သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထင်ရှားတဲ့ ရုရှားသတင်းထောက် အဆိပ်ခတ်ခံရ


သတင်းထောက် Vladimir Kara-Murza
သတင်းထောက် Vladimir Kara-Murza

ထင်ရှားတဲ့ ရုရှားအတိုက်အခံနဲ့ အစိုးရကိုဝေဖန်သူ သတင်းထောက် Vladimir Kara-Murza ဟာ ပြင်းထန်တဲ့ အဆိပ်ခတ် ခံရတာ ကြောင့် မော်စကိုမြို့တော် က ဆေးရုံတခုမှာ အသည်းအသန် နာမကျန်းဖြစ်နေတယ်လို့ ဇနီးဖြစ်သူ ကပြောပါတယ်။

ဘာမှန်းမသိတဲ့အရာတခုကြောင့် ပြီးခဲ့တဲ့သီတင်းပတ်မှာ ခန္ဓာကိုယ်ကလီစာတွေ အကြီးအကျယ် ထိခိုက်သွားတာလို့ ဇနီးဖြစ်သူ Yevgenia Kara-Murza က အင်္ဂါနေ့မှာပြောပါတယ်။ သတင်းထောက် Kara-Murza ဟာ အမေရိကန်ခရီးစဉ်တခုထွက်ဖို့ နာရီပိုင်း အလိုမှာပဲ အဲဒီလိုဝေဒနာခံစားရတာလို့ ဆိုပါတယ်။ ရုတ်တရက် ချက်ချင်းလိုပဲ ကျန်းမာရေး ချို့ယွင်းလာတာကြောင့် အသက် ၃၅ နှစ်အရွယ် Kara-Murza ကို ဆေးဘက်ဝန်ထမ်းတွေ က ဆေးသွင်းပြီးတော့ အသိမဲ့အောင် လုပ်ထားလိုက်ရပါတယ်။

အဲဒီအချိန်ကစလို့ Kara-Murza ဟာ အသည်းအသန်ဖြစ်နေသေးပေမဲ့ တည်ငြိမ်တဲ့ အခြေအနေရှိလာပြီလို့ ဆိုပါတယ်။ ဒါပေမယ့်လည်း သူ့အခြေအနေ ဒါမှမဟုတ် နာမကျန်းမှုနဲ့ပတ်သက်ပြီး ဆေးဘက်ဆိုင်ရာ တရားဝင်ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

အဆိပ်ခတ်ခံရတာကို စစ်ဆေးတွေ့ရှိတဲ့အကြောင်း ဆရာဝန်တွေက အတည်ပြုတယ်လို့ ရဲတပ်ဖွဲ့က သူ့ကိုပြောတယ်ဆိုပြီး Kara-Murza ရဲ့ရှေ့နေ Vadim Prokhorov က Facebook မှာ အင်္ဂါနေ့နှောင်းပိုင်းက ရေးပါတယ်။ ဒါပေမယ့်လဲ ရှေ့နေရဲ့ပြောဆိုချက်နဲ့ ကိုက်ညီတဲ့ တရားဝင်ထုတ်ပြန်ချက် လုံး၀ ထွက်မလာသေးပါဘူး။

ခင်ပွန်းဖြစ်သူဟာ လွန်ခဲ့တဲ့နှစ်နှစ်နီးပါးက ခံစားခဲ့ရတဲ့ အသက်ဆုံး လုနီး ကျောက်ကပ်ချို့ယွင်းတဲ့ အခြေအနေမျိုးနဲ့ အလားတူ ဝေဒနာကို ပြီးခဲ့တဲ့သီတင်းပတ်က ခံစားခဲ့ရတာလို့ ဇနီးဖြစ်သူ Yevgenia Kara-Murza ကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG