သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ုရွားေလေၾကာင္းရန္ကာကြယ္ေရး အကူအညီလိုအပ္ (ယူကရိန္းသမၼတ)


ယူကရိန္းသမၼတ Volodymyr Zelenskiy


[[Zawgyi/Unicode]]

“ယူကရိန္းအေပၚ ႐ုရွားရဲ႕ က်ဴးေက်ာ္ထိုးစစ္မွာ ႐ုရွားဒုံးက်ည္ေတြကို ကာကြယ္ဖို႔ ေနာက္ဆုံးေပၚ ေလေၾကာင္းရန္ကာကြယ္ေရးစနစ္ လိုအပ္ပါတယ္။ လက္နက္ေတြ ရယူေရးနဲ႔ ပတ္သက္ၿပီး မိတ္ဘက္ႏိုင္ငံေတြနဲ႔လည္း ေန႔စဥ္အဆက္အသြယ္ ျပဳလုပ္ေနပါတယ္..”လို႔ ယူကရိန္းသမၼတ Volodymyi Zelenskiy က ေျပာၾကားသြားပါတယ္။

...မိတ္ဘက္ႏိုင္ငံေတြအေနနဲ႔ တကယ္မိတ္ေဆြေကာင္းျဖစ္တယ္ဆိုရင္ ျမန္ျမန္လက္ေတြ႕လုပ္ေဆာင္ေပးဖို႔ လိုပါတယ္၊ ေဘးက အကဲခတ္ ၾကည့္ရႈေန႐ုံနဲ႔ မၿပီးပါဘူး” လို႔ သူ႔ရဲ႕ ညစဥ္ေျပာၾကားတဲ့ မိန႔္ခြန္းမွာ တနဂၤေႏြည ဇြန္ ၂၆ ညက ေျပာၾကားသြားၿပီး ႐ုရွားက ၂၄ နာရီ အခ်ိန္အတြင္း လက္နက္နဲ႔ ၇၂ ခ်က္ ပစ္ခဲ့တယ္လို႔ ဆိုပါတယ္။ ဂ်ာမနီႏိုင္ငံမွာ ထိပ္သီးေဆြးေႏြးပြဲ က်င္းပေနၾကတဲ့ ေခါင္းေဆာင္ေတြအေနနဲ႔ ႐ုရွားရဲ႕ ရန္လို က်ဴးေက်ာ္မႈကို တားဆီးႏိုင္မယ့္အေနအထား ရွိပါတယ္လို႔လည္း သူက ေျပာပါတယ္။

႐ုရွားက ၿပီးခဲ့တဲ့ သီတင္းပတ္ကုန္မွာ ယူကရိန္းကို ေလေၾကာင္းတိုက္ခိုက္မႈ တိုးျမႇင့္လုပ္ေဆာင္ခဲ့ၿပီး ႏိုင္ငံအေရွ႕ုျခမ္းက မဟာဗ်ဴဟာက်တဲ့ Sievierodonetsk ၿမိဳ႕လည္း ႐ုရွားလိုလားတဲ့ တပ္ဖြဲ႕ေတြလက္ေအာက္ အလုံးစုံ က်သြားတာပါ။

ဂ်ာမနီႏိုင္ငံမွာ G7 စက္မႈထိပ္သီးႏိုင္ငံမ်ားအစည္းအေဝး တက္ေရာက္လာတဲ့ အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္ကေတာ့ ယူကရိန္းႏိုင္ငံ ကီးယက္ဗ္ၿမိဳ႕ေတာ္ကို ႐ုရွားက ဒုံးက်ည္နဲ႔ ပစ္ခတ္တိုက္ခိုက္မႈကို ရည္ၫႊန္းၿပီး “ဒါ သူတို႔ လူ႐ိုင္းဆန္ဆန္လုပ္တာပဲ” လို႔ ေျပာသြားပါတယ္။ ဒုတိယကမာၻစစ္ႀကီးေနာက္ပိုင္း ဥေရာပတိုက္မွာ အႀကီးမားဆုံး စစ္ေရးပဋိပကၡျဖစ္တဲ့ ႐ုရွားက်ဴးေက်ာ္စစ္က ၅ လ ထဲဝင္လာခ်ိန္မွာ ယူကရိန္းကို ေထာက္ခံတဲ့ မဟာမိတ္ အေနာက္ႏိုင္ငံေခါင္းေဆာင္ေတြလည္း စစ္ပန္းလာတဲ့ပုံျပလာၾကၿပီး စစ္ပြဲႀကီးေၾကာင့္ စီးပြားေရးထိခိုက္နစ္နာမႈေတြကို ညည္းလာၾကတာေတြ႕ရပါတယ္။

တိုက္႐ိုက္ လင့္ခ္

==============


[[Unicode]]

ရုရှားလေကြောင်းရန်ကာကွယ်ရေး အကူအညီလိုအပ် (ယူကရိန်းသမ္မတ)


“ယူကရိန်းအပေါ် ရုရှားရဲ့ ကျူးကျော်ထိုးစစ်မှာ ရုရှားဒုံးကျည်တွေကို ကာကွယ်ဖို့ နောက်ဆုံးပေါ် လေကြောင်းရန်ကာကွယ်ရေးစနစ် လိုအပ်ပါတယ်။ လက်နက်တွေ ရယူရေးနဲ့ ပတ်သက်ပြီး မိတ်ဘက်နိုင်ငံတွေနဲ့လည်း နေ့စဉ်အဆက်အသွယ် ပြုလုပ်နေပါတယ်..”လို့ ယူကရိန်းသမ္မတ Volodymyi Zelenskiy က ပြောကြားသွားပါတယ်။

...မိတ်ဘက်နိုင်ငံတွေအနေနဲ့ တကယ်မိတ်ဆွေကောင်းဖြစ်တယ်ဆိုရင် မြန်မြန်လက်တွေ့လုပ်ဆောင်ပေးဖို့ လိုပါတယ်၊ ဘေးက အကဲခတ် ကြည့်ရှုနေရုံနဲ့ မပြီးပါဘူး” လို့ သူ့ရဲ့ ညစဉ်ပြောကြားတဲ့ မိန့်ခွန်းမှာ တနင်္ဂနွေည ဇွန် ၂၆ ညက ပြောကြားသွားပြီး ရုရှားက ၂၄ နာရီ အချိန်အတွင်း လက်နက်နဲ့ ၇၂ ချက် ပစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဂျာမနီနိုင်ငံမှာ ထိပ်သီးဆွေးနွေးပွဲ ကျင်းပနေကြတဲ့ ခေါင်းဆောင်တွေအနေနဲ့ ရုရှားရဲ့ ရန်လို ကျူးကျော်မှုကို တားဆီးနိုင်မယ့်အနေအထား ရှိပါတယ်လို့လည်း သူက ပြောပါတယ်။

ရုရှားက ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ ယူကရိန်းကို လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လုပ်ဆောင်ခဲ့ပြီး နိုင်ငံအရှေ့ုခြမ်းက မဟာဗျူဟာကျတဲ့ Sievierodonetsk မြို့လည်း ရုရှားလိုလားတဲ့ တပ်ဖွဲ့တွေလက်အောက် အလုံးစုံ ကျသွားတာပါ။

ဂျာမနီနိုင်ငံမှာ G7 စက်မှုထိပ်သီးနိုင်ငံများအစည်းအဝေး တက်ရောက်လာတဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကတော့ ယူကရိန်းနိုင်ငံ ကီးယက်ဗ်မြို့တော်ကို ရုရှားက ဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်မှုကို ရည်ညွှန်းပြီး “ဒါ သူတို့ လူရိုင်းဆန်ဆန်လုပ်တာပဲ” လို့ ပြောသွားပါတယ်။ ဒုတိယကမ္ဘာစစ်ကြီးနောက်ပိုင်း ဥရောပတိုက်မှာ အကြီးမားဆုံး စစ်ရေးပဋိပက္ခဖြစ်တဲ့ ရုရှားကျူးကျော်စစ်က ၅ လ ထဲဝင်လာချိန်မှာ ယူကရိန်းကို ထောက်ခံတဲ့ မဟာမိတ် အနောက်နိုင်ငံခေါင်းဆောင်တွေလည်း စစ်ပန်းလာတဲ့ပုံပြလာကြပြီး စစ်ပွဲကြီးကြောင့် စီးပွားရေးထိခိုက်နစ်နာမှုတွေကို ညည်းလာကြတာတွေ့ရပါတယ်။
==============

XS
SM
MD
LG