သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

၀ါးစိမ္းေတာင္ စီမံကိန္း ခြင့့္ျပဳခ်က္ စစ္ကုိင္းတုိင္းအစုိးရ ျပန္လည္႐ုပ္သိမ္း


စက္တင္ဘာလ ၃၀ရက္ေန႔က ၀ါးစိမ္းေတာင္စီမံကိန္းအတြက္ ဆႏၵျပ

စစ္ကုိင္းတုိင္း၊ ယင္းမာပင္ၿမိဳ႕နယ္၊ ဝါးစိမ္းေတာင္ေဒသမွာ ဓာတ္သတၳဳစမ္းသပ္ဖုိ႔ စစ္ကုိင္းတုိင္းအစုိးရက ခြင့္ျပဳေပးလိုက္တာေၾကာင့္ ေဒသခံ တေထာင္နီးပါးက စက္တင္ဘာလ ၃၀ရက္ေန႔မွာ ကန္႔ကြက္ေၾကာင္းဆႏၵျပခဲ့ၿပီးတဲ့ေနာက္ အဲဒီ ဆုံးျဖတ္ခ်က္ကုိ စစ္ကုိင္းတုိင္းအစုိးရက ျပန္ျပင္လုိက္ပါတယ္။ မနန္းေလာင္၀္က ေျပာျပမွာပါ

မူလက ဒီေဒသမွာ တရုတ္ကုမၸဏီတခုက ဓာတ္သတၳဳစမ္းသပ္မယ့္အစီအစဥ္ကုိ ကန္႔ကြက္ရန္မရွိေၾကာင္း စစ္ကုိင္းတုိင္းအစုိးရက ျပည္ေထာင္စုအစုိးရကုိ အေၾကာင္းျပန္ခဲ့တာေၾကာင့္ ဒီအစီအစဥ္စတင္မယ့္ကိစၥကုိ ေဒသခံေတြ ကန္႔ကြက္ဆႏၵျပၾကတဲ့ စက္တင္ဘာ ၃၀ ရက္၊ တနလၤာေန႔မွာဘဲ ဒီစီမံကိန္းနဲ႔ပတ္သက္ၿပီး ကန္႔ကြက္ရန္ မရွိေၾကာင္း သေဘာထားကို ျပန္လည္ပယ္ဖ်က္ေၾကာင္း သယံဇာတႏွင့္သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရး ဝန္ႀကီးဌာနကုိ စစ္ကုိင္းတိုင္းအစုိးရက သေဘာထားေပးပို႔ခဲ့ပါတယ္။

စစ္ကုိင္းတုိင္းအစုိးရရဲ႕ မေန႔ကျပဳလုပ္တဲ့အစည္းအေဝးမွာ ေဒသခံေတြရဲ႕သေဘာထားကိုေရွးရႈၿပီး အရင္ကသေဘာထားေပးပို႔မႈကို ပယ္ဖ်က္ခဲ့တယ္လို႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။ အခုလိုသေဘာထားထုတ္ျပန္လိုက္တာက ဒီစီမံကိန္းလုပ္ျခင္း၊ မလုပ္ျခင္းနဲ႔မသက္ဆုိင္ဘဲ လတ္တေလာမွာ ဆုိင္းငံ့လိုက္တာလို႔ စစ္ကုိင္းတုိင္းစည္ပင္ဝန္ႀကီး ဦးျမင့္ၾကည္က ဗီြအုိေအကို အခုလုိ ေျပာပါတယ္။

“ေစာေစာကေတာ့ တုိ႔ကသေဘာထားဆိုတာ ကန္႔ကြက္ရန္မရွိဘူးဆုိတာ ႏုိင္ငံေတာ္ ကေနၿပီး လုပ္တယ္ဆိုလည္း တို႔တုိင္းအေနနဲ႔က ကန္႔ကြက္ရန္မရွိဘူးဆုိတဲ့သေဘာပါ။ ဒါေပမယ့္ အခုဟာက ျပည္သူကေန ဒီလို သေဘာထားထုတ္ျပန္တာကို သူတို႔အေနနဲ႔မလိုလားဘူး။ ဒါႀကီး ထုတ္လုပ္မယ္ ထင္တယ္ဆုိေတာ့ ျပန္တင္ျပလိုက္တာပါ အစည္းအေဝးဆံုးျဖတ္ခ်က္အေနနဲ႔။ ျပည္သူေတြ သေဘာမတူဘူးဆိုရင္လည္း ဒါႀကီးက ႏုိင္ငံေတာ္အတြက္လုပ္စရာမလိုဘူးေပါ့ေနာ္။ ဒါေၾကာင့္ ကန္႔ကြက္တာဆုိတာလည္း မဟုတ္ဘူး။ ဆိုလုိတာ ထုတ္လုပ္ခြင့္မျပဳတာမဟုတ္ဘူးေပါ့။ ဒီသေဘာထားကို တို႔ကလတ္တေလာအေနနဲ႔ ဆုိင္းငံ့လိုက္တဲ့သေဘာ။”

တိုင္းေဒသႀကီးအေနနဲ႔ကေတာ့ ျပည္သူေတြနဲ႔ ႏုိင္ငံေတာ္ၾကားထဲမွာ ညွိႏႈိင္းေဆာင္ရြက္ေပးတာျဖစ္ၿပီး၊ ႏုိင္ငံေတာ္က အခုစီမံကိန္းကို မျဖစ္မေနလုပ္ရမယ္ေျပာလာခဲ့ရင္လည္း ဒါကို ျပည္ေထာင္စုက ဆံုးျဖတ္ရမွာျဖစ္တယ္လို႔ စည္ပင္ဝန္ႀကီးက ဆုိပါတယ္။ စစ္ကုိင္းတုိင္းေဒသႀကီးအစုိးရအေနနဲ႔ကေတာ့ ဒီစီမံကိန္းအေပၚ ေဒသခံေတြကန္႔ကြက္ေနတဲ့အတြက္ သေဘာထားမွတ္ခ်က္ျပန္လည္ေပးပို႔ လိုက္တာလို႔ ေျပာပါတယ္။

အခု ဝါးစိမ္းေတာင္စီမံကိန္းက ယင္းမာပင္၊ ဆားလင္းႀကီးနဲ႔ ကနီၿမိဳ႕နယ္က ေျမဧရိယာ ၂ေသာင္းေက်ာ္မွာ ေၾကးနီစမ္းသပ္ ရွာေဖြဖုိ႔အတြက္ ျမန္မာယန္စီကုမၸဏီကို ခြင့္ျပဳအၿပီးမွာ ေဒသခံျပည္သူေတြ၊ သဘာ၀ပတ္၀န္းက်င္ ထိန္းသိမ္းေရးအဖြဲ႔ေတြက ကန္႔ကြက္ ဆႏၵျပခဲ့ၾကတာပါ။

...........................

{Unicode}

ဝါးစိမ်းတောင် စီမံကိန်း ခွင့်ပြုချက် စစ်ကိုင်းတိုင်းအစိုးရ ပြန်လည်ရုပ်သိမ်း

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဝါးစိမ်းတောင်ဒေသမှာ ဓာတ်သတ္ထုစမ်းသပ်ဖို့ စစ်ကိုင်းတိုင်းအစိုးရက ခွင့်ပြုပေးလိုက်တာကြောင့် ဒေသခံ တထောင်နီးပါးက စက်တင်ဘာလ ၃၀ရက်နေ့မှာ ကန့်ကွက်ကြောင်းဆန္ဒပြခဲ့ပြီးတဲ့နောက် အဲဒီ ဆုံးဖြတ်ချက်ကို စစ်ကိုင်းတိုင်းအစိုးရက ပြန်ပြင်လိုက်ပါတယ်။ မနန်းလောင်ဝ်က ပြောပြမှာပါ

မူလက ဒီဒေသမှာ တရုတ်ကုမ္ပဏီတခုက ဓာတ်သတ္ထုစမ်းသပ်မယ့်အစီအစဉ်ကို ကန့်ကွက်ရန်မရှိကြောင်း စစ်ကိုင်းတိုင်းအစိုးရက ပြည်ထောင်စုအစိုးရကို အကြောင်းပြန်ခဲ့တာကြောင့် ဒီအစီအစဉ်စတင်မယ့်ကိစ္စကို ဒေသခံတွေ ကန့်ကွက်ဆန္ဒပြကြတဲ့ စက်တင်ဘာ ၃၀ ရက်၊ တနင်္လာနေ့မှာဘဲ ဒီစီမံကိန်းနဲ့ပတ်သက်ပြီး ကန့်ကွက်ရန် မရှိကြောင်း သဘောထားကို ပြန်လည်ပယ်ဖျက်ကြောင်း သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနကို စစ်ကိုင်းတိုင်းအစိုးရက သဘောထားပေးပို့ခဲ့ပါတယ်။

