သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗီယက်နမ်ရေဘေး လူ ၂၆ ယောက်ထက်မနည်း သေဆုံး


ဗီယက်နမ်နိုင်ငံအလယ်ပိုင်းမှာ ရက်ပေါင်းအတော်ကြာအောင် မိုးပြင်းပြင်းထန်းရွာသွန်းတဲ့အတွက် ရေကြီး၊ မြေပြိုမှုတွေဖြစ်ပွားပြီး လူ ၂၆ ယောက်ထက်မနည်း အသက်ဆုံးရှုံးခဲ့ပါတယ်။

သည်းထန်တဲ့မိုးကြောင့် ရေတက်လာတဲ့အတွက် ဒေသခံ ၇,၀၀၀ လောက်ကို နေအိမ်တွေကနေ ပြောင်းရွှေ့ကယ်ဆယ်ခဲ့ရတယ်လို့ အစိုးရတာဝန်ရှိသူတွေက စနေနေ့က ပြောပါတယ်။ ရေအတက်မြန်တဲ့အတွက် သူတို့ရဲ့နေအိမ်တွေကနေ ထွက်ပြေးဖို့ အချိန်လုံလုံလောက်လောက် မရခဲ့ဘူးလို့လည်း ဒုက္ခသည်တချို့က ပြောပါတယ်။ နာရီပိုင်းအတွင်းမှာကို အိမ်တွေ၊ ဈေးဆိုင်တွေနဲ့ စီးပွားရေး လုပ်ငန်းတွေမှာ ရေမြုပ်ပြီး လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ခဲ့တယ်လို့ ဆိုပါတယ်။

တချို့ရပ်ကွက်တွေမျာ လုံခြုံရေးတပ်ဖွဲ့တွေက လှေတွေသုံးပြီး ဒေသခံတွေရဲ့ လုံခြုံရေးအတွက် ကယ်ထုတ်ခဲ့ကြရပါတယ်။ ရေအားအသုံးပြုဖို့ တည်ဆောက်ထားတဲ့ ဆည်ကြီးတွေရဲ့ဂိတ်တံခါးတချို့ကိုဖွင့်ပြီး ရေထုတ်ခဲ့ တာကြောင့် ရေပိုကြီးခဲ့ရတယ်လို့ အစိုးရတာဝန်ရှိ ပုဂ္ဂိုလ်တချို့က ပြောဆိုပါတယ်။
XS
SM
MD
LG