သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲ အနိုင်ရကြောင်း ဗင်နီဇွဲလား အတိုက်အခံ အခိုင်အမာပြောဆို


ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် Maria Corina Machado နဲ့ သမ္မတလောင်း Gonzalez တို့ ရွေးကောက်ပွဲအနိုင်ရကြောင်းကြေညာနေစဉ် (ဇူလိုင် ၃၀၊ ၂၀၂၄)
ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် Maria Corina Machado နဲ့ သမ္မတလောင်း Gonzalez တို့ ရွေးကောက်ပွဲအနိုင်ရကြောင်းကြေညာနေစဉ် (ဇူလိုင် ၃၀၊ ၂၀၂၄)

ဗင်နီဇွဲလားနိုင်ငံက တနင်္ဂနွေနေ့ ရွေးကောက်ပွဲမှာ လက်ရှိသမ္မတ Nicolás Maduro ကို ပြိုင်ဖက် Edmundo Gonzalez က အနိုင်ရခဲ့တဲ့ အထောက်အထားတွေ ရှိတယ်လို့ အတိုက်အခံတွေက ပြောဆိုလိုက်သလို၊ ရွေးကောက်ပွဲ ရလဒ်ကို မကျေနပ်လို့ ဆန္ဒပြရာက အသေအပျောက်တွေလည်း ရှိနေပါတယ်။

ပြိုင်ဖက်သမ္မတလောင်း Gonzalez နဲ့ အတိုက်အခံခေါင်းဆောင် Maria Corina Machado တို့ကတော့ မဲစာရင်းတွေရဲ့ ၇၀ ရာခိုင်နှုန်းကျော်ကို စုဆောင်းရရှိထားပြီး၊ Gonzalez က ထောက်ခံမဲ ၆ သန်းကျော်နဲ့ သမ္မတ Maduro ကမဲ ၂ သန်းကျော်သာရရှိတာ တွေ့ရကြောင်းလည်း ပြောပါတယ်။

ဗင်နီဇွဲလား အစိုးရက ထိန်းချုပ်ထားတဲ့ ရွေးကောက်ပွဲ ကောင်စီက လက်ရှိ သမ္မတက မဲစုစုပေါင်း ၅၁ ရာခိုင်နှုန်းနဲ့ အနိုင်ရကြောင်း အတိုက်အခံခေါင်းဆောင် ဖြစ်တဲ့ Gonzalez ကတော့ ၄၄ ရာခိုင်နှုန်းသာရကြောင်း ကြေညာခဲ့ပြီးတဲ့ နောက်ပိုင်း နာရီအနည်းငယ်အကြာမှာပဲ Gonzalez နဲ့ Machado တို့က အတိုက်အခံ အနိုင်ရကြောင်း ကြေညာခဲ့ကြတာပါ။ ရွေးကောက်ပွဲ ကောင်စီရဲ့ မဲရလဒ် ထုတ်ပြန်ချက်ဟာ မဲပေးအပြီး ကောက်ယူထားတဲ့ အချက်အလက်တွေနဲ့ ကွဲလွဲနေတယ်လို့လည်း ပြောပါတယ်။

အာဏာပိုင်တွေ ထုတ်ပြန်တဲ့ မဲရလဒ်မှာ မဲရုံတွေအားလုံးက အချက်အလက်တွေ မပါဝင်ဘဲ ရွေးကောက်ပွဲ စောင့်ကြည့် အကဲခတ်သူတွေကတော့ မဲတွေကို တိတိကျကျ ရေတွက်ဖို့ အရေးကြီးတယ်လို့ သတိပေးနေကြတာပါ။

ရွေးကောက်ပွဲရလဒ် ကြေညာခဲ့ပြီးနောက်မှာပဲ မြို့တော် Caracas အပါအဝင် နိုင်ငံအနှံ့ အိုးခွက်တွေကိုတီးပြီး တညလုံး ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြသူတွေကို ရဲတွေက မျက်ရည်ယိုဗုံးတွေသုံး နှိမ်နင်းခဲ့ပြီး Yaracuy ပြည်နယ်မှာ အနည်းဆုံး လူ ၁ ယောက် သေဆုံးခဲ့ပါတယ်။ ရွေးကောက်ပွဲ မတိုင်ခင်မှာပဲ၊ အတိုက်အခံ မဲဆွယ်စည်းရုံးရေးသမား ဒါဇင်ပေါင်းများစွာကို ဖမ်းဆီးခဲ့ပြီး၊ ပြည်ပရောက် မဲပေးခွင့်ရှိသူ ၅ သန်းအနက် ၆၉,၀၀၀ ကိုသာ မဲပေးခွင့်ပြုခဲ့ပါတယ်။

ရွေးကောက်ပွဲ အနိုင်ရကြောင်း ဗင်နီဇွဲလား အတိုက်အခံ အခိုင်အမာပြောဆို
please wait

No media source currently available

0:00 0:01:19 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG