[[Zawgyi/Unicode]]
ယူကရိန္းကိုက်ဴးေက်ာ္တိုက္ခိုက္ေနတဲ့ စစ္ပဲြဟာကန္႔အသတ္မရွိ ရွည္ၾကာႏိုင္တယ္လို႔ ႐ုရွားေၾကးစားတပ္ Wagner Group ေခါင္းေဆာင္ Yevgeny Prigozhin ကေသာၾကာေန႔ေႏွာင္းပိုင္းမွာ တြက္ခ်က္ေျပာဆိုခဲ့တယ္။
ဒုန္ဘက္ေဒသတခုလုံးကိုထိန္းခ်ဳပ္ႏိုင္ဖို႔ဆိုရင္ ၁ ႏွစ္ခဲြကေန ၂ ႏွစ္ေလာက္အထိၾကာရွည္ႏိုင္ၿပီး ယူကရိန္း Dnieper ျဖစ္ရဲ႕ အေရွ႕ဘက္ျခမ္းနယ္ေျမခ်ဲ႕အထိ ခ်ဲ႕ထြင္သိမ္းပိုက္ဖို႔ဆိုရင္ ေနာက္ထပ္ ၃ ႏွစ္ ေလာက္ ၾကာႏိုင္ တယ္လို႔ေျပာဆိုပါတယ္။
ၿဗိတိန္ကာကြယ္ေရးဝန္ႀကီးဌာနကေတာ့ အက်ဥ္းသားေတြကို စစ္သားအျဖစ္အသုံးျပဳဖို႔ လူသစ္စုေဆာင္းတာေတြဟာ ၿပီးခဲ့တဲ့ ၂၀၂၂ ခုႏွစ္၊ ဒီဇင္ဘာလကတည္းကစတင္ ေလွ်ာ့က်လာခဲ့တယ္လို႔ စေနေန႔တုန္းက ေျပာဆိုခဲ့ပါတယ္။ ယူကရိန္းစစ္ပဲြမွာပါဝင္ေနတဲ့ Wagner ေၾကးစားတပ္ဖဲြ႔အတြင္း အခက္အခဲေတြရွိလာတာေၾကာင့္ အက်ဥ္းသားေတြနဲ႔ အျခားလူသစ္စုေဆာင္းတာေတြ ေလ်ာ့က်လာတာျဖစ္ႏိုင္တယ္လို႔လည္း ခန္႔မွန္းထားပါတယ္။
႐ုရွားအေနနဲ႔ စစ္ေရးရည္မွန္းခ်က္ေတြကိုေလွ်ာ့ၿပီး တပ္အင္အားကိုေလွ်ာ့ခ်မလား၊ ဒါမွမဟုတ္ ဆက္ၿပီး အင္အားအမ်ားအျပားစုစည္းမလားဆိုတာ ေရြးရခက္ေနတယ္လို႔လည္း ၿဗိတိသွ်ကာကြယ္ေရးဝန္ႀကီးဌာနက ေျပာပါတယ္။
ယူကရိန္းစစ္ဦးစီးခ်ဳပ္ကေတာ့ Kupiansk, Lyman တို႔အပါအဝင္ ယူကရိန္းအေရွနဲ႔ အေရွ႕ေျမာက္ေဒသကို ဦးတည္ၿပီး ထိုးစစ္ေတြအတြက္ ႐ုရွားဟာ စစ္အင္အားျဖည့္တင္းေနတယ္လို႔ စေနေန႔ကေျပာဆိုခဲ့ပါတယ္။
===============
[[Unicode]]
ယူကရိန်းစစ်ပွဲ ရှည်ကြာဖို့ရှိသလား
ယူကရိန်းကိုကျူးကျော်တိုက်ခိုက်နေတဲ့ စစ်ပွဲဟာကန့်အသတ်မရှိ ရှည်ကြာနိုင်တယ်လို့ ရုရှားကြေးစားတပ် Wagner Group ခေါင်းဆောင် Yevgeny Prigozhin ကသောကြာနေ့နှောင်းပိုင်းမှာ တွက်ချက်ပြောဆိုခဲ့တယ်။
ဒုန်ဘက်ဒေသတခုလုံးကိုထိန်းချုပ်နိုင်ဖို့ဆိုရင် ၁ နှစ်ခွဲကနေ ၂ နှစ်လောက်အထိကြာရှည်နိုင်ပြီး ယူကရိန်း Dnieper ဖြစ်ရဲ့ အရှေ့ဘက်ခြမ်းနယ်မြေချဲ့အထိ ချဲ့ထွင်သိမ်းပိုက်ဖို့ဆိုရင် နောက်ထပ် ၃ နှစ် လောက် ကြာနိုင် တယ်လို့ပြောဆိုပါတယ်။
ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနကတော့ အကျဉ်းသားတွေကို စစ်သားအဖြစ်အသုံးပြုဖို့ လူသစ်စုဆောင်းတာတွေဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလကတည်းကစတင် လျှော့ကျလာခဲ့တယ်လို့ စနေနေ့တုန်းက ပြောဆိုခဲ့ပါတယ်။ ယူကရိန်းစစ်ပွဲမှာပါဝင်နေတဲ့ Wagner ကြေးစားတပ်ဖွဲ့အတွင်း အခက်အခဲတွေရှိလာတာကြောင့် အကျဉ်းသားတွေနဲ့ အခြားလူသစ်စုဆောင်းတာတွေ လျော့ကျလာတာဖြစ်နိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။
ရုရှားအနေနဲ့ စစ်ရေးရည်မှန်းချက်တွေကိုလျှော့ပြီး တပ်အင်အားကိုလျှော့ချမလား၊ ဒါမှမဟုတ် ဆက်ပြီး အင်အားအများအပြားစုစည်းမလားဆိုတာ ရွေးရခက်နေတယ်လို့လည်း ဗြိတိသျှကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
ယူကရိန်းစစ်ဦးစီးချုပ်ကတော့ Kupiansk, Lyman တို့အပါအဝင် ယူကရိန်းအရှေနဲ့ အရှေ့မြောက်ဒေသကို ဦးတည်ပြီး ထိုးစစ်တွေအတွက် ရုရှားဟာ စစ်အင်အားဖြည့်တင်းနေတယ်လို့ စနေနေ့ကပြောဆိုခဲ့ပါတယ်။