သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျပည္တြင္းအၾကမ္းဖက္ဝါဒတိုက္ဖ်က္ေရးဥပေဒၾကမ္း ရီပတ္ပလင္ကန္အမတ္ေတြဟန႔္တား


လက္နက္ထိန္းခ်ဳပ္ေရး အထက္လႊတ္ေတာ္ေရွ႕မွာ ေတာင္းဆိုဆႏၵျပေနၾကတဲ့ တက္ႂကြလႈပ္ရွားသူမ်ား။ (ေမ ၂၆၊ ၂၀၂၂)  

[[Zawgyi/Unicode]]

အေမရိကန္ျပည္ေထာင္စုမွာ ျပည္တြင္းအၾကမ္းဖက္ဝါဒတိုက္ဖ်က္ေရး ဥပေဒၾကမ္းအေပၚေဆြးေႏြးဖို႔ အထက္လႊတ္ေတာ္ Democratic အမတ္ေတြက ႀကိဳးစားတာကို Republican အမတ္ေတြက ၾကာသပေတးေန႔က တားဆီးခဲ့ၾကပါတယ္။

ျပည္တြင္းမွာ ေသနတ္နဲ႔အၾကမ္းဖက္မႈေတြကို အေကာင္းဆုံးျဖစ္ေအာင္ ဘယ္လိုထိန္းခ်ဳပ္ကာကြယ္မလဲဆိုတာ အဓိကပါတီႀကီး ၂ ခုၾကား အျငင္းပြားေနၾကခ်ိန္ ခုလို Republican အမတ္ေတြက ေဆြးေႏြးမႈေရွ႕မဆက္ႏိုင္ေအာင္ တားဆီးခဲ့တာျဖစ္ပါတယ္။ New York ျပည္နယ္ Buffalo ၿမိဳ႕က ကုန္စုံဆိုင္တခုမွာ လူျဖဴဆယ္ေက်ာ္သက္ ေသနတ္သမားလက္ခ်က္နဲ႔ လူမည္း ၁၀ ေယာက္ကို ေသဆုံးခဲ့တဲ့ ျဖစ္ရပ္ျဖစ္ခဲ့ၿပီးေနာက္ ျပည္တြင္းအၾကမ္းဖက္ဝါဒတိုက္ဖ်က္ေရး ဥပေဒၾကမ္းကို Democrat အမတ္ေတြလႊမ္းမိုးတဲ့ ေအာက္လႊတ္ ေတာ္မွာ ၿပီးခဲ့တဲ့သီတင္းပတ္က အတည္ျပဳခဲ့ၾကပါတယ္။ ဒီဥပေဒၾကမ္းကို အထက္လႊတ္ေတာ္မွာ ေဆြးေႏြးအတည္ျပဳဖို႔ အထက္လႊတ္ေတာ္ Democrat အမတ္ေတြ မဲခြဲႀကိဳးစားခဲ့ၾကေပမယ့္ လိုအပ္တဲ့ မဲမရဘဲ အေရးနိမ္ခဲ့ပါတယ္။

ဥပေဒၾကမ္းကိုေဆြးေႏြးဖို႔ အတည္ျပဳမဲ ၆၀ လိုအပ္ေပမယ့္ ေထာက္ခံမဲ ၄၇ မဲ ကန႔္ကြက္မဲ ၄၇ မဲနဲ႔ ရႈံးနိမ့္ခဲ့တာျဖစ္ပါတယ္။ ျပည္တြင္းအၾကမ္းဖက္ဝါဒတိုက္ဖ်က္ေရး ဥပေဒၾကမ္းမွာ လက္ဝဲစြန္းအဖြဲ႕ေတြရဲ႕ က်ဴးလြန္မႈနဲ႔ပတ္သက္လို႔ လုံေလာက္တဲ့ ေဆာင္႐ြက္မႈေတြမပါဘူးလို႔ Republican အမတ္ေတြက ေျပာဆို ပယ္ခ်ခဲ့ၾကတာျဖစ္ပါတယ္။ အေမရိကန္မွာ ေသနတ္ေရာင္းခ်မႈ တင္းၾကပ္ေရး၊ ေသနတ္ဝယ္သူေတြနဲ႔ ေနာက္ေၾကာင္းကို ေစ့ေစ့စုံစုံ စစ္ေဆးေရးတု႔ိ လုပ္ဖို႔ Democrat အမတ္ေတြ ႏွစ္ေပါင္းမ်ားစြာ ႀကိဳးစားေနေပမဲ့ Republican အမတ္ေတြေၾကာင့္ မေအာင္ျမင္ေသးတာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]

ပြည်တွင်းအကြမ်းဖက်ဝါဒတိုက်ဖျက်ရေးဥပဒေကြမ်း ရီပတ်ပလင်ကန်အမတ်တွေဟန့်တား

အမေရိကန်ပြည်ထောင်စုမှာ ပြည်တွင်းအကြမ်းဖက်ဝါဒတိုက်ဖျက်ရေး ဥပဒေကြမ်းအပေါ်ဆွေးနွေးဖို့ အထက်လွှတ်တော် Democratic အမတ်တွေက ကြိုးစားတာကို Republican အမတ်တွေက ကြာသပတေးနေ့က တားဆီးခဲ့ကြပါတယ်။

ပြည်တွင်းမှာ သေနတ်နဲ့အကြမ်းဖက်မှုတွေကို အကောင်းဆုံးဖြစ်အောင် ဘယ်လိုထိန်းချုပ်ကာကွယ်မလဲဆိုတာ အဓိကပါတီကြီး ၂ ခုကြား အငြင်းပွားနေကြချိန် ခုလို Republican အမတ်တွေက ဆွေးနွေးမှုရှေ့မဆက်နိုင်အောင် တားဆီးခဲ့တာဖြစ်ပါတယ်။ New York ပြည်နယ် Buffalo မြို့က ကုန်စုံဆိုင်တခုမှာ လူဖြူဆယ်ကျော်သက် သေနတ်သမားလက်ချက်နဲ့ လူမည်း ၁၀ ယောက်ကို သေဆုံးခဲ့တဲ့ ဖြစ်ရပ်ဖြစ်ခဲ့ပြီးနောက် ပြည်တွင်းအကြမ်းဖက်ဝါဒတိုက်ဖျက်ရေး ဥပဒေကြမ်းကို Democrat အမတ်တွေလွှမ်းမိုးတဲ့ အောက်လွှတ် တော်မှာ ပြီးခဲ့တဲ့သီတင်းပတ်က အတည်ပြုခဲ့ကြပါတယ်။ ဒီဥပဒေကြမ်းကို အထက်လွှတ်တော်မှာ ဆွေးနွေးအတည်ပြုဖို့ အထက်လွှတ်တော် Democrat အမတ်တွေ မဲခွဲကြိုးစားခဲ့ကြပေမယ့် လိုအပ်တဲ့ မဲမရဘဲ အရေးနိမ်ခဲ့ပါတယ်။

ဥပဒေကြမ်းကိုဆွေးနွေးဖို့ အတည်ပြုမဲ ၆၀ လိုအပ်ပေမယ့် ထောက်ခံမဲ ၄၇ မဲ ကန့်ကွက်မဲ ၄၇ မဲနဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ ပြည်တွင်းအကြမ်းဖက်ဝါဒတိုက်ဖျက်ရေး ဥပဒေကြမ်းမှာ လက်ဝဲစွန်းအဖွဲ့တွေရဲ့ ကျူးလွန်မှုနဲ့ပတ်သက်လို့ လုံလောက်တဲ့ ဆောင်ရွက်မှုတွေမပါဘူးလို့ Republican အမတ်တွေက ပြောဆို ပယ်ချခဲ့ကြတာဖြစ်ပါတယ်။ အမေရိကန်မှာ သေနတ်ရောင်းချမှု တင်းကြပ်ရေး၊ သေနတ်ဝယ်သူတွေနဲ့ နောက်ကြောင်းကို စေ့စေ့စုံစုံ စစ်ဆေးရေးတု့ိ လုပ်ဖို့ Democrat အမတ်တွေ နှစ်ပေါင်းများစွာ ကြိုးစားနေပေမဲ့ Republican အမတ်တွေကြောင့် မအောင်မြင်သေးတာဖြစ်ပါတယ်။

===============

XS
SM
MD
LG