သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပျောက်ဆုံး ကန်ရေတပ်သား ၁၀ဦး ရုပ်အလောင်းများ ရှာတွေ့


သြဂုတ်လ ၂၃ ရက်နေ့က ပျောက်ဆုံး ကန်ရေတပ်သားအလောင်းတချို့ကိုရှာတွေ့စဉ်
သြဂုတ်လ ၂၃ ရက်နေ့က ပျောက်ဆုံး ကန်ရေတပ်သားအလောင်းတချို့ကိုရှာတွေ့စဉ်

အမေရိကန် ရေတပ် ဖျက်သဘောၤ USS John S. McCain တိုက်မိမှုမှာ ပျောက်ဆုံးနေတဲ့ ရေတပ်သား ၁၀ ဦးရဲ့ ရုပ်အလောင်းတွေ အားလုံးကို ရေငုပ်သမားတွေ ရှာဖွေတွေ့ရှိပြီလို့ အမေရိကန် ရေတပ်က ပြောဆိုပါတယ်။

အမေရိကန် ရေတပ် ဖျက်သဘောၤ USS John McCain က ပြီးခဲ့တဲ့ သတင်းပတ်တုန်းက ကုန်သဘောၤတစင်းနဲ့ တိုက်မိခဲ့တာဖြစ်ပြီး လပိုင်းတွေ အတွင်း ကုန်သဘောၤနဲ့ အမေရိကန် ဖျက်သဘောၤတို့ ဒုတိယ အကြိမ် တိုက်မိမှု ဖြစ်ပါတယ်။ မလက္ကာရေလက်ကြား အနီးမှာ လိုက်ဘေးရီးယား အလံတင် ဆီတင်သဘောၤနဲ့ တိုက်မိခဲ့ရတဲ့ အကြောင်းရင်းကိုတော့ အမေရိကန် စုံစမ်းစစ်ဆေးရေးမှူးတွေ ရှာဖွေ ဖော်ထုတ်နေကြဆဲဖြစ်ပါတယ်။ တိုက်မိခဲ့တဲ့ အမေရိကန် ဖျက်သဘောၤရဲ့ ရေစူးမှတ်အောက်မှာ အပေါက်ကြီး ဖြစ်နေတာကို ရေတပ် ဓာတ်ပုံတွေမှာ တွေ့ရပြီး သဘောၤထဲက အိပ်ဆောင် တချို့နဲ့ ဆက်သွယ်ရေး အခန်းတွေထဲကို ရေတွေ ဝင်စေခဲ့တာပါ။

ဒီကိစ္စကို ကိုင်တွယ်တဲ့ အနေနဲ့အမေရိကန် ရေတပ်က ကမ္ဘာတလွှားက အမေရိကန် ရေတပ်ရဲ့ လုပ်ငန်းဆောင်တာတွေကို ရပ်ဖို့ ညွှန်ကြားခဲ့သလို ရေတပ် တပ်မဟာ ၇ ရဲ့ တပ်မှူး ဒုတိယ ရေတပ်ဗိုလ်ချုပ်ကြီး Joseph Aucoin ကိုလည်း တာဝန်က ဖယ်ရှားခဲ့ပါတယ်။ ဒီမတိုင်ခင် အစောပိုင်းမှာလည်း ဂျပန် ကမ်းလွန်ပင်လယ်ပြင်မှာ အမေရိကန် ဖျက်သဘောၤ USS Fitzgerald နဲ့ ကုန်တင်သဘောၤ တစင်းတို့ တိုက်မိခဲ့ပြီးနောက် အမေရိကန် ရေတပ်သား ၇ ဦး သေဆုံးခဲ့ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG