သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

သက္ကယ္ျပင္မြတ္စလင္ရြာသား ၂၂ ဦးကို လူဝင္မႈႀကီးၾကပ္ေရးဥပေဒနဲ႔ အေရးယူ


သက္ကယ္ျပင္ဒုကၡသည္စခန္း

(Zawgyi / Unicode)

ဧရာဝတီတိုင္းေဒသႀကီး ပုသိမ္ၿမိဳ႕နယ္ ေရႊေသာင္ယံရဲစခန္းအပိုင္ ကမ္းေျခမွာ ဖမ္းဆီးခဲ့တဲ့ သက္ကယ္ျပင္ မြတ္စလင္ရြာသား ၂၂ ဦးကို ပုသိမ္ၿမိဳ႕နယ္ တရား႐ုံးက လူဝင္မႈႀကီးၾကပ္ေရးဥပေဒနဲ႔ တရားစြဲဆိုထားၿပီး အသက္မျပည့္ေသးသူ ၈ ေယာက္ကိုေတာ့ လူငယ္ျပဳျပင္ထိန္းသိမ္းေရးစခန္းမွာ ၂ ႏွစ္ ထိန္းသိမ္းဖို႔ ပို႔ေဆာင္လိုက္ၿပီ ျဖစ္ပါတယ္။ က်န္ရွိေနတဲ့ အသက္ ၁၈ ႏွစ္ျပည့္ၿပီးသူေတြကိုေတာ့ မၾကာခင္ စီရင္ခ်က္ခ်မွတ္ဖြယ္ ရွိေနပါတယ္။ ဒီသတင္းကိုေတာ့ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကုိမိုးေဇာ္က ရန္ကုန္ၿမိဳ႕ကေန သတင္းေပးပို႔ထားပါတယ္။

ရခိုင္ျပည္နယ္ ေျမာက္ပိုင္းက အစၥလာမ္ဘာသာဝင္ ၂၂ ဦးဟာ ဧရာဝတီတိုင္းေဒသႀကီး ပုသိမ္ၿမိဳ႕နယ္ ေရႊေသာင္ယံရဲစခန္းအပိုင္ ကမ္းေျခမွာ ဒီလ ၂၀ ရက္ေန႔က ဖမ္းဆီးခဲ့တာ ျဖစ္ပါတယ္။

သူတို႔ကို တဖက္ႏုိင္ငံက ခိုးဝင္လာသူေတြလို႔ သံသယနဲ႔ ဖမ္းဆီးတာျဖစ္ေပမယ့္ စစ္ေဆးၾကည့္တဲ့အခါ စစ္ေတြၿမိဳ႕အနီး သက္ကယ္ျပင္ေက်းရြာကျဖစ္ေၾကာင္း ေတြ႔ရွိရၿပီး လူဝင္မႈႀကီးၾကပ္ေရး ဥပေဒအရ ႐ုံးတင္စစ္ေဆးခဲ့ပါတယ္။

ပုသိမ္ၿမိဳ႕ တိုင္းရဲတပ္ဖြဲ႔က ဒုရဲမွဴးႀကီး ထြန္းေရႊကေတာ့ ဖမ္းဆီးခံထားရသူေတြထဲက အသက္မျပည့္ေသးသူေတြကို ေကာ့မွဴးၿမိဳ႕နယ္ ငွက္ေအာ္စမ္း လူငယ္ထိန္းသိမ္းေရးစခန္းကို ပို႔ေဆာင္ခဲ့ၿပီး က်န္သူေတြကေတာ့ စစ္ေဆးေနဆဲျဖစ္ေၾကာင္း ေျပာပါတယ္။

“လဝကကေနၿပီး ျပည္ေထာင္စုျမန္မာႏုိင္ငံအတြင္း ေနထိုင္သူမ်ား မွတ္ပုံတင္ေရး ဥပေဒ အက္ဥပေဒ ပုဒ္မ ၆(၁)၊ ၆(၂)၊ ၆(၃) တို႔နဲ႔ တရား႐ုံးကို ဦးတိုက္ေလၽွာက္ပါတယ္။ ကေလးေတြကိုက်ေတာ့ ေကာ့မွဴးၿမိဳ႕နယ္ ငွက္ေအာ္စမ္း လူငယ္ထိန္းသိမ္းေရးစခန္းမွာ ထိန္းသိမ္းဖို႔ အမိန႔္ခ်ထားတယ္။ အခု ၂၀၁၉ ႏုိဝင္ဘာ ၂၂ ရက္ေန႔ကေန ၂၀၂၁ ႏုိဝင္ဘာ ၂၂ ရက္ေန႔အထိ ထိန္းသိမ္းဖို႔ အမိန႔္ခ်ထားတယ္။ ၁၈ ႏွစ္ေအာက္က က်ား ၂ ေယာက္ရယ္ မ ၆ ဦးရယ္။ လူႀကီးေတြကေတာ့ စစ္ေဆးဆဲပဲေလ။”

အသက္မျပည့္ေသးသူ ေယာက္်ားေလး ၂ ေယာက္ကို ငွက္ေအာ္စမ္းကို ပို႔ေဆာင္ခဲ့ေပမယ့္ အမ်ိဳးသမီး ၆ ေယာက္ကိုေတာ့ ရန္ကုန္ၿမိဳ႕ ဗဟန္းက အမ်ိဳးသမီးေက်ာင္းကို ပို႔ေဆာင္ခဲ့တာ ျဖစ္ပါတယ္။

သူတို႔အမႈကို လိုက္ပါေဆာင္ရြက္ေနတဲ့ ဒီမိုကေရစီနဲ႔ လူ႔အခြင့္အေရးပါတီ အေထြေထြအတြင္းေရးမွဴး ဦးေက်ာ္စိုးေအာင္ကေတာ့ ၁၈ ႏွစ္ေအာက္ လူငယ္ေတြကို ဒီလ ၂၄ ရက္ေန႔က ပို႔လိုက္တာျဖစ္ေၾကာင္း ေျပာပါတယ္။

က်န္ရွိေနသူေတြရဲ႕ ေနာက္ဆုံးအေျခအေနကိုလည္း သူက အခုလို ဆက္ေျပာပါတယ္။

“ေလာေလာဆယ္ သူတို႔အတြက္ က်ေနာ္တို႔ လိုက္ေနတယ္။ ဒီေန႔ေတာ့ က်ေနာ္ကေတာ့ ေရွ႕ေနနဲ႔ ဖုန္းမဆက္ေသးဘူး။ ဒီေန႔ေတာ့ မသိေသးဘူး။ ဒီေန႔ တကယ္လို႔မ်ား မခ်ေသးဘူးဆိုရင္ မနက္ျဖန္ခ်မယ္။ ေထာင္က်မယ္ဆိုရင္လည္း က်ေနာ္တို႔က အယူခံဝင္မွာေပါ့ေနာ္။”

က်န္ရွိေနသူေတြဟာ အမ်ိဳးသား ၇ ေယာက္နဲ႔ အမ်ိဳးသမီး ၇ ေယာက္ျဖစ္ၿပီး ေသာၾကာေန႔မွာ ႐ံုးခ်ိန္းရိွေနတာ ျဖစ္ပါတယ္။

ဒီအမႈနဲ႔ပတ္သက္ၿပီး ပုသိမ္ၿမိဳ႕နယ္ တရား႐ုံးက ေျပာခြင့္ရသူကို တယ္လီဖုန္းနဲ႔ ဆက္သြယ္ေမးျမန္းခဲ့ေပမယ့္ လူကိုယ္တိုင္ လာေရာက္ေမးျမန္းဖို႔သာ အေၾကာင္းျပန္ၾကားခဲ့ပါတယ္။

