သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

“ထိုင္ဝမ္ကို ပစ္ပယ္မထားဘူးဆိုတာ ရွင္းရွင္းျပသမႈျဖစ္” ကန္ေအာက္လႊတ္ေတာ္ဥကၠ႒


အေမရိကန္ေအာက္လႊတ္ေတာ္ဥကၠ႒ Nancy Pelosi (ဝဲ) နဲ႔ ထုိင္ဝမ္သမၼတ Tsai Ing-wen တို႔ကို တုိင္ေပရွိ သမၼတ႐ံုးမွာေတြ႔ရစဥ္။ (ၾသဂုတ္လ ၃၊ ၂၀၂၂)

[[Zawgyi/Unicode]]

အေမရိကန္လႊတ္ေတာ္အမတ္အဖြဲ႔ ထိုင္ဝမ္ကို သြားေရာက္တာဟာ ထိုင္ဝမ္ကို ပစ္ပယ္ထားမွာ မဟုတ္ဘူးဆိုတာ ရွင္းရွင္းလင္းလင္း ျပသလိုက္တာျဖစ္တယ္လို႔ ေအာက္လႊတ္ေတာ္ဥကၠ႒ Nancy Pelosi က ေျပာၾကားလိုက္ပါတယ္။ ထိုင္ဝမ္နဲ႔ အေမရိကန္ျပည္ေထာင္စု တသားတည္း စည္းလံုးမႈရွိဖို႔ အရင္ထက္ အေရးႀကီးေနခ်ိန္ျဖစ္တယ္လို႔ ထိုင္ဝမ္သမၼတ Tsai Ing-wen နဲ႔ ဒီေန႔ တြ႕ဆုံစဥ္မွာ ေအာက္လႊတ္ေတာ္ ဥကၠ႒ Nancy Pelosi ကေျပာၾကားခဲ့ပါတယ္။

“ဒီေန႔ကမာၻႀကီးမွာ ဒီမိုကေရစီနဲ႔ အာဏာရွင္ကို ေရြးခ်ယ္ရမယ့္ အေျခအေနၾကံဳေနပါတယ္။ အေမရိကန္ျပည္ေထာင္စုအေနနဲ႔ ထိုင္ဝမ္မွာေရာ ကမာၻတဝန္းမွာပါ ဒီမိုကေရစီစနစ္ထိန္းသိမ္းဖို႔ သႏၷိဌာန္ခိုင္မာပါတယ္” လို႔ ေအာက္လႊတ္ေတာ္ ဥကၠ႒ Nancy Pelosi က ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ထိုင္ဝမ္အတြက္ အေရးႀကီးေနခ်ိန္မွာ ထိုင္ဝမ္ကိုေထာက္ခံေၾကာင္း ခိုင္ခိုင္မာမာျပသလိုက္တဲ့အေပၚ ေအာက္လႊတ္ေတာ္ဥကၠ႒နဲ႔ လႊတ္ေတာ္အမတ္ေတြကို ေက်းဇူးတင္တယ္လို႔ ထိုင္ဝမ္သမၼတ Tsai Ing-wen ကလည္း ေျပာၾကားခဲ့ပါတယ္။ ထိုင္ဝမ္မွာ အရပ္သားျပည္သူေတြကို ဂုဏ္ျပဳေပးအပ္တဲ့ အျမင့္ဆံုး Order of the Propitious Clouds ဆုကိုလည္း ဥကၠ႒ Nancy Pelosi ကို ေပးခဲ့ပါတယ္။

ေအာက္လႊတ္ေတာ္ဥကၠ႒ဦးေဆာင္တဲ့ အေမရိကန္လႊတ္ေတာ္အမတ္အဖဲြ႕ဟာ ထိုင္ဝမ္သမၼတနဲ႔ ေတြ႕ဆံုၿပီးေနာက္ ဒီေန႔ပဲ ထိုင္ဝမ္ကေန ျပန္လည္ထြက္ခြာသြားၾကပါတယ္။

အေမရိကန္ျပည္ေထာင္စုမွာ သမၼတနဲ႔ ဒုသမၼတၿပီးရင္ ရာထူးအျမင့္ဆံုးျဖစ္တဲ့ ေအာက္လႊတ္ေတာ္ဥကၠ႒ ထိုင္ဝမ္ကို သြားေရာက္ခဲ့တဲ့အေပၚ တ႐ုတ္ႏိုင္ငံက ျပင္းျပင္းထန္ထန္ ကန္႔ကြက္ေနပါတယ္။ သူတို႔ပိုင္နက္ျဖစ္တယ္လို႔ ေျပာေနတဲ့ ထိုင္ဝမ္ ရဲ႕အခ်ဳပ္အျခာကို ထိပါးတဲ့ လက္မခံႏိုင္တဲ့လုပ္ရပ္ျဖစ္တယ္လို႔ တ႐ုတ္အစိုးရက ေဖာ္ျပေျပာဆိုခဲ့ပါတယ္။ ထိုင္ဝမ္ကၽြန္းေရလက္ၾကားမွာ လက္နက္အစစ္ေတြသံုးမယ့္ ေရေၾကာင္း ေလေၾကာင္း စစ္ေရးေလ့က်င့္မႈေတြကို နက္ျဖန္ၾကာသပေတးေန႔က စတင္ျပဳလုပ္မယ္လို႔လည္း ေၾကညာထားပါတယ္။

ခုလို အေမရိကန္ေအာက္လႊတ္ေတာ္ ဥကၠ႒ ထိုင္ဝမ္ကို သြားေရာက္တဲ့ကိစၥအေပၚ စိုးရိမ္ပူပန္တယ္လို႔ စစ္ေကာင္စီႏိုင္ငံျခားေရးဌာနက ေၾကညာခ်က္ထုတ္ျပန္ပါတယ္။ ေဒသတြင္း မတည္ၿငိမ္မႈေတြ ျဖစ္ေအာင္ ရည္ရြယ္တဲ့လုပ္ရပ္ေတြနဲ႔ တျခားႏိုင္ ငံရဲ႕ ျပည္တြင္းေရးကို ဝင္ေရာက္စြက္ဖက္ဖို႔ ရည္ရြယ္အားထုတ္မႈေတြကို ျမန္မာႏိုင္ ငံက ဆန္႔က်င္တယ္လို႔ ထုတ္ျပန္ခ်က္မွာ ေျပာထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

==================

[[Unicode]]

“ထိုင်ဝမ်ကို ပစ်ပယ်မထားဘူးဆိုတာ ရှင်းရှင်းပြသမှုဖြစ်” ကန်အောက်လွှတ်တော်ဥက္ကဋ္ဌ

အမေရိကန်လွှတ်တော်အမတ်အဖွဲ့ ထိုင်ဝမ်ကို သွားရောက်တာဟာ ထိုင်ဝမ်ကို ပစ်ပယ်ထားမှာ မဟုတ်ဘူးဆိုတာ ရှင်းရှင်းလင်းလင်း ပြသလိုက်တာဖြစ်တယ်လို့ အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Pelosi က ပြောကြားလိုက်ပါတယ်။ ထိုင်ဝမ်နဲ့ အမေရိကန်ပြည်ထောင်စု တသားတည်း စည်းလုံးမှုရှိဖို့ အရင်ထက် အရေးကြီးနေချိန်ဖြစ်တယ်လို့ ထိုင်ဝမ်သမ္မတ Tsai Ing-wen နဲ့ ဒီနေ့ တွ့ဆုံစဉ်မှာ အောက်လွှတ်တော် ဥက္ကဋ္ဌ Nancy Pelosi ကပြောကြားခဲ့ပါတယ်။

“ဒီနေ့ကမ္ဘာကြီးမှာ ဒီမိုကရေစီနဲ့ အာဏာရှင်ကို ရွေးချယ်ရမယ့် အခြေအနေကြုံနေပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ ထိုင်ဝမ်မှာရော ကမ္ဘာတဝန်းမှာပါ ဒီမိုကရေစီစနစ်ထိန်းသိမ်းဖို့ သန္နိဌာန်ခိုင်မာပါတယ်” လို့ အောက်လွှတ်တော် ဥက္ကဋ္ဌ Nancy Pelosi က ပြောကြားခဲ့တာဖြစ်ပါတယ်။

ထိုင်ဝမ်အတွက် အရေးကြီးနေချိန်မှာ ထိုင်ဝမ်ကိုထောက်ခံကြောင်း ခိုင်ခိုင်မာမာပြသလိုက်တဲ့အပေါ် အောက်လွှတ်တော်ဥက္ကဋ္ဌနဲ့ လွှတ်တော်အမတ်တွေကို ကျေးဇူးတင်တယ်လို့ ထိုင်ဝမ်သမ္မတ Tsai Ing-wen ကလည်း ပြောကြားခဲ့ပါတယ်။ ထိုင်ဝမ်မှာ အရပ်သားပြည်သူတွေကို ဂုဏ်ပြုပေးအပ်တဲ့ အမြင့်ဆုံး Order of the Propitious Clouds ဆုကိုလည်း ဥက္ကဋ္ဌ Nancy Pelosi ကို ပေးခဲ့ပါတယ်။

အောက်လွှတ်တော်ဥက္ကဋ္ဌဦးဆောင်တဲ့ အမေရိကန်လွှတ်တော်အမတ်အဖွဲ့ဟာ ထိုင်ဝမ်သမ္မတနဲ့ တွေ့ဆုံပြီးနောက် ဒီနေ့ပဲ ထိုင်ဝမ်ကနေ ပြန်လည်ထွက်ခွာသွားကြပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ သမ္မတနဲ့ ဒုသမ္မတပြီးရင် ရာထူးအမြင့်ဆုံးဖြစ်တဲ့ အောက်လွှတ်တော်ဥက္ကဋ္ဌ ထိုင်ဝမ်ကို သွားရောက်ခဲ့တဲ့အပေါ် တရုတ်နိုင်ငံက ပြင်းပြင်းထန်ထန် ကန့်ကွက်နေပါတယ်။ သူတို့ပိုင်နက်ဖြစ်တယ်လို့ ပြောနေတဲ့ ထိုင်ဝမ် ရဲ့အချုပ်အခြာကို ထိပါးတဲ့ လက်မခံနိုင်တဲ့လုပ်ရပ်ဖြစ်တယ်လို့ တရုတ်အစိုးရက ဖော်ပြပြောဆိုခဲ့ပါတယ်။ ထိုင်ဝမ်ကျွန်းရေလက်ကြားမှာ လက်နက်အစစ်တွေသုံးမယ့် ရေကြောင်း လေကြောင်း စစ်ရေးလေ့ကျင့်မှုတွေကို နက်ဖြန်ကြာသပတေးနေ့က စတင်ပြုလုပ်မယ်လို့လည်း ကြေညာထားပါတယ်။

ခုလို အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌ ထိုင်ဝမ်ကို သွားရောက်တဲ့ကိစ္စအပေါ် စိုးရိမ်ပူပန်တယ်လို့ စစ်ကောင်စီနိုင်ငံခြားရေးဌာနက ကြေညာချက်ထုတ်ပြန်ပါတယ်။ ဒေသတွင်း မတည်ငြိမ်မှုတွေ ဖြစ်အောင် ရည်ရွယ်တဲ့လုပ်ရပ်တွေနဲ့ တခြားနိုင် ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ဖို့ ရည်ရွယ်အားထုတ်မှုတွေကို မြန်မာနိုင် ငံက ဆန့်ကျင်တယ်လို့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

XS
SM
MD
LG