သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နှိပ်ကွပ်ခံ အရေးကြီး သတင်းသမား စာရင်းမှာ ဝလုံးနဲ့ ကျော်စိုးဦး ပါဝင်


သတင်းလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး ကမ္ဘာတဝှမ်း အနှိပ်ကွပ်ခံနေရတဲ့ သတင်းသမားတွေထဲက အရေးတကြီးအဖြစ်ဆုံး သတင်းသမား ၁၀ ဦးထဲမှာ မြန်မာနိုင်ငံက အဖမ်းခံနေရတဲ့ Reuters သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့လည်း ပါဝင်တယ်လို့ Reuters သတင်းမှာ မနေ့ကဖေါ်ပြထားပါတယ်။

AP, Reuters, Fobes နဲ့ Time အပါအဝင် နာမည်ကြီး သတင်းဌာနတွေ စုပေါင်းပြီး One Free Press Coalition ဆိုတဲ့ သတင်း လွတ်လပ်ခွင့် ညွန့်ပေါင်းအဖွဲ့ကို မကြာသေးခင်က ထူထောင်ခဲ့ပြီး ဒီညွန့်ပေါင်းအဖွဲ့ကနေ အနှိပ်ကွပ်ခံ အရေးတကြီး သတင်းသမား ၁၀ ဦး ရဲ့ အမည်စာရင်းကို မနေ့က ထုတ်ပြန်ခဲ့တာပါ။

ကမ္ဘာတဝှမ်း အဖိနှိပ်ခံ အရေးတကြီး သတင်းသမားတွေရဲ့ စာရင်းကို လစဉ်ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။ သတင်းလွတ်လပ်ခွင့် ညွန့်ပေါင်းအဖွဲ့ရဲ့ ပထမဆုံး ထုတ်ပြန်တဲ့ အရေးတကြီး သတင်းသမားတွေရဲ့စာရင်းထဲမှာ မြန်မာနိုင်ငံက ထောင် ၇ နှစ်ချခံထားရတဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ၂ဦးအပါအဝင်၊ ဖိလစ်ပိုင်နိုင်ငံက ၂ ဦး၊ ဗီယက်နမ်နိုင်ငံက ၁ဦး၊ တူရကီနိုင်ငံက ဆော်ဒီသံရုံးမှာ အသတ်ခံလိုက်ရတဲ့ Jamal Khashoggi အပါအဝင် ဆော်ဒီအာရေးဗျက ၂ဦး၊ ကိုလံဘီယာ၊ တောင်ဆူဒန်၊ တူရကီ၊ ကမ်မရွမ်းနဲ့ မော်ရီတေးနီးယားနိုင်ငံတွေက သတင်းထောက်တဦးစီပါဝင်ပါတယ်။

ပြည်သူတွေကို သတင်းတွေ တင်ပြနိုင်ဖို့ ကြိုးပမ်းမှုကြောင့် အဖမ်းဆီးခံ၊ အနှိပ်စက်ခံ၊ အသတ်ခံခဲ့ရတဲ့ ကမ္ဘာတဝှမ်းက သတင်းသမားတွေရဲ့ အခြေအနေတွေကို အဆက်မပြတ်သိနေနိုင်အောင် One Free Press Coalition ညွန့်ပေါင်းအဖွဲ့က လစဉ် စာရင်းထုတ်ပြန်သွားမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG