သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗင်နီဇွဲလား အတိုက်အခံကို ထောက်ခံကြဖို့ ကန်ဝန်ကြီးတိုက်တွန်း


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ကုလလုံခြုံရေးကောင်စီအစည်းအဝေးတက်ရောက်စဉ် သတင်းစာရှင်းလင်းပွဲ။ (ဇန်နဝါရီ ၂၆၊ ၂၀၁၉)
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ကုလလုံခြုံရေးကောင်စီအစည်းအဝေးတက်ရောက်စဉ် သတင်းစာရှင်းလင်းပွဲ။ (ဇန်နဝါရီ ၂၆၊ ၂၀၁၉)

ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် Juan Guaido ရဲ့ ကြားဖြတ် အစိုးရကို အသိ အမှတ်ပြုပြီး ဗင်နီဇွဲလား ပြည်သူတွေကို ထောက်ခံကြဖို့ နိုင်ငံတကာ အသိုင်း အဝိုင်းကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo က တိုက်တွန်းလိုက်ပါတယ်။ နိုင်ငံတွေ အနေနဲ့ တဖက်ဖက်ကို ရွေးချယ်ကြရမယ့် အချိန်ဖြစ်တယ် လို့လည်း စနေနေ့မနက်ပိုင်းက ကျင်းပတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Pompeo က ပြောဆိုခဲ့တာပါ။

လွတ်မြောက်ရေး အဖွဲ့တွေဘက်ကလား၊ ဒါမှမဟုတ်လည်း မာဒူရိုနဲ့ သူ့ရဲ့ဖျက်လိုဖျက်ဆီး ဘက်တော်သားတွေ ဘက် ကလားဆိုတာကို အချိန်မဆိုင်း ရိုးရိုးဖြောင့်ဖြောင့် ရပ်တည်ကြရမယ့်အချိန်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။ ၈ ရက် အတွင်း ရွေးကောက်ပွဲ မလုပ်ဘူးဆိုရင် အသက် ၃၅ နှစ် အရွယ် Guaido ကို သမ္မတအဖြစ် သတ်မှတ်မယ်လို့ မနေ့ စနေနေ့မှာ ဥရောပ အစိုးရအတော်များများက ပြောဆိုတဲ့အထဲမှာ ဗြိတိန်၊ စပိန်၊ ဂျာမနီနဲ့ ပြင်သစ်တို့လည်း ပါဝင်ပါတယ်။

လုံခြုံရေး ကောင်စီ အစည်းအဝေးခေါ်ဖို့ အမေရိကန်ပြည်ထောင်စုက တောင်းဆိုခဲ့တာပါ။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Pompeo နဲ့ အတူ ဗင်နီဇွဲလားဆိုင်ရာ အထူး ကိုယ်စားလှယ်အဖြစ် အသစ်ခန့်အပ်ခံထားရသူ Elliott Abrams လည်း အတူ တက်ရောက်ခဲ့ပါတယ်။

ဗင်နီဇွဲလား သမ္မတ Maduro အစိုးရ အုပ်ချုပ်မှုကြောင့် တရားမဝင် လူဆိုးနိုင်ငံ ဖြစ်နေ တယ် လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုလိုက်ပြီး ရုရှား၊ တရုတ်၊ အီရန်နဲ့ ကျူးဘားအပါအဝင် မာဒူရိုကို ထောက်ခံတဲ့ နိုင်ငံတွေကိုလည်း ဝေဖန်လိုက်ပါ တယ်။ အစိုးရ အပြောင်းအလဲဟာဆိုရင် အမေရိကန် အစိုးရကြိုက် ပထဝီ နိုင်ငံရေး ကစားကွက် တခုဖြစ်တယ်လို့ ရုရှား ကိုယ်စားလှယ် Vassily Nebenzia က တုံ့ပြန်ပြီး အမေရိကန် အစိုးရဘက်က ဗင်နီဇွဲလားကို စစ်ရေးအရ ကြားဝင်ဆောင်ရွက်ဖို့ ရှိလားဆိုတာကိုလည်း နိုင်ငံခြားရေး ဝန်ကြီး Pompeo ကို မေးမြန်းခဲ့ပါတယ်။

ဗင်နီဇွဲလား အတိုက်အခံကို ထောက်ခံကြဖို့ ကန်ဝန်ကြီးတိုက်တွန်း
please wait

No media source currently available

0:00 0:01:35 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG