သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Blackpink အဖွဲ့သတင်းကြောင့် အစုရှယ်ယာဈေးထိုးကျ


၂၀၂၂ ခုနှစ် MTV ဂီတဆုပေးပွဲကို တက်ရောက်လာတဲ့ Blackpink အဖွဲ့ဝင်များ (သြဂုတ် ၂၈၊ ၂၀၂၂)
၂၀၂၂ ခုနှစ် MTV ဂီတဆုပေးပွဲကို တက်ရောက်လာတဲ့ Blackpink အဖွဲ့ဝင်များ (သြဂုတ် ၂၈၊ ၂၀၂၂)

တောင်ကိုရီးယားနိုင်ငံက နာမည်ကျော် ဖျော်ဖြေရေးကုမ္ပဏီဖြစ်တဲ့ YG Entertainment ရဲ့ အစုရှယ်ယာဈေးတွေ ကျနေပါတယ်။ သူတို့ ကုမ္ပဏီက ထွက်တဲ့ Blackpink အဖွဲ့ထဲက တယောက်က သူ့ရဲ့ စာချုပ်ကို သက်တမ်းထပ်မတိုးတော့ဘူးလို့ သတင်းတွေထွက်ပြီးတဲ့နောက် စက်တင်ဘာ ၂၁ ရက်နေ့က အဆိုးဆုံး ဈေးကျပြီး ဈေးကွက်ပိတ်ချိန်မှာ ၁၃ % ထိုးကျဆင်းခဲ့တာပါ။

တောင်ကိုရီးယားဝမ်ငွေနဲ့ ၆၉,၂၀၀၊ ဒေါ်လာနဲ့ ၅၁.၆၈ ဒေါ်လာကို ကျဆင်းခဲ့တာ ဖြစ်ပြီး ဒါလပိုင်းအတွင်း အနိမ့်ဆုံးကို ကျတာဖြစ်ပါတယ်။ ဒီလို အစုရှယ်ယာဈေးကျတာ ဒီတခါတည်းမဟုတ်ပဲ လအစတုန်းကလည်း လီဆာ့သတင်းကြောင့် ဈေးက ၉% ကျခဲ့သေးတာပါ။ Blackpink အဖွဲ့ထဲက ထိုင်းမလေး လီဆာအဖွဲ့ထဲကထွက်ပြီး သူတဦးတည်း သီချင်းတွေဆိုဖို့ အစီအစဉ်ရှိတယ်ဆိုတာမျိုး သတင်းတွေထွက်နေတာ လပိုင်းရှိပါပြီ။

တောင်ကိုရီးယား သတင်းဌာနတခုဖြစ်တဲ့ The Daily Sports သတင်းလွှာက သတင်းထုတ်လိုက်တာပါ။ Blackpink အဖွဲ့ထဲက အဖွဲ့ဝင်တွေထဲမှာ တယောက်ကလွဲပြီး ကျန်တဲ့သူတွေ YG Entertainment နဲ့ အလုပ်မလုပ်တော့ဘူးလို့ နီးစပ်တဲ့ အနုပညာအသိုင်းအဝိုင်းတဲကသူတွေကို ကိုးကားပြီး သတင်းဖော်ပြခဲ့တာ ဖြစ်ပါတယ်။ လီဆာ့လိုပဲ ဂျန်နီ၊ ဂျီဆူးတို့လည်း တခြားနေရာတွေမှာ ပိုလုပ်ကိုင်လို့ ကောင်းမယ့် အခွင့်အရေးတွေကို ကြည့်နေကြတယ်၊ ရိုဇေးတယောက်ပဲ ဒီမှာကျန်ခဲ့မယ်ဆိုတဲ့ သတင်းတွေကြောင့် ဒီကုမ္ပဏီမှာ ရင်းနှီးမြှုပ်နှံထားသူတွေ စိုးရိမ်ကြတာ ဖြစ်ပါတယ်။ YG Entertainment ကတော့ သူတို့ညှိနှိုင်းနေဆဲပါ၊ နောက်ဆုံး ဆုံးဖြတ်ချက်တော့ မထွက်သေးပါဘူးလို့ ရိုက်တာသတင်းဌာနကို ပြောပါတယ်။

Blackpink အဖွဲ့ဟာ မနှစ်က အောက်တိုဘာကတည်းက Born Pink ကမ္ဘာတလွှား ဖျော်ဖြေရေးခရီးစဉ်ထွက်ပြီး ကမ္ဘာ့မြို့ကြီးတွေမှာ လှည့်ပတ်ဖျော်ဖြေနေခဲ့တာကနေ ဒီလမှာမှ တောင်ကိုရီးယားပွဲနဲ့ အဆုံးသတ်သွားတာပါ။ သူတို့ စုစုပေါင်း ပွဲ ၆၀ ကျော် ဖြေဖျော်ခဲ့ပါတယ်။

XS
SM
MD
LG