သုံးရလွယ်ကူစေသည့် Link များ

မြန်မာ-ဗာတီကန် သံဖလှယ်ရေး ဆွေးနွေး


ပုပ်ရဟန်းအထူးကိုယ်စားလှယ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့တွေ့ဆုံ (MOI)

မြန်မာနိုင်ငံနဲ့ ဗာတီကန်တို့ကြား သံတမန်နဲ့ ဆက်သွယ်ရေးရုံးထားရှိဖို့ အမြန်ဆုံးဆောင်ရွက်ပေးမှာ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တယ်လို့ ကာဒီနယ် ဘုန်းတော်ကြီး Charls Bo က VOA ကိုပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ပုပ်ရဟန်းမင်းကြီးရဲ့ အထူးကိုယ်စားလှယ် Archbishop Paul Tschang in-Nam တို့ နေပြည်တော်မှာ ကြာသပတေးနေ့ တွေ့ဆုံစဉ်မှာ အခုလို ပြောကြားခဲ့တာဖြစ်ပြီး Vatican Holy See သံအမတ်ကို မြန်မာပြည်မှာ ထားနိုင်ရေး ပထမဆုံး ဆောင်ရွက်မှာ ဖြစ်ကြောင်း တွေ့ဆုံပွဲမှာ လိုက်ပါသွားတဲ့ ကာဒီနယ် ဘုန်းတော်ကြီး Charls Bo က ပြောပါတယ်။

ပုပ်ရဟန်းမင်းကြီးရဲ့ အထူးကိုယ်စားလှယ်ဖြစ်တဲ့ ဘန်ကောက်မှာ သီတင်းသုံးနေတဲ့ Vatican Holy See က Archbishop Paul က ခေါင်းဆောင်ပြီး မြန်မာပြည် ဆရာတော်ကြီးများရဲ့ အထွေထွေ အတွင်းရေးမှုး ဘုန်းတော်ကြီး Father Moris နဲ့ Father ညွန့်ဝေနဲ့ အတူ ကာဒီနယ် ဘုန်းတော်ကြီး Charls Bo တို့ဟာ မြန်မာပြည်နဲ့ Vatican Holy See တို့ကြား အပြန်အလှန် ဆက်သွယ်ရေး ဆိုင်ရာ ကိစ္စရပ်တွေကို မြန်မာနိုင်ငံ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဘာသာပေါင်းစုံ လွတ်လွတ်လပ်လပ် ကိုးကွယ်နိုင်ဖို့နဲ့ လူမျိုးပေါင်းစုံကို အားလုံး မခွဲခြားပဲ အရေးပေးနိုင်ရေးတွေ အပြင် နိုင်ငံတွင်း စစ်မက် ဖြစ်ပွားနေတဲ့ နေရာတွေအတွက် ငြိမ်းချမ်းရေး ရဖို့လည်း အမြင်ချင်းဖလှယ်ပြီး ဆွေးနွေးခဲ့ကြပါတယ်။

တွေ့ဆုံဆွေးနွေးခဲ့ချိန်က ရိုဟင်ဂျာအရေး ပုပ်ရဟန်းမင်းကြီးရဲ့ ပြောဆိုမှုနဲ့ ပတ်သက်ပြီး သတင်းတွေ မရသေးတဲ့အတွက် ထည့်သွင်း ဆွေးနွေးတာတော့ မရှိခဲ့ဘူးလို့ ဘုန်းတော်ကြီး Charls Bo က ပြောပါတယ်။

ကမ္ဘာတလွှားက နိုင်ငံပေါင်း ၁၇၂ နိုင်ငံမှာ Vatican သံရုံးထားရှိပြီး အပြန်အလှန် ဆက်သွယ်မှုရှိပေမယ့် မြန်မာနိုင်ငံမှာတော့ မရှိသေးပါဘူး။

XS
SM
MD
LG