သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယ်စပ်က ဝ တပ်ဖွဲ့တွေအရေး ထိုင်း လွှတ်တော်မှာ ဆွေးနွေးမည်


ယခင်မှတ်တမ်းရုပ်ပုံ | ဝပြည်နယ် ပန့်ဆန်းမှာကျင်းပတဲ့ ဝပြည်သွေးစည်းညီညွတ်ရေးပါတီ UWSA ရဲ့ ငြိမ်းချမ်းရေး နှစ် (၃၀) ပြည့်အခမ်းအနားအတွက် စစ်ရေးပြ အစမ်းလေ့ကျင့်နေတဲ့ ဝတပ်ဖွဲ့ဝင်များ (ဧပြီ ၁၄၊ ၂၀၁၉)
ယခင်မှတ်တမ်းရုပ်ပုံ | ဝပြည်နယ် ပန့်ဆန်းမှာကျင်းပတဲ့ ဝပြည်သွေးစည်းညီညွတ်ရေးပါတီ UWSA ရဲ့ ငြိမ်းချမ်းရေး နှစ် (၃၀) ပြည့်အခမ်းအနားအတွက် စစ်ရေးပြ အစမ်းလေ့ကျင့်နေတဲ့ ဝတပ်ဖွဲ့ဝင်များ (ဧပြီ ၁၄၊ ၂၀၁၉)

ထိုင်း-မြန်မာနယ်စပ် ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA တပ်တွေ အခြေစိုက်နေတဲ့အပေါ် စိုးရိမ်မှုကို ထိုင်းလွှတ်တော် အမျိုးသား လုံခြုံရေးဆိုင်ရာ ကော်မတီမှာ ဆွေးနွေးမှာဖြစ်ပါတယ်။

UWSA ဝတပ်တွေ ထိုင်းနယ်စပ်မှာရှိနေတဲ့ကိစ္စနဲ့ ပြီးခဲ့တဲ့စနေနေ့က ထိုင်းငါးဖမ်းသင်္ဘောတွေကို မြန်မာရေတပ်က ပစ်ခတ်ဖမ်းဆီးခဲ့တဲ့ကိစ္စတွေကို ဒီဇင်ဘာ ၁၃ ရက်ကျရင် အောက်လွှတ်တော် ကော်မတီမှာ ဆွေးနွေးမယ်လို့ ထိုင်းပြည်သူ့ပါတီ ဒုတိယအကြီးအကဲလည်းဖြစ်၊ ထိုင်းလွှတ်တော် အမျိုးသားလုံခြုံရေး ဆိုင်ရာ ကော်မတီရဲ့ ဥက္ကဋ္ဌလည်း ဖြစ်တဲ့ Rangsiman Rome ရဲ့ ပြောဆိုမှုကို ကိုကားပြီး Bangkok Post သတင်းစာမှာ ရေးပါတယ်။

ရှမ်းပြည်နယ် မိုင်းတုံမြို့နယ်အတွင်းမှာအခြေစိုက်တဲ့ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ရဲ့ စခန်း ၉ ခုကို ဒီဇင်ဘာ ၁၈ ရက်နေ့ နောက်ဆုံးထားပြီး ရုပ်သိမ်းပေးဖို့ ထိုင်းစစ်တပ်က တောင်းဆို ထားပါတယ်။ ဝ လက်နက်ကိုင်အဖွဲ့ဟာ ထိုင်းနိုင်ငံနယ်နမိတ်ထဲကို ကျူးကျော်ဝင်ရောက်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ရှိနေပြီး စစ်ရေးအရ တင်းမာနေတဲ့အခြေအနေတော့မရှိကြောင်း ထိုင်းစစ်တပ်က ပြောထားပါတယ်။

ထိုင်းဘက်က စစ်စခန်းတွေ ဖယ်ပေးဖို့ တောင်းဆိုချက်ကို UWSA ဘက်က အတည်ပြုခဲ့ပြီး ဒီကိစ္စဟာ နိုင်ငံအချင်းချင်း ဆွေးနွေးရမယ့်ကိစ္စဖြစ်တာကြောင့် နိုင်ငံ့ခေါင်းဆောင်ပိုင်းကို တင်ပြထားတယ်လို့ VOA ကို ပြောကြားခဲ့ပါတယ်။ ထိုင်းအမျိုးသားလုံခြုံရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ Rangsiman Rome ကတော့ ဝတပ်တွေဟာ မူးယစ်ဆေးကုန်ကူးမှုအပါအဝင် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေ လုပ်တယ်လို့ နာမည်ဆိုးတဲ့ ကျော်ကြားတာကို ထောက်ပြပြီး ထိုင်းဘက်က မူးယစ်ဆေးဝါး ပြဿနာတွေနဲ့ ဆက်နွယ်မှုရှိနိုင်တာကို လက်မခံနိုင်ဘူးလို့ သူကပြောကြားခဲ့ပါတယ်။

နယ်စပ်က ဝ တပ်ဖွဲ့တွေအရေး ထိုင်း လွှတ်တော်မှာ ဆွေးနွေးမည်
please wait

No media source currently available

0:00 0:01:02 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG