သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ုရွားရဲ႕ “Vostok-2022” ပူးတြဲ စစ္ေရးေလ့က်င့္မႈမွာ အိႏၵိယနဲ႔တ႐ုတ္ ပါဝင္မည္


႐ုရွား၊ တ႐ုတ္နဲ႔ မြန္ဂိုလီးယားသံုးႏုိင္ငံ ပူးတြဲစစ္ေေရးေလ့က်င့္ခဲ့တဲ့ ၂၀၁၈ ခုႏွစ္က Vostok 2018 စစ္ေရးျပျမင္ကြင္း။

[[Zawgyi/Unicode]]

စက္တင္ဘာ ၁ ရက္မွာစတင္မယ့္ သီတင္းတပတ္ၾကာ ႐ုရွားရဲ႕ “Vostok-2022” ပူးတြဲစစ္ေရးေလ့က်င့္မႈမွာ အိႏၵိယနဲ႔တ႐ုတ္တို႔ ပါဝင္မွာျဖစ္ေၾကာင္း ႐ုရွားအစိုးရသတင္းဌာန Tass မွာ ေဖၚျပထားပါတယ္။

႐ုရွားက ယူကရိန္းကို က်ဴးေက်ာ္တိုက္ခိုက္ေနခ်ိန္မွာျပဳလုပ္တဲ့ ဒီပူးတြဲစစ္ေရးေလ့က်င့္မႈမွာ တ႐ုတ္ရဲ႕ပါဝင္မႈအတြက္ မအံ့ၾသၾကေပမယ့္ အေမရိကန္နဲ႔ ခိုင္ မာတဲ့ မဟာဗ်ဴဟာမိတ္ေဆြအျဖစ္ရွိေနတဲ့ အိႏၵိယပါဝင္လာတာနဲ႔ပတ္သက္ၿပီး ေဝဖန္မႈေတြထြက္လာပါတယ္။

အိႏၵိယဟာ ၂၀၂၁ စက္တင္ဘာက ႐ုရွားမွာက်င္းပတဲ့ ႏိုင္ငံစုံပါဝင္တဲ့ Zapad စစ္ေရးေလ့က်င့္မႈမွာလည္း ပါဝင္ခဲ့တာပါ။ ဒါ့ေၾကာင့္ အခုလို ႐ုရွားရဲ႕ စစ္ေရးေလ့က်င့္မႈမွာ အိႏၵိယပါဝင္မႈဟာ မဆန္းေပမယ့္ ဒီတခါ စစ္ေရးေလ့က်င့္မႈမွာ ပါဝင္တာကေတာ့ ႏိုင္ငံေရးအရျဖစ္တယ္လို႔ အိႏၵိယသုေတသီေတြက သုံးသပ္ပါတယ္။

အိႏၵိယအစိုးရကေတာ့ ယူကရိန္းအေရးနဲ႔ပတ္သက္ၿပီး အိႏၵိယဟာ အေမရိကန္နဲ႔႐ုရွားၾကားမွာ ဘယ္ဘက္ကိုမွမလိုက္ဘဲ ၾကားေနအျဖစ္ ဆက္ရွိေနမွာ ျဖစ္ေၾကာင္း သူ႔ရပ္တည္ခ်က္ကို ေျပာၾကားထားပါတယ္။ ယူကရိန္းကို ႐ုရွားက်ဴးေက်ာ္မႈအတြက္ အေနာက္ႏိုင္ငံေတြက ႐ုရွားကိုရႈတ္ခ်ၿပီး ဒဏ္ခတ္အေရးယူမႈမွာ အိႏၵိယကမပါဝင္သလို ႐ုရွားဆီက ေလာင္စာဆီကို ဒီႏွစ္ထဲမွာပဲ ေလွ်ာ့ေဈးနဲ႔ တိုးျမႇင့္ဝယ္ယူခဲ့ပါတယ္။

အိႏၵိယဟာ Quad ေခၚ အေမရိကန္၊ ဂ်ပန္၊ Australia နဲ႔ အိႏၵိယ ၄ ႏိုင္ငံ ပါဝင္ တဲ့ အင္ဒိုပစိဖိတ္ မဟာဗ်ဴဟာ မဟာမိတ္အဖြဲ႕ဝင္ႏိုင္ငံျဖစ္ေနတာေၾကာင့္ ႐ုရွားနဲ႔ဆက္ဆံေရးဟာ စိန္ေခၚမႈတရပ္ျဖစ္ေနတာပါ။ ဒါေပမယ့္ အိမ္နီးခ်င္း တ႐ုတ္ နဲ႔ နယ္စပ္ျပႆနာေၾကာင့္ တင္းမာေနခ်ိန္မွာ ပထဝီအေနထား မဟာဗ်ဴဟာအရ ႐ုရွားနဲ႔ဆက္ဆံေရးကို အိႏၵိယက ေလာေလာဆယ္မွာေတာ့ အေျပာင္းအလဲ လုပ္ႏိုင္ေျခမရွိဘူးလို႔လည္း သုံးသပ္သူေတြက ခန႔္မွန္းၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

=================

[[Unicode]]

ရုရှားရဲ့ “Vostok-2022” ပူးတွဲ စစ်ရေးလေ့ကျင့်မှုမှာ အိန္ဒိယနဲ့တရုတ် ပါဝင်မည်

စက်တင်ဘာ ၁ ရက်မှာစတင်မယ့် သီတင်းတပတ်ကြာ ရုရှားရဲ့ “Vostok-2022” ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ အိန္ဒိယနဲ့တရုတ်တို့ ပါဝင်မှာဖြစ်ကြောင်း ရုရှားအစိုးရသတင်းဌာန Tass မှာ ဖေါ်ပြထားပါတယ်။

ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်နေချိန်မှာပြုလုပ်တဲ့ ဒီပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ တရုတ်ရဲ့ပါဝင်မှုအတွက် မအံ့သြကြပေမယ့် အမေရိကန်နဲ့ ခိုင် မာတဲ့ မဟာဗျူဟာမိတ်ဆွေအဖြစ်ရှိနေတဲ့ အိန္ဒိယပါဝင်လာတာနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေထွက်လာပါတယ်။

အိန္ဒိယဟာ ၂၀၂၁ စက်တင်ဘာက ရုရှားမှာကျင်းပတဲ့ နိုင်ငံစုံပါဝင်တဲ့ Zapad စစ်ရေးလေ့ကျင့်မှုမှာလည်း ပါဝင်ခဲ့တာပါ။ ဒါ့ကြောင့် အခုလို ရုရှားရဲ့ စစ်ရေးလေ့ကျင့်မှုမှာ အိန္ဒိယပါဝင်မှုဟာ မဆန်းပေမယ့် ဒီတခါ စစ်ရေးလေ့ကျင့်မှုမှာ ပါဝင်တာကတော့ နိုင်ငံရေးအရဖြစ်တယ်လို့ အိန္ဒိယသုတေသီတွေက သုံးသပ်ပါတယ်။

အိန္ဒိယအစိုးရကတော့ ယူကရိန်းအရေးနဲ့ပတ်သက်ပြီး အိန္ဒိယဟာ အမေရိကန်နဲ့ရုရှားကြားမှာ ဘယ်ဘက်ကိုမှမလိုက်ဘဲ ကြားနေအဖြစ် ဆက်ရှိနေမှာ ဖြစ်ကြောင်း သူ့ရပ်တည်ချက်ကို ပြောကြားထားပါတယ်။ ယူကရိန်းကို ရုရှားကျူးကျော်မှုအတွက် အနောက်နိုင်ငံတွေက ရုရှားကိုရှုတ်ချပြီး ဒဏ်ခတ်အရေးယူမှုမှာ အိန္ဒိယကမပါဝင်သလို ရုရှားဆီက လောင်စာဆီကို ဒီနှစ်ထဲမှာပဲ လျှော့ဈေးနဲ့ တိုးမြှင့်ဝယ်ယူခဲ့ပါတယ်။

အိန္ဒိယဟာ Quad ခေါ် အမေရိကန်၊ ဂျပန်၊ Australia နဲ့ အိန္ဒိယ ၄ နိုင်ငံ ပါဝင် တဲ့ အင်ဒိုပစိဖိတ် မဟာဗျူဟာ မဟာမိတ်အဖွဲ့ဝင်နိုင်ငံဖြစ်နေတာကြောင့် ရုရှားနဲ့ဆက်ဆံရေးဟာ စိန်ခေါ်မှုတရပ်ဖြစ်နေတာပါ။ ဒါပေမယ့် အိမ်နီးချင်း တရုတ် နဲ့ နယ်စပ်ပြဿနာကြောင့် တင်းမာနေချိန်မှာ ပထဝီအနေထား မဟာဗျူဟာအရ ရုရှားနဲ့ဆက်ဆံရေးကို အိန္ဒိယက လောလောဆယ်မှာတော့ အပြောင်းအလဲ လုပ်နိုင်ခြေမရှိဘူးလို့လည်း သုံးသပ်သူတွေက ခန့်မှန်းကြပါတယ်။

XS
SM
MD
LG