ဝေဝေဆာဆာ ပြည့်ပြည့်စုံစုံရေးထားတဲ့ သတင်းတွေကို အမေရိကန်ပြည်ထောင်စုက Smart ဖုန်းသုံးသူတွေ အချိန်ပေးဖတ်ကြတယ်လို့ Pew သုတေသနအဖွဲ့ရဲ့ သတင်းဆိုင်ရာ စစ်တမ်းလေ့လာမှုမှာ တွေ့ရှိပါတယ်။ သတင်း Website တွေဆီ စာဖတ်သူတွေရောက်လာအောင် လူမှုကွန်ယက်တွေက အဓိက ချိတ်ဆက်ပေးနေတာကိုလဲ တွေ့ရှိခဲ့ကြပါတယ်။ သတင်းဖတ်ကြသူတွေ ဘယ်လိုသတင်းမျိုးကို အချိန်ပိုပေးဖတ်ကြသလဲဆိုတာကို သိရအောင် မစုမြတ်မွန်က ဘလော်ဂါတွေပြောသမျှ အစီအစဉ်မှာ ပြောပြပါလိမ့်မယ်။