သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေတာင္ကိုရီးယားေရာက္ ကန္သမၼတ Samsung စက္႐ုံသြားေလ့လာ


ေတာင္ကိုရီးယားသမၼ Yoon Suk-yeol က အေမရိကန္သမၼဂ်ဳိးဘုိင္ဒဲန္ကုိ ဆမ္ေဆာင္း လွ်ပ္စစ္ပစၥည္းထုတ္လုပ္တဲ့စက္႐ံုသြားတဲ့ခရီးမွာ ႏႈတ္ဆက္ေနစဥ္။ (ေမ ၂၀၊ ၂၀၂၂)  

[[Zawgyi/Unicode]]


ေတာင္ကိုရီးယားႏိုင္ငံကို အေမရိကန္သမၼတတာဝန္နဲ႔ ပထမဆံုးေရာက္ရွိေနတဲ့ သမၼတ Joe Biden ဟာ Seoul ၿမိဳ႕ေတာ္ ေရာက္ၿပီး မၾကာခင္မွာပဲ computer chip ေတြ ထုတ္လုပ္တဲ့ Samsung စက္ရံုဆီကို သြားေရာက္ ေလ့လာခဲ့ပါတယ္။

အေမရိကန္ျပည္ေထာင္စု Texas ျပည္နယ္ Austin ၿမိဳ႕ျပင္မွာ Samsung ကုမၸဏီက ေဒၚလာ ၁၇ ဘီလ်ံ အကုန္အက်ခံ ေဆာက္လုပ္ေနတဲ့ computer chip စက္ရံုနဲ႔ နမူနာပံုစံတူ စက္ရံုျဖစ္တာမို႔ သြားေလ့လာတာျဖစ္ပါတယ္။ ေတာင္ကိုရီးယားသမၼတသစ္ Yoon Suk Yeol နဲ႔ Samsung Electronics ကုမၸဏီဒုဥကၠ႒ Lee Jae-yong တို႔က Seoul ၿမိဳ႕ေတာ္က Samsung စက္ရံုမွာ အေမရိကန္သမၼတ Biden ကိုႀကိဳဆိုမွာျဖစ္ပါတယ္။

Electronic ပစၥည္းေတြထဲမွာ မရွိမျဖစ္လိုအပ္တဲ့ computer chip ေတြ မလံုေလာက္တဲ့ ျပႆနာေၾကာင့္ အေမရိကန္ရဲ႕ ေမာ္ေတာ္ယာဥ္ ထုတ္လုပ္ေရးအပါအဝင္ Electronic ပစၥည္းေတြ ထုတ္လုပ္ေရးပိုင္း ထိခိုက္ေနခ်ိန္မွာ သမၼတ Biden က ခုလို စက္ရံုကို သြားေရာက္တာလည္းျဖစ္ပါတယ္။ Texas ျပည္နယ္မွာ Samsung ရဲ႕ ရင္းႏွီးျမႇဳပ္ႏံွမႈဟာ အေမရိကန္ရဲ႕ လိုအပ္ခ်က္ကို ျဖည့္ဆည္းႏိုင္မွာျဖစ္သလို အေမရိကန္ျပည္သူေတြအတြက္ လစာေကာင္းတဲ့အလုပ္ေတြ ရေစမွာျဖစ္တယ္လို႔ အိမ္ျဖဴေတာ္ အမ်ဳိးသားလံုျခံဳေရးအၾကံေပး Jake Sullivan က ေတာင္ကိုရီးယားအသြား Air Force One ေလယာဥ္ေပၚမွာ သတင္းေထာက္ေတြကို ေျပာၾကားခဲ့ပါတယ္။

သမၼတ Biden ရဲ႕ ေတာင္ကိုရီးယားႏိုင္ငံခရီးစဥ္အတြင္း ေျမာက္ကိုရီးယား Nuclear လက္နက္အေရးကိစၥ၊ ကိုဗစ္ကပ္ေရာဂါ ကူးစက္ ပ်ံ႔ႏွံ႔ေနတဲ့ ကိစၥေတြကိုလည္း ေတာင္ကိုရီးယားေခါင္းေဆာင္နဲ႔ ေဆြးေႏြးၾကဖို႔ရွိပါတယ္။ ေတာင္ကိုရီးယားနဲ႔ ဂ်ပန္ႏိုင္ငံတို႔ဆီ ၆ ရက္ၾကာခရီးထြက္ေနတဲ့ အေမရိကန္သမၼတဟာ ႏိုင္ငံျခားမူဝါဒေရးရာေတြကို ဦးစားေပးမွာျဖစ္သလို အေမရိကန္ျပည္သူေတြ စိုးရိမ္ေနတဲ့ ကိစၥေတြကိုလည္း ကိုင္တြယ္ေျဖရွင္းေနတယ္ဆိုတာ ျပသတဲ့ ခရီးစဥ္အျဖစ္ ျမင္ႏိ္ုင္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

============

[[Zawgyi/Unicode]]

တောင်ကိုရီးယားရောက် ကန်သမ္မတ Samsung စက်ရုံသွားလေ့လာ

တောင်ကိုရီးယားနိုင်ငံကို အမေရိကန်သမ္မတတာဝန်နဲ့ ပထမဆုံးရောက်ရှိနေတဲ့ သမ္မတ Joe Biden ဟာ Seoul မြို့တော် ရောက်ပြီး မကြာခင်မှာပဲ computer chip တွေ ထုတ်လုပ်တဲ့ Samsung စက်ရုံဆီကို သွားရောက် လေ့လာခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စု Texas ပြည်နယ် Austin မြို့ပြင်မှာ Samsung ကုမ္ပဏီက ဒေါ်လာ ၁၇ ဘီလျံ အကုန်အကျခံ ဆောက်လုပ်နေတဲ့ computer chip စက်ရုံနဲ့ နမူနာပုံစံတူ စက်ရုံဖြစ်တာမို့ သွားလေ့လာတာဖြစ်ပါတယ်။ တောင်ကိုရီးယားသမ္မတသစ် Yoon Suk Yeol နဲ့ Samsung Electronics ကုမ္ပဏီဒုဥက္ကဋ္ဌ Lee Jae-yong တို့က Seoul မြို့တော်က Samsung စက်ရုံမှာ အမေရိကန်သမ္မတ Biden ကိုကြိုဆိုမှာဖြစ်ပါတယ်။

Electronic ပစ္စည်းတွေထဲမှာ မရှိမဖြစ်လိုအပ်တဲ့ computer chip တွေ မလုံလောက်တဲ့ ပြဿနာကြောင့် အမေရိကန်ရဲ့ မော်တော်ယာဉ် ထုတ်လုပ်ရေးအပါအဝင် Electronic ပစ္စည်းတွေ ထုတ်လုပ်ရေးပိုင်း ထိခိုက်နေချိန်မှာ သမ္မတ Biden က ခုလို စက်ရုံကို သွားရောက်တာလည်းဖြစ်ပါတယ်။ Texas ပြည်နယ်မှာ Samsung ရဲ့ ရင်းနှီးမြှုပ်နံှမှုဟာ အမေရိကန်ရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်မှာဖြစ်သလို အမေရိကန်ပြည်သူတွေအတွက် လစာကောင်းတဲ့အလုပ်တွေ ရစေမှာဖြစ်တယ်လို့ အိမ်ဖြူတော် အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan က တောင်ကိုရီးယားအသွား Air Force One လေယာဉ်ပေါ်မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

သမ္မတ Biden ရဲ့ တောင်ကိုရီးယားနိုင်ငံခရီးစဉ်အတွင်း မြောက်ကိုရီးယား Nuclear လက်နက်အရေးကိစ္စ၊ ကိုဗစ်ကပ်ရောဂါ ကူးစက် ပျံ့နှံ့နေတဲ့ ကိစ္စတွေကိုလည်း တောင်ကိုရီးယားခေါင်းဆောင်နဲ့ ဆွေးနွေးကြဖို့ရှိပါတယ်။ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့ဆီ ၆ ရက်ကြာခရီးထွက်နေတဲ့ အမေရိကန်သမ္မတဟာ နိုင်ငံခြားမူဝါဒရေးရာတွေကို ဦးစားပေးမှာဖြစ်သလို အမေရိကန်ပြည်သူတွေ စိုးရိမ်နေတဲ့ ကိစ္စတွေကိုလည်း ကိုင်တွယ်ဖြေရှင်းနေတယ်ဆိုတာ ပြသတဲ့ ခရီးစဉ်အဖြစ် မြင်နိုင်ပါတယ်။

============

XS
SM
MD
LG