ႏုိင္ငံတကာက ႐ုိဟင္ဂ်ာလို႔ ေခၚေဝၚေနတဲ့ ရခိုင္ျပည္နယ္ေျမာက္ပိုင္းက အစၥလာမ္ဘာသာဝင္ေတြဟာ သတ္မွတ္နယ္ေျမ ေက်ာ္လြန္ၿပီး ခရီးသြားလာခြင့္ မရပါဘူး။ ဒီလို နယ္ေျမေက်ာ္လြန္ သြားလာသူေတြကို ရခိုင္ျပည္နယ္နဲ႔ ဆက္စပ္ေနတဲ့ မေကြးနဲ႔ ဧရာဝတီတိုင္း ေဒသႀကီးေတြမွာ မၾကာခနဆိုသလို ဖမ္းဆီးတာေတြ ရွိခဲ့ပါတယ္။ ျမန္မာအစိုးရကေတာ့ ႐ုိဟင္ဂ်ာဆိုတဲ့ အသုံးအႏႈန္းကို လက္မခံဘဲ ရခိုင္ျပည္နယ္တြင္းက မြတ္စလင္အသိုင္းအဝိုင္းဆိုၿပီး သုံးႏႈန္းပါတယ္။

-----------------------------------

(Unicode)

သက်ကယ်ပြင်မွတ်စလင်ရွာသား ၂၂ ဦးကို လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ အရေးယူ

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် ရွှေသောင်ယံရဲစခန်းအပိုင် ကမ်းခြေမှာ ဖမ်းဆီးခဲ့တဲ့ သက်ကယ်ပြင် မွတ်စလင်ရွာသား ၂၂ ဦးကို ပုသိမ်မြို့နယ် တရားရုံးက လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ တရားစွဲဆိုထားပြီး အသက်မပြည့်သေးသူ ၈ ယောက်ကိုတော့ လူငယ်ပြုပြင်ထိန်းသိမ်းရေးစခန်းမှာ ၂ နှစ် ထိန်းသိမ်းဖို့ ပို့ဆောင်လိုက်ပြီ ဖြစ်ပါတယ်။ ကျန်ရှိနေတဲ့ အသက် ၁၈ နှစ်ပြည့်ပြီးသူတွေကိုတော့ မကြာခင် စီရင်ချက်ချမှတ်ဖွယ် ရှိနေပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းက အစ္စလာမ်ဘာသာဝင် ၂၂ ဦးဟာ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် ရွှေသောင်ယံရဲစခန်းအပိုင် ကမ်းခြေမှာ ဒီလ ၂၀ ရက်နေ့က ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

သူတို့ကို တဖက်နိုင်ငံက ခိုးဝင်လာသူတွေလို့ သံသယနဲ့ ဖမ်းဆီးတာဖြစ်ပေမယ့် စစ်ဆေးကြည့်တဲ့အခါ စစ်တွေမြို့အနီး သက်ကယ်ပြင်ကျေးရွာကဖြစ်ကြောင်း တွေ့ရှိရပြီး လူဝင်မှုကြီးကြပ်ရေး ဥပဒေအရ ရုံးတင်စစ်ဆေးခဲ့ပါတယ်။

ပုသိမ်မြို့ တိုင်းရဲတပ်ဖွဲ့က ဒုရဲမှူးကြီး ထွန်းရွှေကတော့ဖမ်းဆီးခံထားရသူတွေထဲက အသက်မပြည့်သေးသူတွေကို ကော့မှူးမြို့နယ် ငှက်အော်စမ်း လူငယ်ထိန်းသိမ်းရေးစခန်းကို ပို့ဆောင်ခဲ့ပြီး ကျန်သူတွေကတော့ စစ်ဆေးနေဆဲဖြစ်ကြောင်း ပြောပါတယ်။

