သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်သမ္မတခရီးအကြို ဗီယက်နမ် နိုင်ကျဉ်းတဦး လွတ်မြောက်


ကက်သလစ် ဘုန်းတော်ကြီး Nguyen Van Ly ကို ၂၀၁၀ ပြည့်နှစ်က ရိုက်ကူးထားသော ဓါတ်ပုံ။ (REUTERS/Emanuel Nguyen Vinh Gioang)
ကက်သလစ် ဘုန်းတော်ကြီး Nguyen Van Ly ကို ၂၀၁၀ ပြည့်နှစ်က ရိုက်ကူးထားသော ဓါတ်ပုံ။ (REUTERS/Emanuel Nguyen Vinh Gioang)

ဗီယက်နမ်နိုင်ငံကို နိုင်ငံတော် ခရီးစဉ်အဖြစ် လာရောက်မယ့် အမေရိကန် သမ္မတအိုဘားမား မရောက် လာခင်လေးမှာပဲ၊ ဗီယက်နမ်နိုင်ငံက သက်တမ်း အရှည်ကြာဆုံးနိုင်ငံရေး အကျဉ်းသားတွေထဲက တဦးကို ပြန်လွှတ်ပေးလိုက်ပါတယ်။ ခရစ်ယာန် ကက်သလစ် တရားဟောဆရာ Nguyen Van Ly ဟာ သောကြာနေ့က ပြန်လွတ်လာပြီလို့ သူ့မိသားစုဝင်တွေက ပြောပါတယ်။

Nguyen Van Ly ဟာ ဗီယက်နမ်နိုင်ငံမှာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတွေ လုပ်ဖို့ ထောက်ခံအားပေး ခဲ့တဲ့အတွက် လွန်ခဲ့တဲ့ဆယ်စုနှစ်၂ ခု အတွင်း နှစ် အတော်ကြာ ဖမ်းခံရတာတွေ ၊ နေအိမ်အကျယ်ချုပ်ကျခံရတာတွေ နဲ့ ကြုံ ခဲ့ပါတယ်။

ဒါပေမဲ့ သူ့ကိုလွှတ်ပေးလိုက်တာဟာ ယာယီသာ ဖြစ်နိုင်ပြီး၊ သူကို ပြစ်ဒဏ် ၈ နှစ် ချထားတာကို ပြည့်အောင် သြဂုတ်လ ၁၀ ရက်နေ့မှာ အကျဉ်းထောင် ထဲ ပြန်သွားရနိုင်တယ်လို့ ငုယင်ဗန်လိုင်းရဲ့ ညီမဖြစ်သူက ပြောပါတယ်။

ကန်သမ္မတခရီးအကြို ဗီယက်နမ် နိုင်ကျဉ်းတဦး လွတ်မြောက်
please wait

No media source currently available

0:00 0:02:09 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG