သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗီယက်နမ်မှာ ပထမဆုံး ဇီကာကူးစက်သူ တွေ့ရှိ


ပုံမှန်မဟုတ်တဲ့ သေးသိမ်တဲ့ ဦးခေါင်းပါတဲ့ ချို့ယွင်းမှုရှိတဲ့ ကလေးငယ်
ပုံမှန်မဟုတ်တဲ့ သေးသိမ်တဲ့ ဦးခေါင်းပါတဲ့ ချို့ယွင်းမှုရှိတဲ့ ကလေးငယ်

ဗီယက်နမ်နိုင်ငံမှာ ဇီကာရောဂါပိုးနဲ့ ဆက်နွယ်မှုရှိတဲ့ Microcephaly လို့ခေါ်တဲ့ ပုံမှန်မဟုတ်တဲ့ သေးသိမ်တဲ့ ဦးခေါင်းပါတဲ့ ချို့ယွင်းမှုရှိတဲ့ ကလေးငယ်တွေ မွေးဖွားတဲ့ ရောဂါသည်ကို ပထမဆုံးအကြိမ် တွေ့ရှိခဲ့ပါတယ်။ ဒါဟာ မြန်မာနိုင်ငံမှာ အလားတူ ဇီကာ ရောဂါပိုး ကူးစက်နေသူ နိုင်ငံခြားသူ အမျိုးသမီးတဦးကို တွေ့ရပြီးတဲ့နောက်မှာ ဗီယက်နမ်မှာလည်း အခုလို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ပထမဆုံး ဇီကာဗိုင်းရပ်စ်ရှိသူ မိခင်လောင်းတဦးကိုတွေ့ရှိပြီးတဲ့နောက် လာမယ့် ၆ လအတွင်း ရန်ကုန်မှာနေထိုင်ကြတဲ့ အမျိုးသမီးတွေကို ကိုယ်ဝန်မဆောင်ခင် ဆေးစစ်ချက်ရယူဖို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စိုးလွင်ငြိမ်းက သောကြာနေ့က သတင်းစာရှင်းလင်းပွဲအတွင်း ပြောခဲ့ပါတယ်။

ဇီကာရောဂါတွေ့ရတဲ့ အသက် ၃၂ နှစ်အရွယ် နိုင်ငံခြားသူဟာ ရန်ကုန်မှာ နေထိုင်နေတာ ၂ နှစ်ရှိနေပါပြီ။ သူဟာ လွန်ခဲ့တဲ့ သီတင်း နှစ်ပတ်တုန်းက နိုင်ငံခြားခရီးထွက်စဉ်မှာ ရောဂါကူးစက်ခံခဲ့ရတယ်လို့ ယူဆကြောင်း ဒေါက်တာ စိုးလွင်ငြိမ်းက ဆက်ပြောပါတယ်။

ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ကြိုတင်ကာကွယ်ရေးဆောင်ရွက်ချက်တွေကို စတင်မှာဖြစ်ကြောင်းနဲ့ လူနာရှိတဲ့မြို့က လူ ၃၀ ကျော်ကိုလည်း ဆေးစစ်ထားပါတယ်။

ဗီယက်နမ်မှာလည်း Microcephaly လို့ခေါ်တဲ့ ပုံမှန်အရွယ်အစားထက် ဦးခေါင်းသေးငယ်တဲ့ကလေးတွေကို မွေးဖွား စေတဲ့ ဇီကာဗိုင်းရပ်စ်ကို ပထမဆုံးတွေ့ရတာ ဖြစ်ဖွယ်ရှိကြောင်း ဗီယက်နမ် ကျန်းမာရေးဝန်ကြီးဌာနက တနင်္လာနေ့မှာ ထုတ်ပြန် ကြေညာ ပါတယ်။ လူနာကလေးဟာ လေးလသာရှိသေးပြီး မိခင်က သူ့ကို ကိုယ်ဝန်ဆောင်ထားချိန်မှာ ဇီကာဗိုင်းရပ် ကူးစက်ခံခဲ့ရသူ ဖြစ်ပါတယ်။

ဗီယက်နမ်နိုင်ငံအတွင်းမှာ ဇီကာဗိုင်းရပ်စ်ရရှိကြောင်း သတင်းပေးပို့သူ ၉ ဦး ရှိခဲ့ကြောင်းနဲ့ မကြာခင်ရက်တွေအတွင်း နောက်ထပ် အရေ အတွက် ပိုများလာနိုင်ဖွယ်ရှိကြောင်း ကျန်းမာရေးဌာန အမှုဆောင် ညွှန်ကြားရေးမှူး Tran Dac Phu က ရိုက်တာ သတင်းဌာနကို ပြောပါတယ်။ ဒီလအစောပိုင်းမှာပဲ ဗီယက်နမ်အစိုးရက ဇီကာဗိုင်းရပ်စ်ရဲ့ အန္တရာယ် အဆင့်သတ်မှတ်ချက်ကို တိုးမြှင့်သတ်မှတ်ပေးခဲ့ပြီး မိခင်လောင်းတွေကို တိုးပြီး စောင့်ကြည့်ခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG