သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကန္တရား႐ုံးခ်ဳပ္တရားသူႀကီးခန႔္ထားေရး လႊတ္ေတာ္ၾကားနာပြဲဆက္


ပထမဆံုးလူမည္းအမ်ဳိးသမီးအျဖစ္ အေမရိကန္တရား႐ံုးခ်ဳပ္တရားသူႀကီးခန္႔ထားေရး တရားသူႀကီး Ketanji Brown Jackson အထက္လႊတ္ေတာ္မွာ ၾကားနာစစ္ေဆးမႈ ခံယူေနစဥ္။ (မတ္လ ၂၂၊ ၂၀၂၂)

[[Zawgyi/Unicode]]

အေမရိကန္တရား႐ုံးခ်ဳပ္ တရားသူႀကီးခန႔္ထားေရး အတည္ျပဳဖို႔ အထက္လႊတ္ေတာ္မွာ ၾကားနာပြဲ ဆက္လက္က်င္းပေနၿပီး သမၼတ Joe Biden အဆိုျပဳထားတဲ့တရားသူႀကီး Ketanji Brown Jackson ကို ဒီကေန႔ ဗုဒၶဟူးေန႔ အထက္လႊတ္ေတာ္ တရားေရးေကာ္မတီ အဖြဲ႕ဝင္ေတြ ေမးခြန္းေတြ ထပ္ေမးၾကဖို႔ ရွိပါတယ္။

တိုင္းျပည္ရဲ႕အျမင့္ဆုံးတရား႐ုံးခ်ဳပ္မွာ တာဝန္ထမ္းဖို႔ အဆိုျပဳခံရတဲ့ ပထမဆုံးလူမည္းအမ်ိဳးသမီး Jackson ဟာ မေန႔တုန္းကလည္း တေနကုန္နီးပါး အထက္လႊတ္ေတာ္အမတ္ေတြရဲ႕ ေမးခြန္းေတြကို ေျဖဆိုခဲ့ပါတယ္။ သူ႔ရဲ႕ တရားေရးဆိုင္ရာ ခံယူခ်က္ အျမင္သေဘာထားေတြကေန ခ်မွတ္ခဲ့တဲ့အမိန႔္ေတြ၊ ကိုယ္တြယ္ခဲ့တဲ့အမႈေတြနဲ႔ ပတ္သက္ၿပီး အေသးစိတ္ တိတိက်က် ေမးခြန္းထုတ္တာေတြ ကိုေျဖၾကားခဲ့ပါတယ္။

ဒီမိုကရက္ အထက္လႊတ္ေတာ္အမတ္ေတြကေတာ့ သူတို႔အတြက္ သတ္မွတ္ေပးထားတဲ့ အခ်ိန္ေတာ္ေတာ္မ်ားမ်ားမွာ ေမးခြန္းေတြ ေမးတာမ်ိဳးထက္ တရားသူႀကီး Jackson ကို ပဋိသႏၶာရစကားမ်ိဳးနဲ႔သာ ႏႈတ္ဆက္ခဲ့ၾကတာပါ။ ရီပတ္ဗလစ္ကန္အမတ္ေတြကေတာ့ ေမးခြန္းေတြထုတ္တာမွာ လိင္တူခ်င္း လက္ထပ္ေပါင္းသင္းတာကေန အသက္မျပည့္တဲ့ ကေလးသူငယ္ေတြရဲ႕ မဖြယ္မရာပုံေတြ လက္ဝယ္ထားရွိမႈေၾကာင့္ အေရးယူအျပစ္ေပးခဲ့တဲ့ကိစၥအထိ အေၾကာင္း အရာေတာ္ေတာ္မ်ားမ်ား ျပင္းျပင္းထန္ထန္ ေမးခြန္းထုတ္ခဲ့ပါတယ္။

မေန႔က ၾကားနာပြဲမွာ အထက္လႊတ္ေတာ္ တရားေရးေကာ္မတီဥကၠ႒ ဒီမိုကရက္ အမတ္ Dick Durbin က ေမးခြန္းေတြ စေမးၿပီး ရီပတ္ဗလစ္ကန္အမတ္ေတြ ေမးလာႏိုင္တဲ့ အျငင္းပြားဖြယ္ အေၾကာင္းအရာေတြကို တရားသူႀကီး Jackson ဘက္က လက္ဦးမႈယူ ႀကိဳတင္ ေျဖထားႏိုင္ေအာင္ လမ္းေၾကာင္းခ်ေပးခဲ့ပါတယ္။ အထက္လႊတ္ေတာ္မွာ မဲခြဲတဲ့အခါ ရီပတ္ဗလစ္ကန္ဘက္က ေထာက္ခံမဲမရရင္လည္း ဒီမိုကရက္အမ်ားစုမဲ ရတယ္ဆိုရင္ တရားသူႀကီး Jackson ကို တရား႐ုံးခ်ဳပ္တရားသူႀကီးအျဖစ္ ခန႔္ဖို႔ အတည္ျပဳႏိုင္မွာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]

ကန်တရားရုံးချုပ်တရားသူကြီးခန့်ထားရေး လွှတ်တော်ကြားနာပွဲဆက်

အမေရိကန်တရားရုံးချုပ် တရားသူကြီးခန့်ထားရေး အတည်ပြုဖို့ အထက်လွှတ်တော်မှာ ကြားနာပွဲ ဆက်လက်ကျင်းပနေပြီး သမ္မတ Joe Biden အဆိုပြုထားတဲ့တရားသူကြီး Ketanji Brown Jackson ကို ဒီကနေ့ ဗုဒ္ဓဟူးနေ့ အထက်လွှတ်တော် တရားရေးကော်မတီ အဖွဲ့ဝင်တွေ မေးခွန်းတွေ ထပ်မေးကြဖို့ ရှိပါတယ်။

တိုင်းပြည်ရဲ့အမြင့်ဆုံးတရားရုံးချုပ်မှာ တာဝန်ထမ်းဖို့ အဆိုပြုခံရတဲ့ ပထမဆုံးလူမည်းအမျိုးသမီး Jackson ဟာ မနေ့တုန်းကလည်း တနေကုန်နီးပါး အထက်လွှတ်တော်အမတ်တွေရဲ့ မေးခွန်းတွေကို ဖြေဆိုခဲ့ပါတယ်။ သူ့ရဲ့ တရားရေးဆိုင်ရာ ခံယူချက် အမြင်သဘောထားတွေကနေ ချမှတ်ခဲ့တဲ့အမိန့်တွေ၊ ကိုယ်တွယ်ခဲ့တဲ့အမှုတွေနဲ့ ပတ်သက်ပြီး အသေးစိတ် တိတိကျကျ မေးခွန်းထုတ်တာတွေ ကိုဖြေကြားခဲ့ပါတယ်။

ဒီမိုကရက် အထက်လွှတ်တော်အမတ်တွေကတော့ သူတို့အတွက် သတ်မှတ်ပေးထားတဲ့ အချိန်တော်တော်များများမှာ မေးခွန်းတွေ မေးတာမျိုးထက် တရားသူကြီး Jackson ကို ပဋိသန္ဓာရစကားမျိုးနဲ့သာ နှုတ်ဆက်ခဲ့ကြတာပါ။ ရီပတ်ဗလစ်ကန်အမတ်တွေကတော့ မေးခွန်းတွေထုတ်တာမှာ လိင်တူချင်း လက်ထပ်ပေါင်းသင်းတာကနေ အသက်မပြည့်တဲ့ ကလေးသူငယ်တွေရဲ့ မဖွယ်မရာပုံတွေ လက်ဝယ်ထားရှိမှုကြောင့် အရေးယူအပြစ်ပေးခဲ့တဲ့ကိစ္စအထိ အကြောင်း အရာတော်တော်များများ ပြင်းပြင်းထန်ထန် မေးခွန်းထုတ်ခဲ့ပါတယ်။

မနေ့က ကြားနာပွဲမှာ အထက်လွှတ်တော် တရားရေးကော်မတီဥက္ကဋ္ဌ ဒီမိုကရက် အမတ် Dick Durbin က မေးခွန်းတွေ စမေးပြီး ရီပတ်ဗလစ်ကန်အမတ်တွေ မေးလာနိုင်တဲ့ အငြင်းပွားဖွယ် အကြောင်းအရာတွေကို တရားသူကြီး Jackson ဘက်က လက်ဦးမှုယူ ကြိုတင် ဖြေထားနိုင်အောင် လမ်းကြောင်းချပေးခဲ့ပါတယ်။ အထက်လွှတ်တော်မှာ မဲခွဲတဲ့အခါ ရီပတ်ဗလစ်ကန်ဘက်က ထောက်ခံမဲမရရင်လည်း ဒီမိုကရက်အများစုမဲ ရတယ်ဆိုရင် တရားသူကြီး Jackson ကို တရားရုံးချုပ်တရားသူကြီးအဖြစ် ခန့်ဖို့ အတည်ပြုနိုင်မှာဖြစ်ပါတယ်။

===============

XS
SM
MD
LG