သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဖမ္းထားတဲ့ ကန္ႏိုင္ငံသားႏွစ္ဦး ဗင္နီဇြဲလားျပန္လႊတ္


 (AP Photo/Eric Gay)

[[Zawgyi/Unicode]]

ဗင္နီဇြဲလားႏိုင္ငံက အေမရိကန္ႏိုင္ငံသား ၂ ေယာက္ကို အဂၤါေန႔က လႊတ္ေပးလိုက္ပါတယ္။ အေမရိကန္ကိုယ္စားလွယ္အဖြဲ႔က ဗင္နီဇြဲလားမွာ အစိုးရနဲ႔ ေဆြးေႏြးၿပီးတဲ့ေနာက္ ခုလို လႊတ္ေပးလိုက္တာပါ။

သူတို႔ ၂ ေယာက္ကေတာ့ Gustavo Cardenas နဲ႔ Jorge Alberto တို႔ ျဖစ္ၾကၿပီး Citgo ေလာင္စာဆီကုမၸဏီရဲ႕အႀကီးအကဲေတြ ျဖစ္ၾကပါတယ္။ ၂၀၁၇ ခုႏွစ္မွာ အဖမ္းခံခဲ့ရတဲ့ ၆ ေယာက္ထဲက ၂ ေယာက္ျဖစ္ပါတယ္။ ဗင္နီဇြဲလားႏိုင္ငံမွာ မွားယြင္းစြာအဖမ္းခံထားရတဲ့ အေမရိကန္ႏိုင္ငံသား ၂ ေယာက္ကို အိမ္ျပန္ေခၚႏိုင္ခဲ့ပါၿပီလို႔ သမၼတဂ်ိဳးဘိုင္ဒန္က ဒီက‌ေန႔ ေျပာပါတယ္။

ဗင္န္နီဇြဲလားႏိုင္ငံမွာ ၿပီးခဲ့တဲ့ ရက္သတၱပတ္အကုန္ကေရာက္ရွိေနတဲ့ အေမရိကန္ ကိုယ္စားလွယ္အဖြဲ႔ဟာ သူတို႔ ၂ ေယာက္ လြတ္ေျမာက္ေရးသာမက ဗင္နီဇြဲလား ႏိုင္ငံက ေရနံအေပၚ အေမရိကန္က ပိတ္ဆို႔အေရးယူထားတာ ေျဖေလွ်ာ့ေရးကိစၥ ကိုလည္း ေဆြးေႏြးခဲ့ၾကပါတယ္။ အေမရိကန္ကိုယ္စားလွယ္အဖြဲ႔က လူ ၉ ေယာက္ လြတ္ေျမာက္ေရးအတြက္ ႀကိဳးပမ္းခဲ့တာပါ။ မေန႔ အဂၤါေန႔တုန္းက ႐ုရွားႏိုင္ငံ က ေရနံတင္သြင္းေနတာကို ပိတ္ပင္ေၾကာင္း အေမရိကန္ႏိုင္ငံက ေၾကညာခဲ့ပါတယ္။

ဗင္နီဇြဲလားႏိုင္ငံဟာ ႐ုရွားရဲ႕မဟာမိတ္ႏိုင္ငံ တႏိုင္ငံ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

=============

[[Unicode]]

ဖမ်းထားတဲ့ ကန်နိုင်ငံသားနှစ်ဦး ဗင်နီဇွဲလားပြန်လွှတ်

ဗင်နီဇွဲလားနိုင်ငံက အမေရိကန်နိုင်ငံသား ၂ ယောက်ကို အင်္ဂါနေ့က လွှတ်ပေးလိုက်ပါတယ်။ အမေရိကန်ကိုယ်စားလှယ်အဖွဲ့က ဗင်နီဇွဲလားမှာ အစိုးရနဲ့ ဆွေးနွေးပြီးတဲ့နောက် ခုလို လွှတ်ပေးလိုက်တာပါ။

သူတို့ ၂ ယောက်ကတော့ Gustavo Cardenas နဲ့ Jorge Alberto တို့ ဖြစ်ကြပြီး Citgo လောင်စာဆီကုမ္ပဏီရဲ့အကြီးအကဲတွေ ဖြစ်ကြပါတယ်။ ၂၀၁၇ ခုနှစ်မှာ အဖမ်းခံခဲ့ရတဲ့ ၆ ယောက်ထဲက ၂ ယောက်ဖြစ်ပါတယ်။ ဗင်နီဇွဲလားနိုင်ငံမှာ မှားယွင်းစွာအဖမ်းခံထားရတဲ့ အမေရိကန်နိုင်ငံသား ၂ ယောက်ကို အိမ်ပြန်ခေါ်နိုင်ခဲ့ပါပြီလို့ သမ္မတဂျိုးဘိုင်ဒန်က ဒီက‌နေ့ ပြောပါတယ်။

ဗင်န်နီဇွဲလားနိုင်ငံမှာ ပြီးခဲ့တဲ့ ရက်သတ္တပတ်အကုန်ကရောက်ရှိနေတဲ့ အမေရိကန် ကိုယ်စားလှယ်အဖွဲ့ဟာ သူတို့ ၂ ယောက် လွတ်မြောက်ရေးသာမက ဗင်နီဇွဲလား နိုင်ငံက ရေနံအပေါ် အမေရိကန်က ပိတ်ဆို့အရေးယူထားတာ ဖြေလျှော့ရေးကိစ္စ ကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ အမေရိကန်ကိုယ်စားလှယ်အဖွဲ့က လူ ၉ ယောက် လွတ်မြောက်ရေးအတွက် ကြိုးပမ်းခဲ့တာပါ။ မနေ့ အင်္ဂါနေ့တုန်းက ရုရှားနိုင်ငံ က ရေနံတင်သွင်းနေတာကို ပိတ်ပင်ကြောင်း အမေရိကန်နိုင်ငံက ကြေညာခဲ့ပါတယ်။

ဗင်နီဇွဲလားနိုင်ငံဟာ ရုရှားရဲ့မဟာမိတ်နိုင်ငံ တနိုင်ငံ ဖြစ်ပါတယ်။
=============

XS
SM
MD
LG