သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗီယက်နမ်နဲ့ ထိုင်းမှာ ရေကြီး၊ လူသေဆုံးမှုရှိ


ဗီယက်နမ်နဲ့ ထိုင်းမှာ ရေကြီး၊ လူသေဆုံးမှုရှိ

ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းမှာ မြစ်ရေထပ်လျှံမှုကြောင့် လူ ၉ ဦး သေဆုံးခဲ့ပါတယ်။ ဖူယမ်၊ ဟန်ဟွာနဲ့ နင်သူ ပြည်နယ်တွေမှာ ရက်ပေါင်းများစွာ မိုးရွာသွန်းခဲ့ပြီး မြစ်ရေလျှံခဲ့မှုကြောင့် နောက်ထပ် လူ ၆ ယောက် ပျောက်ဆုံးနေတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

အခုလို ရေကြီးမှုကြောင့် လူပေါင်း ၃၄,၀၀၀ ကို သူတို့ နေအိမ်တွေကနေ ဘေးကင်းရာကို ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

အစောပိုင်းကလည်း အဲဒီဒေသမှာ မိုးကြီးပြီး မြစ်ရေလျှံခဲ့တာကြောင့် ခရီးသည် ၂၀ လိုက်ပါလာတဲ့ ဘတ်စ်ကားတစင်း အဝေးပြေး လမ်းမပေါ်ကနေ ရေနဲ့အတူ ပါသွားခဲ့မှု အပါအ၀င် မြစ်ရေကြီးမှုကြောင့် အနည်းဆုံး လူ ၁၄၃ ဦး သေဆုံးခဲ့ပါတယ်။

ဒီသတင်းနဲ့ တဆက်တည်း ထိုင်းနိုင်ငံ တောင်ပိုင်းမှာ အခုသီတင်းပတ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းတာကြောင့် လူ ၁၂ ယောက် သေဆုံးခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

ဟတ်ရိုင်မြို့က ရေကြီးမှုဟာ အခု သီတင်းပတ်အတွင်း နောက်ဆုံးဖြစ်ခဲ့တာဖြစ်ပြီး ထိုင်းနိုင်ငံ အရှေ့မြောက်နဲ့ အလယ်ပိုင်း အပါအ၀င် ထိုင်းနိုင်ငံတ၀န်း ပြီးခဲ့တဲ့ အောက်တိုဘာလက စပြီး ဖြစ်ခဲ့တဲ့ ဒီ ရာသီဥတု ဆိုးရွားမှုကြောင့် အခုဆိုရင် သေဆုံးသူပေါင်း ၁၂၂ ယောက် ရှိသွားပြီ ဖြစ်ပါတယ်။ ဒီလို ရာသီဥတု ဆိုးရွားတဲ့ အခြေအနေတွေကြောင့် လူပေါင်း ၂,၀၀၀,၀၀၀ လောက် ဒုက္ခရောက်ခဲ့ကြပါတယ်။

လူဦးရေ ၁၅၀,၀၀၀ ကျော်ရှိတဲ့ ဟတ်ရိုင်မြို့ဟာ ကမ္ဘာလှည့် ခရီးသွားတွေ လာရောက်တဲ့မြို့ဖြစ်ပြီး မိုး ၃ ရက်ဆက်တိုက် အဆက်မပြတ် ရွာသွန်းတာကြောင့် ၉ ပေလောက်အထိ ရေကြီးခဲ့ပါတယ်။

XS
SM
MD
LG