သုံးရလွယ်ကူစေသည့် Link များ
နောက်ဆုံးရသတင်း
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken  သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့သို့ ရောက်ရှိလာစဉ်။ (ဖေဖေါ်ဝါရီ ၉ ၊ ၂၀၂၂) 
[[Zawgyi/Unicode]]
သမ္မတဘိုင်ဒန်အစိုးရအနေနဲ့ အာရှ-ပစိဖိတ်နဲ့ အင်ဒို-ပစိဖိတ် ဒေသတွေကို အလေးထား ဆက်ဆံနေကြာင်း၊ ဒီ လေးနိုင်ငံ တွေ့ဆုံဆွေးနွေးမှုဟာ ဒေသတွင်းနိုင်ငံတွေက ပြည်သူတွေ အတွက်သာမကဘဲ တကမ္ဘာလုံးအတွက် အရေးပါတဲ့ ဆွေးနွေးမှုဖြစ်ကြောင်း သြစေတြးလျနိုင် ငံကိုအသွား သူနဲ့လိုက်ပါလာတဲ့ သတင်းထောက်တွေကို လမ်းခုလတ်မှာ ဝန်ကြီး Blinken က ပြောကြားခဲ့ပါတယ်။
Quad အဖွဲ့ဟာ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနိုင်ရေးအတွက် ဖြန့်ချိရေးလုပ်ငန်းတွေ၊ အင်ဒို-ပစိဖိတ်ဒေသအတွင်း ရေကြောင်းအရ အနိုင်ကျင့်ဗိုလ်ကျမှုတွေကို တွန်းလှန် ကာကွယ်ရေးလုပ်ငန်းတွေနဲ့ အသစ်ပေါ်ထွက်လာတဲ့ နည်းပညာတွေကို အကျိုးရှိစွာ အသုံးချနိုင်ရေး စတဲ့ ကျယ်ပြန့်နက်ရှိုင်းတဲ့ လုပ်ငန်းစဉ်တွေအတွက် အရေးပါတဲ့ ကဏ္ဍက ပါဝင်လာနေကြာင်း ဝန်ကြီး Blinken က ပြောပါတယ်။
တိုက်ရိုက် လင့်ခ်
==========
[[Unicode]]
Quad အစည်းအဝေးတက်ဖို့ ကန်နိုင်ငံခြားရေးဝန်ကြီး ဩစတြေးလျ ရောက်ရှိ
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ Quad လို့ခေါ်တဲ့ သြစတြေးလျ၊ ဂျပန်၊ အိန္ဒိယနဲ့ အမေရိကန် ၄ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ဆွေးနွေးပွဲကို တက်ရောက်ဖို့ သြစတြေးလျနိုင်ငံ Melbourne မြို့ကို ရောက်ရှိသွားပြီ ဖြစ်ပါတယ်။
သမ္မတဘိုင်ဒန်အစိုးရအနေနဲ့ အာရှ-ပစိဖိတ်နဲ့ အင်ဒို-ပစိဖိတ် ဒေသတွေကို အလေးထား ဆက်ဆံေနေကြာင်း၊ ဒီ လေးနိုင်ငံ တွေ့ဆုံဆွေးနွေးမှုဟာ ဒေသတွင်းနိုင်ငံတွေက ပြည်သူတွေ အတွက်သာမကဘဲ တကမ္ဘာလုံးအတွက် အရေးပါတဲ့ ဆွေးနွေးမှုဖြစ်ကြောင်း သြစေတြးလျနိုင် ငံကိုအသွား သူနဲ့လိုက်ပါလာတဲ့ သတင်းထောက်တွေကို လမ်းခုလတ်မှာ ဝန်ကြီး Blinken က ပြောကြားခဲ့ပါတယ်။
Quad အဖွဲ့ဟာ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနိုင်ရေးအတွက် ဖြန့်ချိရေးလုပ်ငန်းတွေ၊ အင်ဒို-ပစိဖိတ်ဒေသအတွင်း ရေကြောင်းအရ အနိုင်ကျင့်ဗိုလ်ကျမှုတွေကို တွန်းလှန် ကာကွယ်ရေးလုပ်ငန်းတွေနဲ့ အသစ်ပေါ်ထွက်လာတဲ့ နည်းပညာတွေကို အကျိုးရှိစွာ အသုံးချနိုင်ရေး စတဲ့ ကျယ်ပြန့်နက်ရှိုင်းတဲ့ လုပ်ငန်းစဉ်တွေအတွက် အရေးပါတဲ့ ကဏ္ဍက ပါဝင်လာေနေကြာင်း ဝန်ကြီး Blinken က ပြောပါတယ်။
ဒီ လေးနိုင်ငံအဖွဲ့အတွင်း အမေရိကန်က ဆောင်ရွက်နေတဲ့လုပ်ငန်းတွေဟာ တည်ဆောက်ရေး၊ ခွန်အားမျှဝေပေးရေး၊ တူညီတဲ့လုပ်ငန်းတွေကို ထပ်မလုပ်မိေစေအာင် မတူညီတဲ့ မဟာမိတ်တွေ ဖွဲ့စည်းရေး စတဲ့ လုပ်ငန်းတွေနဲ့ အလားသဏ္ဍာန် တူညီကြောင်း သူက ပြောပါတယ်။ အဲဒီလို မဟာမိတ်၊ အုပ်စုတွေ ဖွဲ့လိုက်ခြင်းက အဖွဲ့ထဲမှာပါတဲ့ နိုင်ငံတွေအနေနဲ့ ဥတုရာသီပြောင်းလဲမှု၊ ကိုဗစ်-၁၉ နဲ့ နည်းပညာသစ်မှာ စမ်းသပ် တီထွင်ရေး စတဲ့ အရေးပါတဲ့လုပ်ငန်းတွေကို ပိုပြီး အာရုံစိုက် လုပ်နိုင်ခွင့် ရသွားကြတယ်လို့လည်း ဝန်ကြီး Blinken က ဆက်ပြောပါတယ်။
ဝန်ကြီး Blinken ဟာ သြစေတြးလျကနေ ဖီဂျီနိုင်ငံကို ခရီးဆက်မှာ ဖြစ်ပါတယ်။ ပစိဖိတ်ဒေ သအတွင်း တရုတ်နိုင်ငံရဲ့ သြဇာသက်ရောက်မှု ပိုမိုကြီးထွားလာနေတာကြောင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတဦးအနေနဲ့ နှစ်ပေါင်း ၄၀ အတွင်း ဖီဂျီနိုင်ငံကို ပထမဆုံးအကြိမ် သွားရောက်တာလည်း ဖြစ်ပါတယ်။
==========
XS
SM
MD
LG