သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၂၃ VMA ဂီတဆုချီးမြှင့်ပွဲ

အမေရိကန်ပြည်ထောင်စုမှာ စက်တင်ဘာလ ၁၂ ရက် အင်္ဂါညကကျင်းပခဲ့တဲ့ MTV ဂီတဗွီဒီယိုဆုပေးပွဲ VMA ဆုပေးပွဲမှာ ပေါ့ပ်အဆိုတော် တေလာဆွိဖ်က ဆုတွေအများကြီး ရရှိခဲ့ပါတယ်။ လူကြိုက်များတဲ့ သူ့သီချင်းအသစ် "Anti-Hero" အတွက် အကောင်းဆုံးဗွီဒီယိုဆု၊ အကောင်းဆုံး သီချင်းဆုတို့အပါအဝင် ဆုပေါင်း ၉ ဆု ရရှိခဲ့ပါတယ်။ တလောကပဲ စံချိန်တင်အောင်မြင်မှုတွေရခဲ့တဲ့ The Eras Tour ဖျော်ဖြေရေးခရီးစဥ် သွားနေတဲ့ တေလာဆွိဖ်က စုစုပေါင်းဆု ၁၁ ဆုအတွက် တစ်ကြိုပေးခံရတာ ဖြစ်ပါတယ်။ သူက တနှစ်တာအတွက် အကောင်းဆုံးအနုပညာရှင်ဆုကိုလည်း ရရှိသွားပါတယ်။

ဒီနှစ် VMA ဆုပေးပွဲမှာ Cardi B နဲ့ Demi Lovato လည်း ပါဝင်ဖျော်ဖြေခဲ့ပါတယ်။ ရပ်အဆိုတော် Sean "Diddy" Combsနဲ့ ကိုလံဘီယာအဆိုတော် ရှက်ကီယာတို့ကတော့ တသက်စာအောင်မြင်မှုဆု ရရှိသွားတာပါ။ VMA ဆုပေးပွဲမှာက ဆုရှင်တွေကို ပရိသတ်တွေက ရွေးချယ်တာဖြစ်ပါတယ်။


နောက်ထပ်ကြည့်ရှုရန်

XS
SM
MD
LG