စစ်ကိုင်းတိုင်းအစိုးရရဲ့ မနေ့ကပြုလုပ်တဲ့အစည်းအဝေးမှာ ဒေသခံတွေရဲ့သဘောထားကိုရှေးရှုပြီး အရင်ကသဘောထားပေးပို့မှုကို ပယ်ဖျက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အခုလိုသဘောထားထုတ်ပြန်လိုက်တာက ဒီစီမံကိန်းလုပ်ခြင်း၊ မလုပ်ခြင်းနဲ့မသက်ဆိုင်ဘဲ လတ်တလောမှာ ဆိုင်းငံ့လိုက်တာလို့ စစ်ကိုင်းတိုင်းစည်ပင်ဝန်ကြီး ဦးမြင့်ကြည်က ဗွီအိုအေကို အခုလို ပြောပါတယ်။

“စောစောကတော့ တို့ကသဘောထားဆိုတာ ကန့်ကွက်ရန်မရှိဘူးဆိုတာ နိုင်ငံတော် ကနေပြီး လုပ်တယ်ဆိုလည်း တို့တိုင်းအနေနဲ့က ကန့်ကွက်ရန်မရှိဘူးဆိုတဲ့သဘောပါ။ ဒါပေမယ့် အခုဟာက ပြည်သူကနေ ဒီလို သဘောထားထုတ်ပြန်တာကို သူတို့အနေနဲ့မလိုလားဘူး။ ဒါကြီး ထုတ်လုပ်မယ် ထင်တယ်ဆိုတော့ ပြန်တင်ပြလိုက်တာပါ အစည်းအဝေးဆုံးဖြတ်ချက်အနေနဲ့။ ပြည်သူတွေ သဘောမတူဘူးဆိုရင်လည်း ဒါကြီးက နိုင်ငံတော်အတွက်လုပ်စရာမလိုဘူးပေါ့နော်။ ဒါကြောင့် ကန့်ကွက်တာဆိုတာလည်း မဟုတ်ဘူး။ ဆိုလိုတာ ထုတ်လုပ်ခွင့်မပြုတာမဟုတ်ဘူးပေါ့။ ဒီသဘောထားကို တို့ကလတ်တလောအနေနဲ့ ဆိုင်းငံ့လိုက်တဲ့သဘော။”

တိုင်းဒေသကြီးအနေနဲ့ကတော့ ပြည်သူတွေနဲ့ နိုင်ငံတော်ကြားထဲမှာ ညှိနှိုင်းဆောင်ရွက်ပေးတာဖြစ်ပြီး၊ နိုင်ငံတော်က အခုစီမံကိန်းကို မဖြစ်မနေလုပ်ရမယ်ပြောလာခဲ့ရင်လည်း ဒါကို ပြည်ထောင်စုက ဆုံးဖြတ်ရမှာဖြစ်တယ်လို့ စည်ပင်ဝန်ကြီးက ဆိုပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအနေနဲ့ကတော့ ဒီစီမံကိန်းအပေါ် ဒေသခံတွေကန့်ကွက်နေတဲ့အတွက် သဘောထားမှတ်ချက်ပြန်လည်ပေးပို့ လိုက်တာလို့ ပြောပါတယ်။

အခု ဝါးစိမ်းတောင်စီမံကိန်းက ယင်းမာပင်၊ ဆားလင်းကြီးနဲ့ ကနီမြို့နယ်က မြေဧရိယာ ၂သောင်းကျော်မှာ ကြေးနီစမ်းသပ် ရှာဖွေဖို့အတွက် မြန်မာယန်စီကုမ္ပဏီကို ခွင့်ပြုအပြီးမှာ ဒေသခံပြည်သူတွေ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တွေက ကန့်ကွက် ဆန္ဒပြခဲ့ကြတာပါ။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG