သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ပထမဆုံးလူမည္းအမ်ိဳးသမီး ကန္တရားလႊတ္ေတာ္ခ်ဳပ္တရားသူႀကီး က်မ္းသစၥာက်ိန္ဆိုမည္ 


တရားလႊတ္ေတာ္ခ်ဳပ္ရဲ႕ ပထမဆုံး လူမည္းအမ်ိဳးသမီး တရားသူႀကီးအျဖစ္က်န္းသစၥာက်ိန္ဆိုေတာ့မယ့္ Judge Ketanji Brown Jackson 

[[Zawgyi/Unicode]]

တရားလႊတ္ေတာ္ခ်ဳပ္ရဲ႕ ပထမဆုံး လူမည္းအမ်ိဳးသမီး တရားသူႀကီးအျဖစ္ အထက္လႊတ္ေတာ္က အတည္ျပဳၿပီးသားတရားသူႀကီး Ketanji Brown Jackson ဟာ တရားလႊတ္ေတာ္ခ်ဳပ္ တရားသူႀကီးအျဖစ္ တရားဝင္ျဖစ္လာေတာ့မွာပါ။ ၾကာသပေတးေန႔ေနလည္မွာ တရားလႊတ္ေတာ္ခ်ဳပ္ရဲ႕ ၁၁၆ ေယာက္‌ေျမာက္ တရားသူႀကီးအျဖစ္ က်မ္းသစၥာက်ိန္ဆိုမွာ ျဖစ္ပါတယ္။

Jackson ဟာ ၂၀၁၃ ခုႏွစ္ က ဖက္ဒရယ္ တရားသူႀကီး ျဖစ္လာခဲ့ၿပီး သူနဲ႔ပါဆိုရင္ တရားလႊတ္ေတာ္မွာ အမ်ိဳးသမီး တရားသူႀကီး ၄ ေယာက္ ရွိလာေတာ့မွာပါ။

Jackson ဟာ အနားယူေတာ့မယ့္ Breyer ေနရာမွာ တရားသူႀကီးျဖစ္လာတာ ျဖစ္ပါတယ္။ Breyer ဟာ ၾကာသပေတးေန႔ မြန္းတည့္ခ်ိန္မွာ သူ တာဝန္ကအနားယူမွာ ျဖစ္ပါတယ္လို႔ သမၼတဂ်ိဳးဘိုင္ဒင္ကိုေပးပို႔တဲ့စာမွာ ေဖာ္ျပထားပါတယ္။ သူဟာ တရားလႊတ္ေတာ္ခ်ဳပ္မွာ ၂၈ ႏွစ္ ၾကာ တာဝန္ယူခဲ့ပါတယ္။ သူ ဟာ ပုံမွန္ တရားလႊတ္ေတာ္တရားသူႀကီးေတြ နားေလ့ရွိတာထက္ ေစာၿပီး အနားယူခဲ့တာ ျဖစ္ပါတယ္။

အေမရိကန္တရားလႊတ္ေတာ္ခ်ဳပ္မွာ တရားသူႀကီး ၉ ေယာက္ ရွိၿပီး အနားယူတဲ့ တရားသူႀကီးေနရာမွာ အစားထိုးမယ့္ တရားသူႀကီးအမည္ကို သမၼတက အဆိုတင္သြင္းရပါတယ္။ အထက္လႊတ္ေတာ္က မဲေပး ဆုံးျဖတ္တာပါ။ မ်ားေသာအားျဖင့္ေတာ့ ပါတီလိုင္းအရ ေ႐ြးခ်ယ္ၾကတာ မ်ားပါတယ္။ သမၼတ ထရမ့္လက္ထက္မွာ တရားသူႀကီး ၃ ေယာက္ကို အတည္ျပဳႏိုင္ခဲ့တဲ့အတြက္ တရားလႊတ္ေတာ္ခ်ဳပ္မွာ သမ႐ိုးက် အစဥ္အလာဝါဒီ လို႔ နားလည္ၾကတဲ့ ကြတ္ဆာေဗးတစ္ပါတီ အယူအဆဘက္ယိမ္းတဲ့ တရားသူႀကီးေတြက အမ်ားစု ျဖစ္ေနပါတယ္။

06-30-2022 US Supreme court for web TMT.mp3
please wait

No media source currently available

0:00 0:01:11 0:00
တိုက္႐ိုက္ လင့္ခ္

============

[[Unicode]]

ပထမဆုံးလူမည်းအမျိုးသမီး ကန်တရားလွှတ်တော်ချုပ်တရားသူကြီး ကျမ်းသစ္စာကျိန်ဆိုမည်

တရားလွှတ်တော်ချုပ်ရဲ့ ပထမဆုံး လူမည်းအမျိုးသမီး တရားသူကြီးအဖြစ် အထက်လွှတ်တော်က အတည်ပြုပြီးသားတရားသူကြီး Ketanji Brown Jackson ဟာ တရားလွှတ်တော်ချုပ် တရားသူကြီးအဖြစ် တရားဝင်ဖြစ်လာတော့မှာပါ။ ကြာသပတေးနေ့နေလည်မှာ တရားလွှတ်တော်ချုပ်ရဲ့ ၁၁၆ ယောက်‌မြောက် တရားသူကြီးအဖြစ် ကျမ်းသစ္စာကျိန်ဆိုမှာ ဖြစ်ပါတယ်။

Jackson ဟာ ၂၀၁၃ ခုနှစ် က ဖက်ဒရယ် တရားသူကြီး ဖြစ်လာခဲ့ပြီး သူနဲ့ပါဆိုရင် တရားလွှတ်တော်မှာ အမျိုးသမီး တရားသူကြီး ၄ ယောက် ရှိလာတော့မှာပါ။

Jackson ဟာ အနားယူတော့မယ့် Breyer နေရာမှာ တရားသူကြီးဖြစ်လာတာ ဖြစ်ပါတယ်။ Breyer ဟာ ကြာသပတေးနေ့ မွန်းတည့်ချိန်မှာ သူ တာဝန်ကအနားယူမှာ ဖြစ်ပါတယ်လို့ သမ္မတဂျိုးဘိုင်ဒင်ကိုပေးပို့တဲ့စာမှာ ဖော်ပြထားပါတယ်။ သူဟာ တရားလွှတ်တော်ချုပ်မှာ ၂၈ နှစ် ကြာ တာဝန်ယူခဲ့ပါတယ်။ သူ ဟာ ပုံမှန် တရားလွှတ်တော်တရားသူကြီးတွေ နားလေ့ရှိတာထက် စောပြီး အနားယူခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်တရားလွှတ်တော်ချုပ်မှာ တရားသူကြီး ၉ ယောက် ရှိပြီး အနားယူတဲ့ တရားသူကြီးနေရာမှာ အစားထိုးမယ့် တရားသူကြီးအမည်ကို သမ္မတက အဆိုတင်သွင်းရပါတယ်။ အထက်လွှတ်တော်က မဲပေး ဆုံးဖြတ်တာပါ။ များသောအားဖြင့်တော့ ပါတီလိုင်းအရ ရွေးချယ်ကြတာ များပါတယ်။ သမ္မတ ထရမ့်လက်ထက်မှာ တရားသူကြီး ၃ ယောက်ကို အတည်ပြုနိုင်ခဲ့တဲ့အတွက် တရားလွှတ်တော်ချုပ်မှာ သမရိုးကျ အစဉ်အလာဝါဒီ လို့ နားလည်ကြတဲ့ ကွတ်ဆာဗေးတစ်ပါတီ အယူအဆဘက်ယိမ်းတဲ့ တရားသူကြီးတွေက အများစု ဖြစ်နေပါတယ်။

XS
SM
MD
LG