အဖွဲ့အတွက် Sweden ရဲ့ စစ်ရေးပံ့ပိုး ကူညီမှုတွေအတွက် မျှော်လင့်နေတဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။

=============

XS
SM
MD
LG