သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သတင်းဖလှယ်မှု ထိန်းချုပ်တဲ့ အမိန့် ဗီယက်နမ် ပညာတတ်တွေ ကန့်ကွက်


ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့က အင်တာနက်ကဖေးဆိုင်တွင်း အင်တာနက်သုံးစွဲနေသူများကို တွေ့ရစဉ်။
ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့က အင်တာနက်ကဖေးဆိုင်တွင်း အင်တာနက်သုံးစွဲနေသူများကို တွေ့ရစဉ်။
ဗီယက်နမ်နိုင်ငံက အင်တာနက် လူမှုကွန်ရက်တွေပေါ်မှာ သတင်းနဲ့ အချက်အလက်တွေ ဖလှယ်တာကို ကန့်သတ်မှုတွေ ပါဝင်မယ့် အမိန့် ထုတ်ပြန်ချက် အသစ်တရပ်ကို ဗီယက်နမ် ပညာတတ်တွေနဲ့ ကျွမ်းကျင်သူ ရာပေါင်းများစွာက ကန့်ကွက် လိုက်ကြပါတယ်။ အမိန့်အမှတ် ၇၂ လို့ခေါ်တဲ့ ညွှန်ကြားချက် အသစ်ဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်ရာ ရောက်သလို၊ ဗီယက်နမ် ဥပဒေနဲ့ အခြေခံဥပဒေ သာမက နိုင်ငံတကာ လူ့အခွင့်အရေး စံတွေကိုလည်း ဖောက်ဖျက် ရာ ရောက်တယ် လို့ ပြည်တွင်းပြည်ပက ဗီယက်နမ်တွေက ကန့်ကွက်ခဲ့ကြ တာပါ။

အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတခုဖြစ်တဲ့ ဗီယက်နမ် သတင်းဆိုင်ရာ အသင်းရဲ့ ဥက္ကဋ္ဌလည်းဖြစ်၊ ဗီယက်နမ်နိုင်ငံ ဖွံ့ဖြိုးရေးဌာန အကြီးအကဲလည်းဖြစ်တဲ့ Nguyen Quang A ကတော့ အစိုးရက ဉာဏဥစ္စာပစ္စည်း အကာအကွယ်ပေးဖို့ ရည်ရွယ်တယ်လို့ ဆိုပေမဲ့ လက်တွေ့မှာ အခြေခံအခွင့်အရေးတွေကို ချိုးဖောက်တာသာ ဖြစ်တဲ့အကြောင်း ပြောပါတယ်။ ဆန့်ကျင်သူတွေက စုပေါင်းထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ကြောင့် အစိုးရရဲ့ သဘောထား ပြောင်းလဲတဲ့ အထိ ဖြစ်လာဖို့ မမျှော်လင့်ပေမဲ့လည်း အမိန့်သစ်နဲ့ ပတ်သက်လို့ လူတွေပိုပြီး သဘောပေါက်လာစေဖို့ ရည်ရွယ်တဲ့ အကြောင်းလည်း သူကပြောပါတယ်။

ဇူလိုင်လမှာ ကြေညာခဲ့ပြီး ရှေ့လထဲစတင်ကျင့်သုံးမယ့် အမိန့်အရ အင်တာနက် ဘလော့ဂ်တွေ လူမှုကွန်ရက် ဝဘ်ဆိုဒ်တွေမှာ ကိုယ်ပိုင်သတင်း အချက်အလက်တွေကိုသာ ဖလှယ်ဖို့ ပြဌာန်းထားပြီး သတင်းဌာနတွေ၊ အစိုးရဝဘ်ဆိုဒ်တွေက ဖော်ပြချက်တွေကို ကိုးကားတာမျိုး မလုပ်ဖို့လည်း တားမြစ်ထားပါတယ်။
XS
SM
MD
LG