သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူကရိန္းအကူအညီေဒၚလာဘီလ်ံ ၄၀ ကန္အထက္လႊတ္ေတာ္ အတည္ျပဳ


 ယူကရိန္းႏိုင္ငံ၊ Mariupol ၿမိဳ႕က စစ္ေဘးသင့္အေဆာက္အဦးမွာ ေနထိုင္သူမ်ား။

[[Zawgyi/Unicode]]

႐ုရွားတို႔ က်ဴးေက်ာ္စစ္တိုက္ေနတဲ့ ယူကရိန္းႏိုင္ငံကို ကူညီေထာက္ပံ့ေရး ေဒၚလာ ဘီလ်ံ ၄၀ ေပးမယ့္ ဥပေဒၾကမ္းကို အေမရိကန္ အထက္လႊတ္ေတာ္က အတည္ျပဳလိုက္ပါတယ္။

ေမလ ၁၆ ရက္ေန႔ တနလၤာေန႔က မဲခြဲခဲ့တာမွာ ေထာက္ခံမဲ ၈၁ မဲ ကန႔္ကြက္မဲ ၁၁ မဲနဲ႔ အတည္ျပဳႏိုင္ခဲ့တာျဖစ္ပါတယ္။ ေအာက္လႊတ္ေတာ္မွာလည္း ၿပီးခဲ့တဲ့ သီတင္းပတ္က အတည္ျပဳခ်က္ရထားၿပီမို႔ သမၼတ Joe Biden လက္မွတ္ထိုး အတည္ျပဳ ျပဌာန္းဖို႔ပဲ လိုပါေတာ့တယ္။

ယူကရိန္းကိုကူညီဖို႔ ေဒၚလာ ၃၃ ဘီလ်ံ အတည္ျပဳေပးဖို႔ သမၼတ Joe Biden က လႊတ္ေတာ္ကို ေတာင္းဆိုထားခ်ိန္မွာ လႊတ္ေတာ္အမတ္ေတြက စစ္ေရးနဲ႔ လူသားခ်င္းစာနာမႈအကူအညီေတြအတြက္ ၇ ဘီလ်ံတိုးၿပီး စုစုေပါင္း ေဒၚလာ ဘီလ်ံ ၄၀ အတည္ျပဳခဲ့တာျဖစ္ပါတယ္။ ယူကရိန္းကို ေထာက္ခံအားေပးမႈျပသတဲ့အေနနဲ႔ အထက္လႊတ္ေတာ္ Republican ေခါင္းေဆာင္ Mitch McConnell ေခါင္းေဆာင္တဲ့ Republican ပါတီအထက္လႊတ္ေတာ္အမတ္ေတြ အခုလာမယ့္႐ုံးပိတ္ရက္ ယူကရိန္းကိုသြားဖို႔ရွိေနခ်ိန္မွာ အထက္လႊတ္ေတာ္မွာ ေထာက္ပံံ့ကူညီေရး ဥပေဒၾကမ္းကို အတည္ျပဳလိုက္တာျဖစ္ပါတယ္။

အခုလို အေမရိကန္က ယူကရိန္းကို ေနာက္ထပ္ ကူညီဖို႔ လႊတ္ေတာ္မွာ အတည္ျပဳလိုက္တာေၾကာင့္ ႐ုရွားတို႔ က်ဴးေက်ာ္စစ္ စတိုက္ခ်ိန္ကတည္းက ယူကရိန္းႏိုင္ငံအေပၚ အေမရိကန္ေပးတဲ့ ေထာက္ပံ့ေငြ စုစုေပါင္း ေဒၚလာ ၅၃ ဘီလ်ံရွိ သြားမွာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]

ယူကရိန်းအကူအညီဒေါ်လာ ၄၀ ဘီလျံ ကန်အထက်လွှတ်တော်အတည်ပြု


ရုရှားတို့ ကျူးကျော်စစ်တိုက်နေတဲ့ ယူကရိန်းနိုင်ငံကို ကူညီထောက်ပံ့ရေး ဒေါ်လာ ဘီလျံ ၄၀ ပေးမယ့် ဥပဒေကြမ်းကို အမေရိကန် အထက်လွှတ်တော်က အတည်ပြုလိုက်ပါတယ်။

မေလ ၁၆ ရက်နေ့ တနင်္လာနေ့က မဲခွဲခဲ့တာမှာ ထောက်ခံမဲ ၈၁ မဲ ကန့်ကွက်မဲ ၁၁ မဲနဲ့ အတည်ပြုနိုင်ခဲ့တာဖြစ်ပါတယ်။ အောက်လွှတ်တော်မှာလည်း ပြီးခဲ့တဲ့ သီတင်းပတ်က အတည်ပြုချက်ရထားပြီမို့ သမ္မတ Joe Biden လက်မှတ်ထိုး အတည်ပြု ပြဌာန်းဖို့ပဲ လိုပါတော့တယ်။

ယူကရိန်းကိုကူညီဖို့ ဒေါ်လာ ၃၃ ဘီလျံ အတည်ပြုပေးဖို့ သမ္မတ Joe Biden က လွှတ်တော်ကို တောင်းဆိုထားချိန်မှာ လွှတ်တော်အမတ်တွေက စစ်ရေးနဲ့ လူသားချင်းစာနာမှုအကူအညီတွေအတွက် ၇ ဘီလျံတိုးပြီး စုစုပေါင်း ဒေါ်လာ ဘီလျံ ၄၀ အတည်ပြုခဲ့တာဖြစ်ပါတယ်။ ယူကရိန်းကို ထောက်ခံအားပေးမှုပြသတဲ့အနေနဲ့ အထက်လွှတ်တော် Republican ခေါင်းဆောင် Mitch McConnell ခေါင်းဆောင်တဲ့ Republican ပါတီအထက်လွှတ်တော်အမတ်တွေ အခုလာမယ့်ရုံးပိတ်ရက် ယူကရိန်းကိုသွားဖို့ရှိနေချိန်မှာ အထက်လွှတ်တော်မှာ ထောက်ပံံ့ကူညီရေး ဥပဒေကြမ်းကို အတည်ပြုလိုက်တာဖြစ်ပါတယ်။

အခုလို အမေရိကန်က ယူကရိန်းကို နောက်ထပ် ကူညီဖို့ လွှတ်တော်မှာ အတည်ပြုလိုက်တာကြောင့် ရုရှားတို့ ကျူးကျော်စစ် စတိုက်ချိန်ကတည်းက ယူကရိန်းနိုင်ငံအပေါ် အမေရိကန်ပေးတဲ့ ထောက်ပံ့ငွေ စုစုပေါင်း ဒေါ်လာ ၅၃ ဘီလျံရှိ သွားမှာဖြစ်ပါတယ်။
===============

XS
SM
MD
LG