“လဝကကနေပြီး ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး ဥပဒေ အက်ဥပဒေ ပုဒ်မ ၆(၁)၊ ၆(၂)၊ ၆(၃) တို့နဲ့ တရားရုံးကို ဦးတိုက်လျှောက်ပါတယ်။ ကလေးတွေကိုကျတော့ ကော့မှူးမြို့နယ် ငှက်အော်စမ်း လူငယ်ထိန်းသိမ်းရေးစခန်းမှာ ထိန်းသိမ်းဖို့ အမိန့်ချထားတယ်။ အခု ၂၀၁၉ နိုဝင်ဘာ ၂၂ ရက်နေ့ကနေ ၂၀၂၁ နိုဝင်ဘာ ၂၂ ရက်နေ့အထိ ထိန်းသိမ်းဖို့ အမိန့်ချထားတယ်။ ၁၈ နှစ်အောက်က ကျား ၂ ယောက်ရယ် မ ၆ ဦးရယ်။ လူကြီးတွေကတော့ စစ်ဆေးဆဲပဲလေ။”

အသက်မပြည့်သေးသူ ယောက်ျားလေး ၂ ယောက်ကို ငှက်အော်စမ်းကို ပို့ဆောင်ခဲ့ပေမယ့် အမျိုးသမီး ၆ ယောက်ကိုတော့ ရန်ကုန်မြို့ ဗဟန်းက အမျိုးသမီးကျောင်းကို ပို့ဆောင်ခဲ့တာ ဖြစ်ပါတယ်။

သူတို့အမှုကို လိုက်ပါဆောင်ရွက်နေတဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးကျော်စိုးအောင်ကတော့ ၁၈ နှစ်အောက် လူငယ်တွေကို ဒီလ ၂၄ ရက်နေ့က ပို့လိုက်တာဖြစ်ကြောင်း ပြောပါတယ်။

ကျန်ရှိနေသူတွေရဲ့ နောက်ဆုံးအခြေအနေကိုလည်း သူက အခုလို ဆက်ပြောပါတယ်။

“လောလောဆယ် သူတို့အတွက် ကျနော်တို့ လိုက်နေတယ်။ ဒီနေ့တော့ ကျနော်ကတော့ ရှေ့နေနဲ့ ဖုန်းမဆက်သေးဘူး။ ဒီနေ့တော့ မသိသေးဘူး။ ဒီနေ့ တကယ်လို့များ မချသေးဘူးဆိုရင် မနက်ဖြန်ချမယ်။ ထောင်ကျမယ်ဆိုရင်လည်း ကျနော်တို့က အယူခံဝင်မှာပေါ့နော်။”

ကျန်ရှိနေသူတွေဟာ အမျိုးသား ၇ ယောက်နဲ့ အမျိုးသမီး ၇ ယောက်ဖြစ်ပြီး သောကြာနေ့မှာ ရုံးချိန်းရှိနေတာ ဖြစ်ပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး ပုသိမ်မြို့နယ် တရားရုံးက ပြောခွင့်ရသူကို တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လူကိုယ်တိုင် လာရောက်မေးမြန်းဖို့သာ အကြောင်းပြန်ကြားခဲ့ပါတယ်။

နိုင်ငံတကာက ရိုဟင်ဂျာလို့ ခေါ်ဝေါ်နေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက အစ္စလာမ်ဘာသာဝင်တွေဟာ သတ်မှတ်နယ်မြေ ကျော်လွန်ပြီး ခရီးသွားလာခွင့် မရပါဘူး။ ဒီလို နယ်မြေကျော်လွန် သွားလာသူတွေကို ရခိုင်ပြည်နယ်နဲ့ ဆက်စပ်နေတဲ့ မကွေးနဲ့ ဧရာဝတီတိုင်း ဒေသကြီးတွေမှာ မကြာခနဆိုသလို ဖမ်းဆီးတာတွေ ရှိခဲ့ပါတယ်။ မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံဘဲ ရခိုင်ပြည်နယ်တွင်းက မွတ်စလင်အသိုင်းအဝိုင်းဆိုပြီး သုံးနှုန်းပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG